< ဆာလံ 51 >
1 ၁ အို ဘုရားသခင်၊ ကိုယ်တော်၏ခိုင်မြဲသောမေတ္တာတော်နှင့်အညီ ကျွန်တော်မျိုးအားသနားတော်မူပါ။ လွန်စွာသနားကြင်နာတော်မူတတ်သည် နှင့်အညီ ကျွန်တော်မျိုး၏အပြစ်များကိုဖြေလွှတ် တော်မူပါ။
Přednímu z kantorů, žalm Davidův, Když k němu přišel Nátan prorok, po jeho vjití k Betsabé. Smiluj se nade mnou, Bože, podlé milosrdenství svého, podlé množství slitování svých shlaď přestoupení má.
2 ၂ ကျွန်တော်မျိုး၏ဒုစရိုက်အညစ်အကြေးကို အကုန်အစင်ဆေးကြောတော်မူ၍ ကျွန်တော်မျိုးအားအပြစ်မှသန့်စင်စေ တော်မူပါ။
Dokonale obmej mne od nepravosti mé, a od hříchu mého očisť mne.
3 ၃ ကျွန်တော်မျိုးသည်မိမိ၏အမှားများကို ဝန်ချပါ၏။ မိမိ၏အပြစ်များကိုအစဉ်ပင်သတိရပါ၏။
Nebo já znám přestoupení svá, a hřích můj přede mnou jest ustavičně.
4 ၄ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အားပြစ်မှား ပါပြီ။ ကိုယ်တော်ရှင်ကိုသာလျှင်ပြစ်မှားပါပြီ။ ကိုယ်တော်ရှင်၏ရှေ့တော်၌ဒုစရိုက်ကို ပြုပါပြီ။ သို့ဖြစ်၍ကျွန်တော်မျိုးအားကိုယ်တော်ရှင် တရားစီရင်တော်မူသည်မှာလျော်ကန်ပါ၏။ ကျွန်တော်မျိုးအားအပြစ်ဒဏ်ပေးတော်မူ သည်မှာ တရားပါ၏။
Tobě, tobě samému, zhřešil jsem, a zlého se před očima tvýma dopustil, abys spravedlivý zůstal v řečech svých, a bez úhony v soudech svých.
5 ၅ ကျွန်တော်မျိုးသည်မွေးဖွားချိန်မှစ၍ ဆိုးညစ်ခဲ့ပါ၏။ မွေးဖွားကတည်းကအပြစ်ရှိပါ၏။
Aj, v nepravosti zplozen jsem, a v hříchu počala mne matka má.
6 ၆ ကိုယ်တော်ရှင်သည်သစ္စာတရားကို နှစ်သက်တော်မူသည်ဖြစ်၍ကျွန်တော်မျိုး စိတ်နှလုံးကိုဉာဏ်ပညာဖြင့်ပြည့်ဝစေ တော်မူ၏။
Aj, ty libuješ pravdu u vnitřnostech, nadto skrytou moudrost zjevil jsi mi.
7 ၇ ကျွန်တော်မျိုး၏အပြစ်ကိုဖယ်ရှားတော်မူပါ။ သို့ပြုလျှင်ကျွန်တော်မျိုးသည်သန့်စင်ပါလိမ့်မည်။ ကျွန်တော်မျိုးအားဆေးကြောတော်မူပါ။ သို့ပြုလျှင်ကျွန်တော်မျိုးသည်မိုးပွင့်ထက်ပင် ပို၍ဖြူပါလိမ့်မည်။
Vyčisť mne yzopem, a očištěn budu, umej mne, a nad sníh bělejší budu.
8 ၈ ရွှင်လန်းဝမ်းမြောက်သံများကိုကျွန်တော်မျိုးအား ကြားခွင့်ပေးတော်မူပါ။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား စိတ်ပျက်အားလျော့စေတော်မူသော်လည်း ကျွန်တော်မျိုးသည်တစ်ဖန်ပြန်၍ရွှင်ပျလာ ပါလိမ့်မည်။
Dej mi slyšeti radost a potěšení, tak ať zpléší kosti mé, kteréž jsi potřel.
9 ၉ ကျွန်တော်မျိုး၏အပြစ်များမှမျက်နှာလွှဲ၍ ကျွန်တော်မျိုး၏ဒုစရိုက်ရှိသမျှကိုလည်း ပပျောက်စေတော်မူပါ။
Odvrať tvář svou přísnou od hříšností mých, a vymaž všecky nepravosti mé.
10 ၁၀ အို ဘုရားသခင်၊ ကျွန်တော်မျိုး၏စိတ်နှလုံးကိုသန့်ရှင်း ဖြူစင်အောင် ပြုပြင်တော်မူပါ။ ကြံ့ခိုင်တည်ကြည်သောစိတ်သဘောသစ်ကို ပေးတော်မူပါ။
Srdce čisté stvoř mi, ó Bože, a ducha přímého obnov u vnitřnostech mých.
11 ၁၁ ရှေ့တော်မှောက်မှကျွန်တော်မျိုးအား နှင်ထုတ်တော်မမူပါနှင့်။ ကိုယ်တော်ရှင်၏ဝိညာဉ်တော်ကိုကျွန်တော် မျိုးထံမှ ရုပ်သိမ်းတော်မမူပါနှင့်။
Nezamítej mne od tváři své, a Ducha svatého svého neodjímej ode mne.
12 ၁၂ ကိုယ်တော်ရှင်၏ကယ်တင်ခြင်းကျေးဇူးကြောင့် ခံစားရရှိသည့်ဝမ်းမြောက်ခြင်းကို ကျွန်တော်မျိုးအားပေးသနားတော်မူပါ။ ကိုယ်တော်ရှင်၏အမိန့်တော်ကိုနာခံတတ်စေ တော်မူပါ။
Navrať mi radost spasení svého, a duchem dobrovolným utvrď mne.
13 ၁၃ ထိုအခါကျွန်တော်မျိုးသည်အပြစ်ကူးသူ တို့အား ကိုယ်တော်ရှင်၏ပညတ်တော်တို့ကိုသွန်သင်ပါမည်။ သူတို့သည်လည်းအထံတော်သို့ပြန်လာ ကြပါလိမ့်မည်။
I budu vyučovati přestupníky cestám tvým, aby hříšníci k tobě se obraceli.
14 ၁၄ အို ဘုရားသခင်၊ ကျွန်တော်မျိုး၏အသက်ကိုချမ်းသာပေး တော်မူပါ။ ကျွန်တော်မျိုးကိုကယ်တော်မူပါ။ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင် တရားမျှတတော်မူကြောင်းကိုဝမ်းမြောက်စွာ ထုတ်ဖော်ကြေညာပါမည်။
Vytrhni mne z pomsty pro vylití krve, ó Bože, Bože spasiteli můj, a budeť s veselím prozpěvovati jazyk můj o spravedlnosti tvé.
15 ၁၅ အို ထာဝရဘုရား၊ ကျွန်တော်မျိုး၏နှုတ်ကိုဖွင့်တော်မူပါ။ ဂုဏ်တော်ကိုချီးမွမ်းပါမည်။
Pane, rty mé otevři, i budou ústa má zvěstovati chválu tvou.
16 ၁၆ ကိုယ်တော်ရှင်သည်ယဇ်ပူဇော်ခြင်းကို အလိုရှိတော်မမူပါ။ သို့မဟုတ်လျှင်ကျွန်တော်မျိုးသည် ယဇ်ပူဇော်ပါမည်။ ကိုယ်တော်ရှင်သည်မီးရှို့ရာပူဇော်သကာ များကို နှစ်သက်တော်မမူပါ။
Nebo neoblíbil bys oběti, bychť ji i dal, aniž bys zápalu přijal.
17 ၁၇ အို ဘုရားသခင်၊ ကျွန်တော်မျိုးပူဇော်သောယဇ်သည်နှိမ့်ချသော စိတ်နှလုံးပင်ဖြစ်ပါ၏။ ကိုယ်တော်ရှင်သည်နှိမ့်ချ၍နောင်တရသော စိတ်နှလုံးကိုပစ်ပယ်တော်မူမည်မဟုတ်ပါ။
Oběti Boží duch skroušený; srdcem skroušeným a potřebným, Bože, nezhrzíš.
18 ၁၈ အို ဘုရားသခင်၊ ဇိအုန်တောင်ကိုသနားတော်မူ၍ကူမတော် မူပါ။ ယေရုရှလင်မြို့ရိုးတို့ကိုပြန်လည် တည်ဆောက်တော်မူပါ။
Dobrotivě nakládej z milosti své s Sionem, vzdělej zdi Jeruzalémské.
19 ၁၉ ထိုအခါကိုယ်တော်ရှင်သည်မှန်ကန်သည့် မီးရှို့ရာပူဇော်သကာများကိုနှစ်သက် လက်ခံတော်မူလိမ့်မည်။ နွားလားများကိုလည်းကိုယ်တော်ရှင်၏ ယဇ်ပလ္လင်ပေါ်တွင်တင်လှူပူဇော်ကြပါလိမ့်မည်။
A tehdáž sobě zalíbíš oběti spravedlnosti, zápaly a pálení celých obětí, tehdážť voly na oltáři tvém obětovati budou.