< ဆာလံ 6 >
1 ၁ အို ထာဝရဘုရား၊ ကျွန်တော်မျိုးအားအမျက်တော်ထွက်၍ ဆုံးမတော်မမူပါနှင့်။ အမျက်တော်ထွက်၍အပြစ်ဒဏ်ပေးတော် မမူပါနှင့်။
Yahweh, usinikemee ukiwa na hasira au usiniadhibu katika gadhabu yako.
2 ၂ ကျွန်တော်မျိုးသည်မောပန်းနွမ်းနယ်လျက်ရှိ သည်ဖြစ်၍ ကျွန်တော်မျိုးအားသနားတော်မူပါ။ လုံးဝအင်အားကုန်ခန်းလျက်ရှိသဖြင့် ပြန်လည်အင်အားပြည့်စေတော်မူပါ။
Unihurumie, Yahwe, kwa maana ni dhaifu; uniponye, Yahweh, kwa kuwa mifupa yangu ina tikisika.
3 ၃ ကျွန်တော်မျိုးသည်ကိုယ်စိတ်နှစ်ပါးပြင်းပြစွာ ဝေဒနာခံစားလျက်ရှိပါ၏။ အို ထာဝရဘုရား၊ အဘယ်ကာလကြာမှကျွန်တော်မျိုးအား ကူမတော်မူပါမည်နည်း။
Moyo wangu pia umesumbuka sana. Lakini wewe, Yahweh, mpaka lini hali hii itaendelea?
4 ၄ အို ထာဝရဘုရား၊ ကြွလာတော်မူ၍ကျွန်တော်မျိုးအားကယ်တော် မူပါ။ ကိုယ်တော်၏ကရုဏာတော်နှင့်အညီကျွန်တော် မျိုးအား သေဘေးမှကယ်ဆယ်တော်မူပါ။
Rudi, Yahweh! uniokoe. Uniokoe kwa sababu ya uaminifu wa agano lako!
5 ၅ မရဏာနိုင်ငံတွင်ကိုယ်တော်အား အောက်မေ့သတိရသူမရှိပါ။ ထိုအရပ်တွင်အဘယ်သူမျှကိုယ်တော်အား ထောမနာပြုနိုင်မည်မဟုတ်ပါ။ (Sheol )
kwa kuwa kifoni hakuna kumbukumbu lako. Kuzimuni ni nani atakaye kushukuru? (Sheol )
6 ၆ ကျွန်တော်မျိုးသည်ဝမ်းနည်းကြေကွဲမှုဖြင့် မောပန်းနွမ်းနယ်လျက်ရှိပါ၏။ ညတိုင်းပင်လျှင်ငိုယိုရသဖြင့်အိပ်ရာသည် စိုစွတ်လျက်ရှိပါ၏။ ကျွန်တော်မျိုး၏ခေါင်းအုံးသည်မျက်ရည် စိုရွှဲလျက်ရှိပါ၏။
Nimechoshwa na kuugua kwangu. Ninalowanisha kitanda changu kwa machozi usiku kucha; ninaosha kiti changu kwa machozi.
7 ၇ ရန်သူများကြောင့်ငိုယိုရသဖြင့်ကျွန်တော် မျိုး၏ မျက်စိများသည်ရောင်လျက်ရှိပါ၏။ ကြည့်၍ပင်မမြင်နိုင်ပါ။
Macho yangu yanafifia kwa kulia sana; yanazidi kuwa dhaifu kwa sababu ya adaui zangu.
8 ၈ အကျင့်ဆိုးယုတ်သူတို့၊ငါ့ထံမှထွက်သွား ကြလော့။ ထာဝရဘုရားသည်ငါ၏ငိုကြွေးသံကို ကြားတော်မူ၏။
Ondokeni kwangu, nyote mtendao maovu; kwa kuwa Yahweh amesikia sauti ya kilio changu.
9 ၉ ကူမတော်မူရန်ငါတောင်းလျှောက်သံကိုကြား တော်မူ၏။ ငါ၏ဆုတောင်းပတ္ထနာကိုနားညောင်းတော်မူမည်။
Yahweh amesikia malalamiko yangu kwa ajili ya huruma; Yahweh ameyapokea maombi yangu.
10 ၁၀ ငါ၏ရန်သူတို့သည်အရှက်တကွဲ အရေးနိမ့်ကြလိမ့်မည်။ သူတို့သည်တစ်ခဏချင်းတွင်ကစဥ့်ကရဲဖြစ်လျက် ပြေးရကြလိမ့်မည်။
Maadui zangu wote wataaibishwa na kuteswa sana. Watarudi nyuma na ghafra kufedheheshwa.