< ဆာလံ 50 >
1 ၁ အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်တော်မူသော ထာဝရဘုရားသည်အရှေ့မှအနောက်သို့ တိုင်အောင် ကမ္ဘာတစ်ဝန်းလုံးအားမိန့်မြွက်ဆင့်ခေါ်တော် မူ၏။
Asaf dwom. Tweduampɔn, Onyankopɔn, Awurade no kasa, na ɔfrɛ asase nyinaa efi apuei kosi atɔe.
2 ၂ ထာဝရဘုရားသည်အလွန်တရာလှပ တင့်တယ်သည့် မြို့တော်တည်းဟူသော ဇိအုန်တောင်မှရောင်ခြည်တော်ကိုလွှတ်တော်မူ၏။
Onyankopɔn hyerɛn fi Sion kurow a ne fɛ wie pɛyɛ.
3 ၃ ငါတို့၏ဘုရားသည်ကြွလာတော်မူ၏။ သို့ရာတွင်ဆိတ်ဆိတ်ကြွလာတော်မူသည်မဟုတ်။ ရှေ့တော်တွင်မီးတောက်မီးလျှံဟုန်းဟုန်းထလျက် ကိုယ်တော်၏ပတ်လည်တွင်လေပြင်းမုန်တိုင်း တိုက်ခတ်လျက်ရှိ၏။
Yɛn Nyankopɔn reba nanso ɔrenyɛ komm; ogya a ɛhyew nneɛma di nʼanim, ahum a ɛretu atwa ne ho ahyia.
4 ၄ မိမိလူစုတော်အားတရားစီရင်တော်မူ သည်ကို ကြည့်ရှုကြရန် ကိုယ်တော်သည်သက်သေများအဖြစ် မိုးကောင်းကင်နှင့်ကမ္ဘာမြေကြီးကိုဆင့်ခေါ် တော်မူ၏။
Ɔfrɛ ɔsorosoro ne asase, sɛ ɔrebu ne nkurɔfo atɛn;
5 ၅ ကိုယ်တော်က``ယဇ်ပူဇော်ခြင်းအားဖြင့် ငါနှင့်ပဋိညာဉ်ဖွဲ့၍ငါ့အားသစ္စာစောင့်သူ များကို စုဝေးစေကြလော့'' ဟုမိန့်တော်မူ၏။
Ɔka se, “Boaboa nnipa a wɔatew wɔn ho no ano ma me; wɔn a wɔnam afɔrebɔ so ne me yɛɛ apam no.”
6 ၆ ဘုရားသခင်ကိုယ်တော်တိုင်တရားသူကြီးဖြစ်၍ တရားမျှတစွာစီရင်တော်မူမည်ဖြစ်ကြောင်းကို မိုးကောင်းကင်သည်ကြေညာ၏။
Ɔsoro pae mu ka ne trenee, na Onyankopɔn ankasa ne otemmufo.
7 ၇ ကိုယ်တော်က``ငါ၏လူစုတော်ဝင်တို့၊ နားထောင်ကြလော့။ ငါမိန့်မြွက်တော်မူမည်။ အို ဣသရေလအမျိုးသားတို့၊ငါသည်သင်တို့ကို ဝေဖန်ပြစ်တင်မည်။ ငါသည်ထာဝရဘုရား၊သင်တို့၏ဘုရား ဖြစ်တော်မူ၏။
“Muntie, me nkurɔfo, na mɛkasa, medi adanse atia wo, Israel; Mene Onyankopɔn, wo Nyankopɔn no.
8 ၈ သင်တို့သည်ငါ့အားယဇ်နှင့်မီးရှို့ရာ ပူဇော်သကာများကိုအစဉ်ဆက်သည့်အတွက် ငါသည်သင်တို့အားဝေဖန်ပြစ်တင်မှုမပြုလို။
Merenka mo anim wɔ mo afɔrebɔde anaa mo hyew afɔre a ɛwɔ mʼanim daa no ho.
9 ၉ သို့ရာတွင်သင်တို့၏ခြံများမှနွားတို့ကို လည်းကောင်း၊ သင်တို့၏ဆိတ်အုပ်များမှဆိတ်တို့ကိုလည်း ကောင်း ငါမလို။
Anantwinini a wofi mo mfuw so anaa mpapo a wofi mo buw mu ho nhia me,
10 ၁၀ အဘယ်ကြောင့်ဆိုသော်ငါသည်တောတိရစ္ဆာန် ရှိသမျှကိုလည်းကောင်း၊ တောင်ပေါင်းများစွာသောတောင်ကုန်းများရှိ တိရစ္ဆာန်တို့ကိုလည်းကောင်းပိုင်သောကြောင့်ဖြစ်၏။
efisɛ kwae mu aboa biara yɛ me de, anantwi a wɔwɔ nkoko mpempem so nso saa ara.
11 ၁၁ တောငှက်အပေါင်းနှင့်ကွင်းပြင်များမှသက်ရှိ သတ္တဝါအပေါင်းတို့ကိုလည်းငါပိုင်၏။
Minim anomaa biara a ɔwɔ mmepɔw no so, na wuram abɔde nyinaa yɛ me de.
12 ၁၂ ``အကယ်၍ငါသည်ဆာမွတ်ခဲ့မူသင်တို့ထံမှ အစာကိုတောင်းမည်မဟုတ်။ အဘယ်ကြောင့်ဆိုသော်ကမ္ဘာမြေကြီးနှင့်ကမ္ဘာပေါ်ရှိ အရာဟူသမျှကိုငါပိုင်သောကြောင့်ဖြစ်၏။
Sɛ ɔkɔm dee me a, anka merenka nkyerɛ mo; efisɛ, wiase ne nea ɛwɔ mu nyinaa yɛ me de.
13 ၁၃ ငါသည်အမဲသားကိုစားပါသလော။ ဆိတ်သွေးကိုသောက်ပါသလော။
Mewe anantwinini nam, na menom mpapo mogya ana?
14 ၁၄ ကျေးဇူးတော်ချီးမွမ်းခြင်းသည်သာ လျှင် ဘုရားသခင်အားသင်တို့ပူဇော်ရာ ယဇ်ဖြစ်စေကြလော့။ ထို့ပြင်၊အနန္တတန်ခိုးရှင်အားသင်တို့သစ္စာ ကတိထားသည့်အတိုင်းပြုကြလော့။
Momfa aseda afɔre mma Onyankopɔn, na munni bɔ a mohyɛɛ Ɔsorosoroni no so,
15 ၁၅ ဒုက္ခရောက်ချိန်၌ငါ့အားပတ္ထနာပြုကြလော့။ ငါသည်သင်တို့အားကယ်မည်။ သင်တို့သည်လည်းငါ့အားထောမနာ ပြုကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
na momfrɛ me hiada; na megye mo na moahyɛ me anuonyam.”
16 ၁၆ သို့ရာတွင်ထာဝရဘုရားကသူယုတ်မာ အား ``သင်သည်အဘယ်ကြောင့်ငါ၏ပညတ်တော်တို့ကို ရွတ်ဆိုရပါသနည်း။ ငါ၏ပဋိညာဉ်တော်အကြောင်းကိုအဘယ်ကြောင့် ပြောဆိုရပါသနည်း။
Nanso amumɔyɛfo de, Onyankopɔn bisa wɔn se, “Adɛn nti na moka me mmara na mʼapam da mo ano?
17 ၁၇ သင်သည်ငါဆုံးမသွန်သင်သည်ကိုလက်မခံ။ ငါ၏ပညတ်တော်တို့ကိုပစ်ပယ်၏။
Mukyi me nkyerɛkyerɛ, na motow me nsɛm gu mo akyi.
18 ၁၈ သင်သည်သူခိုးနှင့်တွေ့လျှင်မိတ်ဖွဲ့တတ်၏။ သူတစ်ပါး၏အိမ်ရာကိုပြစ်မှားသူတို့နှင့်လည်း ပေါင်းဖော်တတ်၏။
Sɛ muhu ɔkorɔmfo a mode mo ho bɔ no; na mo ne nguaman nso bɔ.
19 ၁၉ ``သင်သည်အစဉ်ပင်ညစ်ညမ်းသည့်စကားကို ပြောဆိုတတ်၏။ မုသားကိုသုံးရန်အဘယ်အခါ၌မျှ နှောင့်နှေးသည်မရှိ။
Mode mo ano yɛ bɔne, na mode mo tɛkrɛma boaboa nnaadaa ano.
20 ၂၀ မိမိ၏ညီရင်းအစ်ကိုများကိုပင်လျှင်အစဉ် ပြစ်တင်စွပ်စွဲတတ်၏။
Mokasa tia mo nuabarima bere biara na mosopa mo ankasa na ba.
21 ၂၁ သင်သည်ဤအမှုတို့ကိုပြုကျင့်သော်လည်း ငါသည်ဆိတ်ဆိတ်နေခဲ့၏။ သို့ဖြစ်၍ငါ့ကိုသင်နှင့်တူသည်ဟုထင်မှတ်ခဲ့၏။ သို့ရာတွင်ယခုငါသည်သင့်အားပြောဆို ဆုံးမမည်။ သင်၏အပြစ်ကိုပွင့်လင်းစွာသင့်အားဖော်ပြမည်။
Moayɛ eyinom nyinaa; nanso manka hwee, enti mususuw sɛ mete sɛ mo. Nanso mɛka mo anim, na mede mo sobo asi mo anim.
22 ၂၂ ``ငါ့ကိုမေ့လျော့သူတို့၊ဤအချက်ကို ဆင်ခြင်ကြလော့။ သို့မပြုပါမူငါသည်သင်တို့အားသုတ်သင် ဖျက်ဆီးမည်။ သင်တို့အားကယ်မည့်သူလည်းတစ်ဦးတစ်ယောက် မျှ ရှိလိမ့်မည်မဟုတ်။
“Munnwen eyi ho, mo a mo werɛ fi Onyankopɔn, anyɛ saa a, mɛtetew mo mu nketenkete a obiara remmegye mo;
23 ၂၃ ကျေးဇူးတော်ချီးမွမ်းခြင်းသည်ငါ့အား ဂုဏ်ပြုရာယဇ်ပင်ဖြစ်၏။ ငါ့စကားကိုနားထောင်သူအပေါင်းတို့အား ဧကန်အမှန်ငါကယ်မည်'' ဟုမိန့်တော်မူ၏။
Nea ɔbɔ aseda afɔre no hyɛ me anuonyam, na osiesie kwan sɛnea mɛda Onyankopɔn nkwagye adi akyerɛ no.” Wɔde ma dwonkyerɛfo.