< ဆာလံ 59 >
1 ၁ ကျွန်တော်မျိုး၏ဘုရား၊ကျွန်တော်မျိုးအား ရန်သူတို့၏လက်မှကယ်တော်မူပါ။ ကျွန်တော်မျိုးအားတိုက်ခိုက်သူတို့၏ဘေးမှ ကွယ်ကာစောင့်ရှောက်တော်မူပါ။
၁ရှောလု စေလွှတ် သောသူတို့သည် ဒါဝိဒ် အသက်ကိုသတ် ခြင်းငှာ အိမ် ကို စောင့် ကြသောအခါ ဒါဝိဒ် စပ်ဆိုသောဆာလံ။ အို အကျွန်ုပ် ၏ဘုရား ၊ ရန်သူ တို့လက်မှ အကျွန်ုပ် ကို ကယ်နှုတ် တော်မူပါ။ အကျွန်ုပ် ကို ရန်ဘက် ပြုသောသူတို့ ၏ အပေါ် မှာ အကျွန်ုပ် ကို ချီးမြှောက် တော်မူပါ။
2 ၂ ဒုစရိုက်သမားတို့၏လက်မှကျွန်တော် မျိုးအား ကယ်တော်မူပါ။ လူသတ်သမားတို့၏ဘေးမှကယ်ဆယ်တော်မူပါ။
၂ဒုစရိုက် ကို ပြု သောသူတို့အထဲက အကျွန်ုပ် ကို နှုတ်ယူ ၍ ၊ အသက်ကိုသတ် လိုသောသူ တို့ လက်မှ ကယ်တင် တော်မူပါ။
3 ၃ ကျွန်တော်မျိုးအားထိုသူတို့တိုက်ခိုက်ရန် စောင့်လျက် နေကြသည်ကိုကြည့်တော်မူပါ။ ရက်စက်ကြမ်းကြုတ်သူတို့သည်ကျွန်တော်မျိုး အား တိုက်ခိုက်ရန်စုရုံးကြပါ၏။ အို ဘုရားသခင်၊ ထိုသူတို့သည်ကျွန်တော်မျိုးအားတိုက်ခိုက်ရန် လျင်မြန်စွာနေရာယူစုရုံးကြသည်မှာ ကျွန်တော်မျိုး၏ချွတ်ယွင်းမှုတစ်စုံတစ်ရာ ကြောင့် မဟုတ်ပါ။ ကျွန်တော်မျိုးပြုမိသည့်အပြစ်နှင့် မှားယွင်းမှုကြောင့်လည်းမဟုတ်ပါ။
၃သူတို့သည် အကျွန်ုပ် အသက် ကိုသတ် လို ၍ ချောင်း ကြည့် လျက် နေကြပါ၏။ အားကြီး သောသူတို့ သည်အကျွန်ုပ် တဘက် ၌ စည်းဝေးကြပါ၏။ အို ထာဝရဘုရား ၊ အကျွန်ုပ် မှားယွင်း သောကြောင့်မဟုတ် ပါ။ အကျွန်ုပ် အပြစ် ကြောင့်မဟုတ် ပါ။
၄အကျွန်ုပ်၌ အပြစ် မ ရှိဘဲ သူတို့သည် ပြေး လာ၍ ပြင်ဆင် ကြပါ၏။ အကျွန်ုပ် ကို ကူမ ခြင်းငှါ နိုး တော်မူပါ။ ကြည့်ရှု တော်မူပါ။
5 ၅ အို အနန္တတန်ခိုးရှင်ထာဝရဘုရားသခင်၊ နိုးထတော်မူ၍ကျွန်တော်မျိုးအားကူမရန် ကြွတော်မူပါ။ ဣသရေလအမျိုးသားတို့၏ဘုရား၊ ကိုယ်တော်တိုင် ရှုကြည့်တော်မူပါ။ နိုးထတော်မူ၍ဘုရားမဲ့သူတို့ကို အပြစ်ဒဏ်ခတ်တော်မူပါ။ ဆိုးယုတ်၍သစ္စာဖောက်သူတို့အား သနားတော်မမူပါနှင့်။
၅ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဘုံခြေအရှင် ဘုရားသခင် ထာဝရဘုရား ၊ သာသနာပ လူ အပေါင်း တို့ကို ဆုံးမ ခြင်းငှါ နိုး တော်မူပါ။ ဒုစရိုက် ၌ ကျင်လည်သောသူ တစုံ တယောက်ကိုမျှ သနား တော်မ မူပါနှင့်။
6 ၆ သူတို့သည်မြို့ထဲသို့ညဦးယံ၌ ပြန်လာ၍ခွေးများကဲ့သို့မာန်ဖီကာလှည့် လည် သွားလာကြပါ၏။
၆သူတို့သည် ညဦး ယံ၌ ပြန်လာ ၍၊ ခွေး ဘာသာ အတိုင်း မြည် လျက် မြို့ ကိုလှည့်ပတ် ကြပါစေသော။
7 ၇ သူတို့စော်ကားပြောဆိုခြိမ်းခြောက်သည်ကို ကြားတော်မူပါ။ သူတို့၏လျှာသည်ဋ္ဌားသဖွယ်ဖြစ်ပါ၏။ သို့သော်လည်းသူတို့က``ငါတို့စကားကို အဘယ်သူ ကြားပါမည်နည်း'' ဟုဆိုကြပါ၏။
၇ထိုသူ တို့သည် စော်ကား သော စကားကို ပြော ၍ ၊ သူ တို့နှုတ်ခမ်း တွင်ထား ပါလျက်အဘယ် သူကြား လိမ့်မည် နည်းဟု ဆိုတတ်ကြပါ၏။
8 ၈ သို့ရာတွင် အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်သူတို့ကိုကြည့်၍ ပြုံးရယ်တော်မူပါ၏။ ဘုရားမဲ့သူအပေါင်းတို့ကိုပြက်ရယ်ပြု တော်မူပါ၏။
၈သို့ရာတွင် ၊ အိုထာဝရဘုရား ၊ ကိုယ်တော် သည် သူ တို့ကို ပြုံးရယ် ၍ သာသနာပလူ အပေါင်း တို့ကို ကဲ့ရဲ့ တော်မူမည်။
9 ၉ ကျွန်တော်မျိုးသည်ကိုယ်တော်၏တန်ခိုးကို ယုံကြည်ကိုးစားပါ၏။ အို ဘုရားသခင်၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးခိုလှုံရာ ဖြစ်တော်မူပါ၏။
၉အို အကျွန်ုပ်အစွမ်း သတ္တိ၊ ကိုယ်တော် ကို မြော်လင့် ပါမည်။ ဘုရား သခင်သည် အကျွန်ုပ် ခိုလှုံ ရာဖြစ်တော်မူ၏။
10 ၁၀ ငါ၏ဘုရားသည်ငါ့ကိုချစ်၍ငါ့ထံသို့ ကြွလာတော်မူလိမ့်မည်။ ငါ၏ရန်သူများအရေးရှုံးနိမ့်ကြသည်ကို ငါ့အား တွေ့မြင်ခွင့်ကိုပေးတော်မူလိမ့်မည်။
၁၀ကရုဏာ အရှင် ဘုရား သခင်သည် အကျွန်ုပ် ကို ကူမခြင်းငှါကြွလာ တော်မူမည်။ ရန်သူ တို့ကို အကျွန်ုပ် ကြည့်ရှု ၍ အားရသောအခွင့် ရှိစေတော်မူမည်။
11 ၁၁ အို ဘုရားသခင်၊ သူတို့အားသတ်တော်မမူပါနှင့်။ သတ်လျှင်ကျွန်တော်မျိုး၏အမျိုးသားတို့သည် သတိမရဘဲမေ့သွားပါလိမ့်မည်။ ကျွန်တော်မျိုးအားကာကွယ်စောင့်ထိန်း တော်မူသောအရှင်၊ ကိုယ်တော်ရှင်၏တန်ခိုးတော်အားဖြင့် ထိုသူတို့ကိုကစဥ့်ကလျားဖြစ်စေတော် မူ၍ အရေးရှုံးနိမ့်စေတော်မူပါ။
၁၁အကျွန်ုပ် တို့ကို ကွယ်ကာ တော်မူသောဘုရား ရှင်၊ သူ တို့ကိုသတ် တော်မ မူပါနှင့်။ သတ်လျှင် အကျွန်ုပ် ၏ လူ တို့သည် သတိ လစ်ကြပါလိမ့်မည်။ တန်ခိုး တော်အားဖြင့် အရပ်ရပ်ကွဲပြား စေ၍ နှိမ့်ချ တော်မူပါ။
12 ၁၂ သူတို့၏နှုတ်၊သူတို့ပြောဆိုသမျှသောစကား အားဖြင့် အပြစ်ကူးကြပါ၏။ သူတို့သည်မိမိတို့၏မာန်မာနကျော့ကွင်းတွင်ပင် မိကြပါစေသော။ သူတို့သည်ကျိန်ဆဲ၍မုသားစကားကို ပြောဆိုတတ်ကြသဖြင့်
၁၂သူ တို့ပြောမိ သော စကား တည်းဟူသောသူ တို့ နှုတ် ၏အပြစ် ကြောင့် မိမိ တို့မာန တွင် ကျော့မိ ပါစေ သော။ သူတို့ ကျိန်ဆဲ သော စကားနှင့် မုသာ စကား ကြောင့်၊
13 ၁၃ ကိုယ်တော်ရှင်သည်အမျက်တော်ထွက်၍ သူတို့အား သုတ်သင်ဖျက်ဆီးပစ်တော်မူပါ။ အကုန်အစင်သုတ်သင်ဖျက်ဆီးပစ်တော်မူပါ။ ထိုအခါဘုရားသခင်သည် ဣသရေလအမျိုးသားတို့အားအုပ်စိုးလျက် နေတော်မူကြောင်းကိုလည်းကောင်း၊ ကိုယ်တော်၏အာဏာစက်သည်ကမ္ဘာတစ်ပြင်လုံး ပျံ့နှံ့လျက်ရှိတော်မူကြောင်းကိုလည်းကောင်း လူအပေါင်းတို့သိကြပါလိမ့်မည်။
၁၃အမျက် တော်အားဖြင့် ပျောက်ပျက် စေတော်မူပါ။ အကုန် အစင်ပျောက်ပျက် စေတော်မူပါ။ ဘုရား သခင်သည် ယာကုပ် အမျိုးမှစ၍ မြေကြီး စွန်း တိုင်အောင် အုပ်စိုး တော်မူကြောင်း ကို သူ တို့သည် သိ ကြ ပါစေသော။
14 ၁၄ ကျွန်တော်မျိုး၏ရန်သူတို့သည်မြို့ထဲသို့ ညဦးယံတွင်ပြန်လာ၍ခွေးများကဲ့သို့ မာန်ဖီကာလှည့်လည်ကြပါ၏။
၁၄ညဦး ယံ၌ ပြန်လာ ၍ ၊ ခွေး ဘာသာအတိုင်း မြည် လျက် မြို့ ကို လှည့် ပတ်ကြပါစေသော။
15 ၁၅ သူတို့သည်ခွေးများကဲ့သို့လှည့်လည်၍ အစားအစာရှာဖွေကြပါ၏။ အစားအစာလုံလောက်စွာမရကြပါမူ မာန်ဖီကြပါ၏။
၁၅အစာ ကို ရှာလျက် အရပ်ရပ် သို့ လည်၍မ ဝ ဘဲ တညဉ့်လုံး နေကြပါစေသော။
16 ၁၆ ကျွန်တော်မျိုးမူကားကိုယ်တော်ရှင်၏ တန်ခိုးတော် အကြောင်းသီချင်းဆိုပါမည်။ ကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော် အကြောင်းကို နံနက်တိုင်းရွှင်လန်းစွာသီချင်းဆိုပါမည်။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးခိုလှုံရာ ရဲတိုက်၊ ဒုက္ခရောက်ချိန်၌ကျွန်တော်မျိုးခိုကိုးရာ ဖြစ်တော်မူပါ၏။
၁၆အကျွန်ုပ် မူကား ၊ တန်ခိုး တော်ကို သီချင်း ဆိုပါမည်။ နံနက် ယံ၌ ကရုဏာ တော်ကို ရွှင်လန်းစွာ သီချင်း ဆိုပါမည်။ အကြောင်း မူကား၊ ဘေး ရောက်သောကာလ ၌ ကိုယ်တော်သည် အကျွန်ုပ် ခိုလှုံ ရာ ၊ ဘေး လွတ်ရာ ဖြစ် တော်မူ၏။
17 ၁၇ ကျွန်တော်မျိုး၏ဘက်မှခုခံကာကွယ်တော် မူသော အရှင်၊ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အား ထောမနာပြုပါမည်။ ကျွန်တော်မျိုးခိုလှုံရာကားကျွန်တော်မျိုးကို ချစ်တော်မူသောဘုရားသခင်ပေတည်း။
၁၇အိုအကျွန်ုပ် အစွမ်း သတ္တိ၊ ကိုယ်တော် ကို သီချင်း ဆိုပါမည်။ ဘုရား သခင်သည် အကျွန်ုပ် ခိုလှုံ ရာ ဖြစ်တော်မူ၏။ အကျွန်ုပ် ၌ ကရုဏာ အရှင် ဘုရား သခင်ဖြစ်တော်မူ၏။