< ဆာလံ 57 >
1 ၁ ကျွန်တော်မျိုးသည်ခိုလှုံရန်အထံတော်သို့ ချဉ်းကပ်ပါ၏။ သို့ဖြစ်၍ကျွန်တော်မျိုးအားသနားတော်မူပါ။ အို ဘုရားသခင်၊ သနားတော်မူပါ။ မိုးသက်မုန်တိုင်းလွန်သွားသည်အထိ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ အတောင်တော်အရိပ်တွင်ခိုလှုံပါ၏။
Thaburi ya Daudi Wee Ngai, njiguĩra tha, ũnjiguĩre tha, nĩgũkorwo nĩ harĩwe njũragĩra. Niĩ ngũũrĩra kĩĩruru-inĩ kĩa mathagu maku, o nginya mwanangĩko ũhĩtũke.
2 ၂ ငါလိုသမျှသောအရာတို့ကိုပေးတော် မူသော၊ အမြင့်မြတ်ဆုံးဖြစ်တော်မူသောဘုရားသခင် အား ငါသည်တောင်းလျှောက်ပါ၏။
Ngũkaĩra Ngai-Ũrĩa-ũrĩ-Igũrũ-Mũno, o kũrĩ Mũrungu, ũrĩa ũũhingagĩria maũndũ.
3 ၃ ကိုယ်တော်သည်ကောင်းကင်ဘုံမှထူးတော်မူ၍ ငါ့ကိုကယ်တော်မူလိမ့်မည်။ ငါ့ကိုညှဉ်းဆဲနှိပ်စက်သူတို့အားနှိမ်နင်း တော်မူလိမ့်မည်။ ဘုရားသခင်သည်မိမိ၏ခိုင်မြဲသောမေတ္တာ တော်နှင့် သစ္စာတော်ကိုငါ့အားပြတော်မူလိမ့်မည်။
Atũmaga ũteithio kuuma igũrũ akaahonokia, akarũithia arĩa maahanyũkagia mũno; Ngai agakĩndũmĩra wendani na wĩhokeku wake.
4 ၄ ရန်သူများသည်လူသားကိုစားသည့်ခြင်္သေ့များ သဖွယ် ငါ့ကိုဝိုင်းရံထား၏။ သူတို့၏သွားများသည်လှံများ၊မြားများ နှင့်တူ၏။ သူတို့၏လျှာများသည်သန်လျက်ကဲ့သို့ ထက်၏။
Niĩ ndĩ gatagatĩ-inĩ ka mĩrũũthi; ngomete gatagatĩ ka nyamũ ndĩĩani, na nĩo andũ arĩa magego mao mahaana ta matimũ na mĩguĩ, o acio nĩmĩ ciao ihaana ta hiũ cia njora njũgĩ.
5 ၅ အို ဘုရားသခင်၊ ကိုယ်တော်ရှင်၏ကြီးမြတ်တော်မူပုံကို မိုးကောင်းကင်တွင်လည်းကောင်း၊ ကိုယ်တော်ရှင်၏ဘုန်းအသရေတော်ကို ကမ္ဘာတစ်ဝန်းလုံးတွင်လည်းကောင်းပေါ်လွင်ထင်ရှား စေတော်မူပါ။
Wee Ngai, tũũgĩra, ũtũũgĩrio igũrũ rĩa igũrũ; riiri waku nĩũgĩe igũrũ rĩa thĩ yothe.
6 ၆ ရန်သူတို့သည်ငါ့ကိုဖမ်းရန်ကျော့ကွင်းထောင်ကြ၏။ ငါသည်ပြင်းစွာစိတ်ဒုက္ခရောက်လျက်ရှိပါ၏။ သူတို့သည်ငါသွားရာလမ်းတွင်တွင်းကို တူးထားကြပါ၏။ သို့ရာတွင်ထိုတွင်းထဲသို့သူတို့ပင်လျှင် ကျကြ၏။
Thũ ciakwa nĩciambĩire magũrũ makwa mũtego wa wabu, na niĩ ngĩĩthikĩra nĩ kũnyamarĩka. Cienjete irima njĩra-inĩ yakwa, no nĩcio igũĩte thĩinĩ warĩo.
7 ၇ အို ဘုရားသခင်၊ ကျွန်တော်မျိုးသည်လုံးဝယုံကြည်စိတ်ချပါပြီ။ သို့ဖြစ်၍ကျွန်တော်မျိုးသည်သီချင်းဆို၍ ကိုယ်တော်ရှင်အားထောမနာပြုပါမည်။
Wee Ngai, ngoro yakwa nĩĩkindĩirie, ngoro yakwa no ĩkindĩirie; nĩkũina ngũina, ngũgooce na rwĩmbo.
8 ၈ အို ငါ့ဝိညာဉ်၊နိုးထလော့။ ငါ၏စောင်းကြီးစောင်းငယ်တို့၊နိုးထကြလော့။ ငါသည်လည်းနေကိုနိုးထစေမည်။
Wee muoyo wakwa arahũka! Arahũka wee kĩnanda kĩa mũgeeto, o nawe kĩnanda gĩa kĩnũbi! Ngwarahũka ruoro rũgĩtema.
9 ၉ အို ဘုရားရှင်၊ ကျွန်တော်မျိုးသည်လူမျိုးတကာတို့၏အလယ်တွင် ကိုယ်တော်ရှင်၏ကျေးဇူးတော်ကိုချီးမွမ်းပါမည်။ လူမျိုးအပေါင်းတို့၏အလယ်တွင်ကိုယ်တော်ရှင်အား ထောမနာပြုပါမည်။
Wee Mwathani, nĩngũkũgooca, gatagatĩ-inĩ ka ndũrĩrĩ; nĩngũkũinĩra ngũgooce ndĩ gatagatĩ-inĩ ka andũ.
10 ၁၀ ကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော်သည် မိုးကောင်းကင်သို့တိုင်အောင်လည်းကောင်း၊ ကိုယ်တော်ရှင်၏သစ္စာတော်သည်အာကာသသို့ တိုင်အောင်လည်းကောင်းရောက်ပါ၏။
Nĩgũkorwo wendo waku nĩ mũnene, ũgagĩkinya o igũrũ; wĩhokeku waku ũkinyĩte o matu-inĩ.
11 ၁၁ အို ဘုရားသခင်၊ ကိုယ်တော်ရှင်၏ကြီးမြတ်တော်မူပုံကို မိုးကောင်းကင်တွင်လည်းကောင်း၊ ကိုယ်တော်ရှင်၏ဘုန်းအသရေတော်ကို ကမ္ဘာတစ်ဝန်းလုံးတွင်လည်းကောင်း ပေါ်လွင် ထင်ရှားစေတော်မူပါ။
Wee Ngai, tũũgĩra, ũtũũgĩrio igũrũ rĩa igũrũ; riiri waku nĩũgĩe igũrũ rĩa thĩ yothe.