< ဆာလံ 54 >
1 ၁ အို ဘုရားသခင်၊ ကိုယ်တော်ရှင်၏တန်ခိုးတော်အားဖြင့် ကျွန်တော်မျိုးအားကယ်တော်မူပါ။ ကျွန်တော်မျိုးအားကိုယ်တော်၏အာနုဘော် အားဖြင့် လွတ်မြောက်စေတော်မူပါ။
εἰς τὸ τέλος ἐν ὕμνοις συνέσεως τῷ Δαυιδ ἐν τῷ ἐλθεῖν τοὺς Ζιφαίους καὶ εἰπεῖν τῷ σαουλ οὐκ ἰδοὺ Δαυιδ κέκρυπται παρ’ ἡμῖν ὁ θεός ἐν τῷ ὀνόματί σου σῶσόν με καὶ ἐν τῇ δυνάμει σου κρῖνόν με
2 ၂ ဘုရားသခင်၊ကျွန်တော်မျိုး၏ဆုတောင်း ပတ္ထနာကို ကြားတော်မူပါ။ ကျွန်တော်မျိုးတောင်းလျှောက်သောစကားတို့ကို နားထောင်တော်မူပါ။
ὁ θεός εἰσάκουσον τῆς προσευχῆς μου ἐνώτισαι τὰ ῥήματα τοῦ στόματός μου
3 ၃ မာန်မာနကြီးသူတို့သည်ကျွန်တော်မျိုးအား တိုက်ခိုက်ရန်လာကြပါပြီ။ ဘုရားကိုပမာဏမပြုသည့် ရက်စက်ကြမ်းကြုတ်သူတို့သည်ကျွန်တော်မျိုး အား သတ်ရန်ကြိုးစားကြပါ၏။
ὅτι ἀλλότριοι ἐπανέστησαν ἐπ’ ἐμέ καὶ κραταιοὶ ἐζήτησαν τὴν ψυχήν μου οὐ προέθεντο τὸν θεὸν ἐνώπιον αὐτῶν διάψαλμα
4 ၄ သို့ရာတွင်ဘုရားသခင်သည်ငါ့ကိုကူမတော် မူသော အရှင်ဖြစ်၏။ ငါ၏ဘက်မှခုခံကာကွယ်တော်မူသောအရှင် ဖြစ်၏။
ἰδοὺ γὰρ ὁ θεὸς βοηθεῖ μοι καὶ ὁ κύριος ἀντιλήμπτωρ τῆς ψυχῆς μου
5 ၅ ငါ၏ရန်သူတို့၏ဆိုးညစ်မှုသည်သူတို့အား ပြန်လည်၍ဒဏ်ခတ်စေရန်ဘုရားသခင် စီရင်တော်မူပါစေသော။ ကိုယ်တော်သည်သစ္စာစောင့်တော်မူသည်ဖြစ်၍ သူတို့အားသုတ်သင်ပယ်ရှင်းတော်မူလိမ့် မည်။
ἀποστρέψει τὰ κακὰ τοῖς ἐχθροῖς μου ἐν τῇ ἀληθείᾳ σου ἐξολέθρευσον αὐτούς
6 ၆ အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အား ဝမ်းမြောက်စွာယဇ်ပူဇော်ပါမည်။ ကိုယ်တော်ရှင်သည်ကောင်းမြတ်တော်မူသည် ဖြစ်၍ ကျွန်တော်မျိုးသည်ကျေးဇူးတော်ကိုချီးမွမ်း ပါမည်။
ἑκουσίως θύσω σοι ἐξομολογήσομαι τῷ ὀνόματί σου κύριε ὅτι ἀγαθόν
7 ၇ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားဆင်းရဲ ဒုက္ခအပေါင်းမှကယ်ဆယ်တော်မူပါပြီ။ ကျွန်တော်မျိုးသည်ရန်သူတို့အရေးရှုံးနိမ့် ကြသည်ကို တွေ့မြင်ရပါပြီ။
ὅτι ἐκ πάσης θλίψεως ἐρρύσω με καὶ ἐν τοῖς ἐχθροῖς μου ἐπεῖδεν ὁ ὀφθαλμός μου