< ဆာလံ 59 >

1 ကျွန်​တော်​မျိုး​၏​ဘု​ရား၊ကျွန်​တော်​မျိုး​အား ရန်​သူ​တို့​၏​လက်​မှ​ကယ်​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​အား​တိုက်​ခိုက်​သူ​တို့​၏​ဘေး​မှ ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​ပါ။
“For the leader of the music. To the tune of “Do not destroy.” A psalm of David, when Saul sent, and they watched the house to kill him.” Deliver me from my enemies, O my God! Defend me from them that rise up against me!
2 ဒု​စ​ရိုက်​သ​မား​တို့​၏​လက်​မှ​ကျွန်​တော် မျိုး​အား ကယ်​တော်​မူ​ပါ။ လူ​သတ်​သ​မား​တို့​၏​ဘေး​မှ​ကယ်​ဆယ်​တော်​မူ​ပါ။
Deliver me from the doers of iniquity, And save me from men of blood!
3 ကျွန်​တော်​မျိုး​အား​ထို​သူ​တို့​တိုက်​ခိုက်​ရန် စောင့်​လျက် နေ​ကြ​သည်​ကို​ကြည့်​တော်​မူ​ပါ။ ရက်​စက်​ကြမ်း​ကြုတ်​သူ​တို့​သည်​ကျွန်​တော်​မျိုး အား တိုက်​ခိုက်​ရန်​စု​ရုံး​ကြ​ပါ​၏။ အို ဘု​ရား​သ​ခင်၊ ထို​သူ​တို့​သည်​ကျွန်​တော်​မျိုး​အား​တိုက်​ခိုက်​ရန် လျင်​မြန်​စွာ​နေ​ရာ​ယူ​စု​ရုံး​ကြ​သည်​မှာ ကျွန်​တော်​မျိုး​၏​ချွတ်​ယွင်း​မှု​တစ်​စုံ​တစ်​ရာ ကြောင့် မ​ဟုတ်​ပါ။ ကျွန်​တော်​မျိုး​ပြု​မိ​သည့်​အ​ပြစ်​နှင့် မှား​ယွင်း​မှု​ကြောင့်​လည်း​မ​ဟုတ်​ပါ။
For, lo! they lie in wait for my life; The mighty are gathered against me, Without any offence or fault of mine, O LORD!
4
Without any offence of mine, they run and prepare themselves; Awake to help me, and behold!
5 အို အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သ​ခင်၊ နိုး​ထ​တော်​မူ​၍​ကျွန်​တော်​မျိုး​အား​ကူ​မ​ရန် ကြွ​တော်​မူ​ပါ။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား၊ ကိုယ်​တော်​တိုင် ရှု​ကြည့်​တော်​မူ​ပါ။ နိုး​ထ​တော်​မူ​၍​ဘု​ရား​မဲ့​သူ​တို့​ကို အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​ပါ။ ဆိုး​ယုတ်​၍​သစ္စာ​ဖောက်​သူ​တို့​အား သ​နား​တော်​မ​မူ​ပါ​နှင့်။
Do thou, O Jehovah, God of hosts, God of Israel, Awake to punish all the nations! Show no mercy to any wicked transgressors! (Pause)
6 သူ​တို့​သည်​မြို့​ထဲ​သို့​ည​ဦး​ယံ​၌ ပြန်​လာ​၍​ခွေး​များ​ကဲ့​သို့​မာန်​ဖီ​ကာ​လှည့် လည် သွား​လာ​ကြ​ပါ​၏။
Let them return at evening, Let them howl like dogs, And go round about the city!
7 သူ​တို့​စော်​ကား​ပြော​ဆို​ခြိမ်း​ခြောက်​သည်​ကို ကြား​တော်​မူ​ပါ။ သူ​တို့​၏​လျှာ​သည်​ဋ္ဌား​သ​ဖွယ်​ဖြစ်​ပါ​၏။ သို့​သော်​လည်း​သူ​တို့​က``ငါ​တို့​စ​ကား​ကို အ​ဘယ်​သူ ကြား​ပါ​မည်​နည်း'' ဟု​ဆို​ကြ​ပါ​၏။
Behold! with their mouths they belch out malice; Swords are upon their lips; “For who,” say they, “will hear?”
8 သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​သူ​တို့​ကို​ကြည့်​၍ ပြုံး​ရယ်​တော်​မူ​ပါ​၏။ ဘု​ရား​မဲ့​သူ​အ​ပေါင်း​တို့​ကို​ပြက်​ရယ်​ပြု တော်​မူ​ပါ​၏။
Yet thou, O LORD! wilt laugh at them; Thou wilt hold all the nations in derision!
9 ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​၏​တန်​ခိုး​ကို ယုံ​ကြည်​ကိုး​စား​ပါ​၏။ အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ခို​လှုံ​ရာ ဖြစ်​တော်​မူ​ပါ​၏။
O my Strength! to thee will I look! For God is my defence;
10 ၁၀ ငါ​၏​ဘု​ရား​သည်​ငါ့​ကို​ချစ်​၍​ငါ့​ထံ​သို့ ကြွ​လာ​တော်​မူ​လိမ့်​မည်။ ငါ​၏​ရန်​သူ​များ​အ​ရေး​ရှုံး​နိမ့်​ကြ​သည်​ကို ငါ့​အား တွေ့​မြင်​ခွင့်​ကို​ပေး​တော်​မူ​လိမ့်​မည်။
My God will come to meet me with his mercy; God will cause me to look with joy upon my enemies.
11 ၁၁ အို ဘု​ရား​သ​ခင်၊ သူ​တို့​အား​သတ်​တော်​မ​မူ​ပါ​နှင့်။ သတ်​လျှင်​ကျွန်​တော်​မျိုး​၏​အ​မျိုး​သား​တို့​သည် သ​တိ​မ​ရ​ဘဲ​မေ့​သွား​ပါ​လိမ့်​မည်။ ကျွန်​တော်​မျိုး​အား​ကာ​ကွယ်​စောင့်​ထိန်း တော်​မူ​သော​အ​ရှင်၊ ကိုယ်​တော်​ရှင်​၏​တန်​ခိုး​တော်​အား​ဖြင့် ထို​သူ​တို့​ကို​က​စဥ့်​က​လျား​ဖြစ်​စေ​တော် မူ​၍ အ​ရေး​ရှုံး​နိမ့်​စေ​တော်​မူ​ပါ။
Slay them not, lest my people forget; Scatter them by thy power, and cast them down, O Lord, our shield!
12 ၁၂ သူ​တို့​၏​နှုတ်၊သူ​တို့​ပြော​ဆို​သ​မျှ​သော​စ​ကား အား​ဖြင့် အ​ပြစ်​ကူး​ကြ​ပါ​၏။ သူ​တို့​သည်​မိ​မိ​တို့​၏​မာန်​မာ​န​ကျော့​ကွင်း​တွင်​ပင် မိ​ကြ​ပါ​စေ​သော။ သူ​တို့​သည်​ကျိန်​ဆဲ​၍​မု​သား​စ​ကား​ကို ပြော​ဆို​တတ်​ကြ​သ​ဖြင့်
The word of their lips is the sin of their mouth; Let them be overtaken in their pride, For the curses and the falsehood which they utter!
13 ၁၃ ကိုယ်​တော်​ရှင်​သည်​အ​မျက်​တော်​ထွက်​၍ သူ​တို့​အား သုတ်​သင်​ဖျက်​ဆီး​ပစ်​တော်​မူ​ပါ။ အ​ကုန်​အ​စင်​သုတ်​သင်​ဖျက်​ဆီး​ပစ်​တော်​မူ​ပါ။ ထို​အ​ခါ​ဘု​ရား​သ​ခင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​အုပ်​စိုး​လျက် နေ​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ ကိုယ်​တော်​၏​အာ​ဏာ​စက်​သည်​ကမ္ဘာ​တစ်​ပြင်​လုံး ပျံ့​နှံ့​လျက်​ရှိ​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း လူ​အ​ပေါင်း​တို့​သိ​ကြ​ပါ​လိမ့်​မည်။
Consume them in thy wrath; consume them that they be no more, That they may know that God ruleth in Jacob, Even to the ends of the earth! (Pause)
14 ၁၄ ကျွန်​တော်​မျိုး​၏​ရန်​သူ​တို့​သည်​မြို့​ထဲ​သို့ ည​ဦး​ယံ​တွင်​ပြန်​လာ​၍​ခွေး​များ​ကဲ့​သို့ မာန်​ဖီ​ကာ​လှည့်​လည်​ကြ​ပါ​၏။
Let them return at evening, Let them howl like dogs, And go round about the city!
15 ၁၅ သူ​တို့​သည်​ခွေး​များ​ကဲ့​သို့​လှည့်​လည်​၍ အ​စား​အ​စာ​ရှာ​ဖွေ​ကြ​ပါ​၏။ အ​စား​အ​စာ​လုံ​လောက်​စွာ​မ​ရ​ကြ​ပါ​မူ မာန်​ဖီ​ကြ​ပါ​၏။
Let them wander about for food, When they have passed the night unsatisfied!
16 ၁၆ ကျွန်​တော်​မျိုး​မူ​ကား​ကိုယ်​တော်​ရှင်​၏ တန်​ခိုး​တော် အ​ကြောင်း​သီ​ချင်း​ဆို​ပါ​မည်။ ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော် အ​ကြောင်း​ကို နံ​နက်​တိုင်း​ရွှင်​လန်း​စွာ​သီ​ချင်း​ဆို​ပါ​မည်။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ခို​လှုံ​ရာ ရဲ​တိုက်၊ ဒုက္ခ​ရောက်​ချိန်​၌​ကျွန်​တော်​မျိုး​ခို​ကိုး​ရာ ဖြစ်​တော်​မူ​ပါ​၏။
But I will sing of thy power; Yea, in the morning will I sing aloud of thy mercy; For thou hast been my defence, My refuge in the day of my distress.
17 ၁၇ ကျွန်​တော်​မျိုး​၏​ဘက်​မှ​ခု​ခံ​ကာ​ကွယ်​တော် မူ​သော အ​ရှင်၊ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား ထော​မ​နာ​ပြု​ပါ​မည်။ ကျွန်​တော်​မျိုး​ခို​လှုံ​ရာ​ကား​ကျွန်​တော်​မျိုး​ကို ချစ်​တော်​မူ​သော​ဘု​ရား​သ​ခင်​ပေ​တည်း။
To thee, O my Strength! will I sing! For God is my defence; a God of mercy to me.

< ဆာလံ 59 >