< ဆာလံ 53 >
1 ၁ လူမိုက်တို့က``ဘုရားမရှိ'' ဟုတွေးတော ထင်မှတ်တတ်ကြ၏။ သူတို့အားလုံးပင်အကျင့်ပျက်ပြား၍ စက်ဆုပ်သောအမှုတို့ကိုပြုကြလေပြီ။ မှန်ရာကိုပြုကျင့်သူတစ်ယောက်မျှမရှိ။
大卫的训诲诗,交与伶长。调用麻哈拉。 愚顽人心里说:没有 神。 他们都是邪恶,行了可憎恶的罪孽; 没有一个人行善。
2 ၂ ဘုရားသခင်သည်အသိပညာရှိသူများ၊ မိမိအား ကိုးကွယ်ဝတ်ပြုသူများရှိမရှိကိုသိမြင် နိုင်ရန် ကောင်းကင်ဘုံမှလူသားတို့အားကြည့်တော် မူ၏။
神从天上垂看世人,要看有明白的没有? 有寻求他的没有?
3 ၃ သို့ရာတွင်လူတို့သည်ကိုယ်တော်အား ကျောခိုင်းကြကုန်လေပြီ။ သူတို့အားလုံးပင်လျှင်တညီတညွတ်တည်း ဆိုးညစ်ကြ၏။ သူတို့တွင်မှန်ရာကိုပြုကျင့်သူမရှိ။ တစ်ဦးတစ်ယောက်မျှမရှိ။
他们各人都退后,一同变为污秽; 并没有行善的,连一个也没有。
4 ၄ ဘုရားသခင်က ``သူတို့သည်မသိနားမလည်သူများပေလော။ ဤသူယုတ်မာများသည်အသိပညာကင်းမဲ့ သူများပေလော။ သူတို့သည်ငါ၏လူစုတော်ဝင်များထံမှ လုယူတိုက်ခိုက်၍အသက်မွေးကြကုန်၏။ ငါ့ထံသို့လည်းဆုတောင်းပတ္ထနာမပြုကြ'' ဟု မိန့်တော်မူ၏။
作孽的没有知识吗? 他们吞吃我的百姓如同吃饭一样,并不求告 神。
5 ၅ သို့ရာတွင်ဘုရားသခင်သည်ကိုယ်တော့် လူစုတော်၏ ရန်သူများ၏အရိုးများကို ဖရိုဖရဲကွဲလွင့်စေတော်မူမည်ဖြစ်၍သူတို့သည် တစ်ခါမျှမခံစားခဲ့ဘူးသည့်ကြောက်ခြင်းမျိုး ဖြင့် အလွန်ကြောက်လန့်ကြလိမ့်မည်။ ဘုရားသခင်သည်သူတို့ကိုပစ်ပယ်တော်မူ ပြီဖြစ်၍ ဣသရေလအမျိုးသားတို့သည်လုံးဝအနိုင် ရကြလိမ့်မည်။
他们在无可惧怕之处就大大害怕, 因为 神把那安营攻击你之人的骨头散开了。 你使他们蒙羞,因为 神弃绝了他们。
6 ၆ ဣသရေလအမျိုးသားတို့ကိုကယ်တင်ခြင်း ကျေးဇူးတော်သည်ဇိအုန်တောင်တော်မှ ထွက်ပေါ်လာစေရန်ငါသည်စိတ်အားထက်သန်စွာ ဆုတောင်းပတ္ထနာပြုပါ၏။ ဘုရားသခင်သည်ဣသရေလအမျိုးသားတို့ အား တစ်ဖန်ပြန်လည်၍ကောင်းစားစေတော်မူသော အခါ သူတို့သည်လွန်စွာဝမ်းမြောက်ကြလိမ့်မည်။
但愿以色列的救恩从锡安而出。 神救回他被掳的子民那时, 雅各要快乐,以色列要欢喜。