< ဆာလံ 55 >
1 ၁ အို ဘုရားသခင်၊ ကျွန်တော်မျိုး၏ဆုတောင်းပတ္ထနာကိုကြားတော်မူပါ။ ကျွန်တော်မျိုးပန်ကြားသောအခါ မျက်နှာလွှဲတော်မမူပါနှင့်။
Abụ Ọma nke dịrị onyeisi abụ. Abụ eji ụbọ akwara akpọ. Abụ maskil Devid. O Chineke, nụrụ ekpere m, agbakwala arịrịọ m nkịtị;
2 ၂ ကျွန်တော်မျိုးတောင်းလျှောက်သည်ကို နားထောင်တော်မူ၍ထူးတော်မူပါ။ ကျွန်တော်မျိုးသည်စိုးရိမ်ပူပန်မှုများဖြင့် အားအင်ကုန်ခန်းလျက်နေပါ၏။
ṅaa m ntị, zaakwa m. Echiche m na-esogbu m; ana m asụkwa oke ude
3 ၃ ရန်သူများ၏ခြိမ်းခြောက်မှုကြောင့်ကျွန်တော်မျိုး ကြောက်လန့်ပါ၏။ သူယုတ်မာတို့၏နှိပ်စက်ညှဉ်းဆဲမှုကြောင့် ကျွန်တော်မျိုးစိတ်ပျက်အားလျော့ပါ၏။ သူတို့သည်ကျွန်တော်မျိုးအားဆင်းရဲဒုက္ခ ရောက်စေကြပါ၏။ သူတို့သည်ကျွန်တော်မျိုးအားအမျက်ထွက်၍ မုန်းကြပါ၏။
nʼihi ihe onye iro m na-ekwu, nʼihi ịba mba nke ndị ajọ mmadụ, nʼihi na ha na-ewetara m ntaramahụhụ, na-akpagbu m nʼiwe ha.
4 ၄ ကျွန်တော်မျိုး၏စိတ်နှလုံးသည်ကြောက်လန့်လျက် နေပါ၏။ သေဘေးကိုလွန်စွာထိတ်လန့်လျက်ရှိပါ၏။
Obi m nọ nʼọnọdụ oke ihe mgbu nʼime m; oke ụjọ nke ọnwụ abịakwasịla m.
5 ၅ ကြောက်လန့်တုန်လှုပ်လျက်၊လွန်စွာတုန်လှုပ် ချောက်ချားလျက်ရှိပါ၏။
Ịtụ egwu na ahụ ịma jijiji abịakwasịkwala m; oke egwu ekpuchiela m.
6 ၆ အကယ်၍ချိုးငှက်ကဲ့သို့ငါ့မှာအတောင်များ ရှိခဲ့ပါမူငါသည်အဝေးသို့ပျံသွားကာ နားနေစရာအရပ်ကိုရှာမည်။
Agwara m onwe m okwu sị, “A sịkwarị na m nwere nku dịka nduru! Agaara m efelaga ebe ọzọ gaa zuru ike.
7 ၇ ငါသည်အလွန်ဝေးရာအရပ်သို့ပျံသွားလျက် တောကန္တာရတွင်နေထိုင်ပါမည်။
Agaara m efelaga ebe dị anya, ga nọrọ nʼọzara; (Sela)
8 ၈ ငါသည်လျင်မြန်စွာသွား၍လေပြင်းနှင့် မိုးသက်မုန်တိုင်းတို့မှအကာအကွယ်ကိုရှာမည်။
Agaara m eme ngwangwa gaa nʼebe mgbaba m, ebe dị anya site nʼebe ifufe siri ike na oke ifufe dị.”
9 ၉ အို ဘုရားရှင်၊ ကျွန်တော်မျိုး၏ရန်သူများပြောဆိုသည့် စကားများကိုရှုပ်ထွေးစေတော်မူပါ။ မြို့တွင်း၌အကြမ်းဖက်မှုနှင့်လုယက်မှုတို့ကို ကျွန်တော်မျိုးမြင်ပါ၏။
O Onyenwe anyị, gbagwojuo ndị ajọ omume anya, mee ka ha ghara ịghọta ihe ibe ha na-ekwu, nʼihi na ana m ahụ ihe ike na ịlụ ọgụ nʼime obodo.
10 ၁၀ ထိုသူတို့သည်မြို့ကိုနေ့ညမပြတ်ဝိုင်းရံထား ကြပါ၏။ မြို့ထဲတွင်ရာဇဝတ်မှု၊နှောင့်ယှက်မှုများနှင့် ပြည့်နှက်လျက်ရှိပါ၏။
Ehihie na abalị, ha na-ejegharị nʼelu mgbidi ya; iro na mmegbu dị nʼime ya.
11 ၁၁ နေရာတကာတွင်အပျက်အစီးများရှိနေပါ၏။ လမ်းများ၌နှိပ်စက်ညှဉ်းဆဲမှု၊လိမ်လည် လှည့်စားမှုများနှင့်ပြည့်နှက်လျက်ရှိပါ၏။
A na-ahụta akaọrụ ihe ịla nʼiyi nʼime obodo; ihe ike na ụgha ewerela ọnọdụ ha nʼime obodo.
12 ၁၂ အကယ်၍ငါ့အားပြောင်လှောင်သူသည် ငါ၏ရန်သူဖြစ်ခဲ့သော်ငါသည်သည်းခံနိုင် ပါ၏။ ငါ့ကိုအကြောင်းပြု၍ကြွားဝါသောရန်ဘက် ဖြစ်ခဲ့သော် ငါသည်သူ့ကိုရှောင်ရှားနိုင်၏။
A sị na ọ bụ onye iro ji m eme ihe ọchị, apụrụ m ịnagide ya; a sịkwa na ọ bụ onye iro na-eweli onwe ya megide m, apụrụ m izonarị onwe m site nʼebe ọ nọ.
13 ၁၃ သို့ရာတွင်ယင်းသို့ပြုသူမှာငါ၏အပေါင်းအဖော်၊ လုပ်ဖော်ဆောင်ဘက်၊ ရင်းနှီးသည့်မိတ်ဆွေဖြစ်သူပင်ဖြစ်ပါသည်တကား။
Maọbụ gị, nwoke dịka m, onye mụ na ya dị na mma, enyi m ọma,
14 ၁၄ သင်နှင့်ငါသည်ရင်းနှီးစွာဆွေးနွေးတိုင်ပင်ခဲ့ကြ၏။ ဗိမာန်တော်တွင်လည်းအတူတူ ကိုးကွယ်ဝတ်ပြုခဲ့ကြ၏။
onye mụ na ya na-enwe mmekọrịta dị ụtọ na mbụ, nʼụlọ Chineke, ka anyị na-ejegharị nʼetiti ọha mmadụ bịara ife ofufe.
15 ၁၅ ငါ၏ရန်သူများသည်သေနေ့မစေ့မီ သေရကြပါစေသော။ အရှင်လတ်လတ်သေရွာသို့သွားရကြပါစေသော။ သူတို့၏နေအိမ်များသည်ဆိုးညစ်မှုကြီးစိုးရာ ဌာနများဖြစ်ကြ၏။ သူတို့၏စိတ်နှလုံးသည်ဆိုးညစ်မှုနှင့် ပြည့်နှက်လျက်ရှိ၏။ (Sheol )
Ka ọnwụ bịakwasị ndị iro m na mberede; ka ha rịdaa ala mmụọ na ndụ, nʼihi na ihe ọjọọ na-achọta ebe ọnọdụ nʼetiti ha. (Sheol )
16 ၁၆ ငါမူကားထာဝရဘုရား၏ထံတော်သို့ ကူမတော်မူရန်ဆုတောင်းပတ္ထနာပြု၏။ ကိုယ်တော်သည်ငါ့ကိုကယ်တော်မူလိမ့်မည်။
Ma akpọkuru m Chineke, Onyenwe anyị na-azọpụtakwa m.
17 ၁၇ ငါ၏ညည်းတွားမြည်တမ်းသံများသည်နံနက်ချိန်၊ မွန်းတည့်ချိန်၊ညဥ့်အချိန်တို့၌ အထံတော်သို့ရောက်သဖြင့်ကိုယ်တော်သည် ကြားတော်မူလိမ့်မည်။
Nʼụtụtụ, ma nʼehihie, ma nʼabalị, ka m sitere nʼoke ihe mgbu, na-akpọku ya ma ọ na-anụkwa olu m.
18 ၁၈ ဤမျှများလှသောရန်သူတို့နှင့် တိုက်ခိုက်ရာစစ်ပွဲများမှငါ့အားဘေးမဲ့လုံခြုံစွာ ပြန်လာစေတော်မူလိမ့်မည်။
Ọ na-agbapụta m, mee ka m ghara imerụ ahụ, site nʼagha niile e busoro m, nʼagbanyeghị nʼọtụtụ biliri megide m.
19 ၁၉ ရှေးကမ္ဘာအဆက်ဆက်မှစ၍ လူသတ္တဝါအပေါင်းတို့အား ပိုင်သအုပ်စိုးတော်မူသောဘုရားသခင်သည် ငါ၏ပတ္ထနာစကားကိုကြား၍ရန်သူတို့အား အရေးရှုံးနိမ့်စေတော်မူလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်သူတို့သည်စိတ်နှလုံး ပြောင်းလဲမှုမရှိကြ။ ကိုယ်တော်ကိုလည်းမကြောက်ရွံ့ကြသောကြောင့် ဖြစ်၏။
Chineke, onye nọkwasịrị nʼocheeze ya ruo mgbe ebighị ebi, onye na-adịghị agbanwe, ga-anụ olu ha, taakwa ha ahụhụ, nʼihi na ha adịghị atụ egwu Chineke. (Sela)
20 ၂၀ ငါ၏မိတ်ဆွေဟောင်းသည်မိမိ၏မိတ်ဆွေများကို တိုက်ခိုက်၍မိမိ၏ကတိကိုလည်းဖျက်၏။
Onye mụ na ya dị na mma na-emegide ndị enyi ya, ọ na-emerụ ọgbụgba ndụ ya ka ọ ghara ịdị nsọ.
21 ၂၁ သူ၏စကားတို့သည်ထောပတ်ထက်ပင် ချောမွတ်သော်လည်း သူ၏စိတ်နှလုံးထဲ၌မူကား မုန်းတီးတတ်သောသဘောရှိ၏။ သူ၏စကားတို့သည်ဆီကဲ့သို့ပျော့ပျောင်း သော်လည်း ထက်သောဋ္ဌားကဲ့သို့ထိခိုက်နာကြင်စေတတ်၏။
Okwu ọnụ ya dị mụrụmụrụ ka bọta, ma ibu agha juru ya obi; okwu ya niile dị nro karịa mmanụ, ma ha bụ mma agha e welitere maka ibu agha.
22 ၂၂ သင်၏ဝန်ကိုထာဝရဘုရားအားလွှဲအပ်လော့။ ကိုယ်တော်သည်သင့်ကိုကွယ်ကာစောင့်ရှောက် တော်မူလိမ့်မည်။ သူတော်ကောင်းတို့ကိုအဘယ်အခါ၌ အရေးရှုံးနိမ့်စေတော်မူလိမ့်မည်မဟုတ်။
Tụkwasị Onyenwe anyị mkpa gị niile, ọ ga-agba gị ume; ọ gaghị ekwe ka ewezuga onye ezi omume.
23 ၂၃ သို့ရာတွင် အို ဘုရားသခင်၊ကိုယ်တော်ရှင်သည် လူသတ်သမားများနှင့်လူလိမ်များအား သူတို့သက်တမ်းထက်ဝက်မကျိုးမီသင်္ချိုင်း တွင်းသို့ သက်ဆင်းစေတော်မူမည်။ ကျွန်တော်မျိုးမူကားကိုယ်တော်ရှင်ကိုကိုးစား ပါမည်။
Ma gị, O Chineke, ga-adọtu ndị ajọ omume nʼime olulu nke jupụtara nʼire ure; ndị ogbu mmadụ na ndị aghụghọ agaghị ebi ọ bụladị ọkara ndụ ha. Ma mụ onwe m, ọ bụ na gị ka m na-atụkwasị obi m.