< ဆာလံ 53 >

1 လူ​မိုက်​တို့​က``ဘု​ရား​မ​ရှိ'' ဟု​တွေး​တော ထင်​မှတ်​တတ်​ကြ​၏။ သူ​တို့​အား​လုံး​ပင်​အ​ကျင့်​ပျက်​ပြား​၍ စက်​ဆုပ်​သော​အ​မှု​တို့​ကို​ပြု​ကြ​လေ​ပြီ။ မှန်​ရာ​ကို​ပြု​ကျင့်​သူ​တစ်​ယောက်​မျှ​မ​ရှိ။
ဘုရား သခင်မ ရှိဟု မိုက် သောသူသည် ထင် တတ် ၏။ ထိုသို့သောသူတို့ သည် ဆွေးမြေ့ ယိုယွင်း၍ စက်ဆုပ် ဘွယ်သော ဒုစရိုက် ကို ပြုတတ်ကြ၏။ ကောင်း သောအမှု ကို ပြု သောသူတယောက် မျှမရှိ။
2 ဘု​ရား​သ​ခင်​သည်​အ​သိ​ပ​ညာ​ရှိ​သူ​များ၊ မိ​မိ​အား ကိုး​ကွယ်​ဝတ်​ပြု​သူ​များ​ရှိ​မ​ရှိ​ကို​သိ​မြင် နိုင်​ရန် ကောင်း​ကင်​ဘုံ​မှ​လူ​သား​တို့​အား​ကြည့်​တော် မူ​၏။
နားလည် သောသူ၊ ဘုရား သခင်ကိုရှာ သောသူ တစုံတယောက်ရှိ သည် မ ရှိသည်ကို သိ မြင်ခြင်းငှါ ဘုရား သခင် သည် ကောင်းကင် ပေါ်က လူ သား တို့ကို ငုံ့၍ ကြည့်ရှု တော်မူ၍၊
3 သို့​ရာ​တွင်​လူ​တို့​သည်​ကိုယ်​တော်​အား ကျော​ခိုင်း​ကြ​ကုန်​လေ​ပြီ။ သူ​တို့​အား​လုံး​ပင်​လျှင်​တ​ညီ​တ​ညွတ်​တည်း ဆိုး​ညစ်​ကြ​၏။ သူ​တို့​တွင်​မှန်​ရာ​ကို​ပြု​ကျင့်​သူ​မ​ရှိ။ တစ်​ဦး​တစ်​ယောက်​မျှ​မ​ရှိ။
လူ အပေါင်း တို့သည် ဆုတ် သွားကြပြီ။ တညီ တညွတ်တည်း ဆွေးမြေ့ ယိုယွင်းခြင်းရှိကြ၏။ ကောင်း သောအကျင့်ကို ကျင့် သောသူမ ရှိ။ တ ယောက်မျှ မ ရှိ။
4 ဘု​ရား​သ​ခင်​က ``သူ​တို့​သည်​မ​သိ​နား​မ​လည်​သူ​များ​ပေ​လော။ ဤ​သူ​ယုတ်​မာ​များ​သည်​အ​သိ​ပ​ညာ​ကင်း​မဲ့ သူ​များ​ပေ​လော။ သူ​တို့​သည်​ငါ​၏​လူ​စု​တော်​ဝင်​များ​ထံ​မှ လု​ယူ​တိုက်​ခိုက်​၍​အ​သက်​မွေး​ကြ​ကုန်​၏။ ငါ့​ထံ​သို့​လည်း​ဆု​တောင်း​ပတ္ထ​နာ​မ​ပြု​ကြ'' ဟု မိန့်​တော်​မူ​၏။
မုန့် ကိုစား သကဲ့သို့ငါ ၏လူ တို့ကို ကိုက်စား ၍၊ ဘုရား သခင်ကို ပဌနာ မ ပြုသော အဓမ္မ လူ တို့သည် မ သိ ဘဲနေရကြသလော့။
5 သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​ကိုယ်​တော့် လူ​စု​တော်​၏ ရန်​သူ​များ​၏​အ​ရိုး​များ​ကို ဖ​ရို​ဖ​ရဲ​ကွဲ​လွင့်​စေ​တော်​မူ​မည်​ဖြစ်​၍​သူ​တို့​သည် တစ်​ခါ​မျှ​မ​ခံ​စား​ခဲ့​ဘူး​သည့်​ကြောက်​ခြင်း​မျိုး ဖြင့် အ​လွန်​ကြောက်​လန့်​ကြ​လိမ့်​မည်။ ဘု​ရား​သ​ခင်​သည်​သူ​တို့​ကို​ပစ်​ပယ်​တော်​မူ ပြီ​ဖြစ်​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​လုံး​ဝ​အ​နိုင် ရ​ကြ​လိမ့်​မည်။
သို့ဖြစ်၍ကြောက်လန့် စရာမ ရှိ သော်လည်း၊ အလွန် ကြောက်လန့် ကြလိမ့်မည်။ အကြောင်း မူကား၊ သင့် ကိုဝန်းရံ၍ တပ်ချ သောသူ၏ အရိုး တို့ကို ဘုရား သခင်သည် ဖရိုဖရဲကွဲပြား စေတော်မူမည်။ သူ တို့ကို ဘုရား သခင် ရှုတ်ချ တော်မူသောကြောင့် ၊ သင်သည် သူတို့ကို အရှက် ခွဲရလိမ့်မည်။
6 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​ကယ်​တင်​ခြင်း ကျေး​ဇူး​တော်​သည်​ဇိ​အုန်​တောင်​တော်​မှ ထွက်​ပေါ်​လာ​စေ​ရန်​ငါ​သည်​စိတ်​အား​ထက်​သန်​စွာ ဆု​တောင်း​ပတ္ထ​နာ​ပြု​ပါ​၏။ ဘု​ရား​သ​ခင်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အား တစ်​ဖန်​ပြန်​လည်​၍​ကောင်း​စား​စေ​တော်​မူ​သော အ​ခါ သူ​တို့​သည်​လွန်​စွာ​ဝမ်း​မြောက်​ကြ​လိမ့်​မည်။
ဣသရေလ အမျိုးကို ကယ်တင် ခြင်း ကျေးဇူးတော်သည် ဇိအုန် တောင်ပေါ် မှာ ပေါ်ထွန်း ပါစေသော။ သိမ်း သွားခြင်းကို ခံရသောလူမျိုး တော်ကို တဖန် ဘုရား သခင် သည် ဆောင် ခဲ့တော်မူသောအခါ ၊ ယာကုပ် သည် ဝမ်းမြောက် ခြင်း၊ ဣသရေလ သည်လည်း ရွှင်လန်း ခြင်း ရှိလိမ့်မည်။

< ဆာလံ 53 >