< ဆာလံ 50 >

1 အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​သည်​အ​ရှေ့​မှ​အ​နောက်​သို့ တိုင်​အောင် ကမ္ဘာ​တစ်​ဝန်း​လုံး​အား​မိန့်​မြွက်​ဆင့်​ခေါ်​တော် မူ​၏။
Mogočen Bog, celó Gospod, je spregovoril in poklical zemljo od sončnega vzhoda do njegovega zahoda.
2 ထာ​ဝ​ရ​ဘု​ရား​သည်​အ​လွန်​တ​ရာ​လှ​ပ တင့်​တယ်​သည့် မြို့​တော်​တည်း​ဟူ​သော ဇိ​အုန်​တောင်​မှ​ရောင်​ခြည်​တော်​ကို​လွှတ်​တော်​မူ​၏။
S Siona, popolne lepote, je zasijal Bog.
3 ငါ​တို့​၏​ဘု​ရား​သည်​ကြွ​လာ​တော်​မူ​၏။ သို့​ရာ​တွင်​ဆိတ်​ဆိတ်​ကြွ​လာ​တော်​မူ​သည်​မ​ဟုတ်။ ရှေ့​တော်​တွင်​မီး​တောက်​မီး​လျှံ​ဟုန်း​ဟုန်း​ထ​လျက် ကိုယ်​တော်​၏​ပတ်​လည်​တွင်​လေ​ပြင်း​မုန်​တိုင်း တိုက်​ခတ်​လျက်​ရှိ​၏။
Naš Bog bo prišel in ne bo molčal. Ogenj bo požiral pred njim in okoli njega bo zelo viharno.
4 မိ​မိ​လူ​စု​တော်​အား​တ​ရား​စီ​ရင်​တော်​မူ သည်​ကို ကြည့်​ရှု​ကြ​ရန် ကိုယ်​တော်​သည်​သက်​သေ​များ​အ​ဖြစ် မိုး​ကောင်း​ကင်​နှင့်​ကမ္ဘာ​မြေ​ကြီး​ကို​ဆင့်​ခေါ် တော်​မူ​၏။
Klical bo k nebesom od zgoraj in k zemlji, da bo lahko sodil svoje ljudstvo.
5 ကိုယ်​တော်​က``ယဇ်​ပူ​ဇော်​ခြင်း​အား​ဖြင့် ငါ​နှင့်​ပ​ဋိ​ညာဉ်​ဖွဲ့​၍​ငါ့​အား​သစ္စာ​စောင့်​သူ များ​ကို စု​ဝေး​စေ​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။
»Zberite k meni moje svete, tiste, ki so z žrtvijo sklenili zavezo z menoj.«
6 ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင်​တ​ရား​သူ​ကြီး​ဖြစ်​၍ တ​ရား​မျှ​တ​စွာ​စီ​ရင်​တော်​မူ​မည်​ဖြစ်​ကြောင်း​ကို မိုး​ကောင်း​ကင်​သည်​ကြေ​ညာ​၏။
Nebesa bodo oznanjala njegovo pravičnost, kajti sam Bog je sodnik. (Sela)
7 ကိုယ်​တော်​က``ငါ​၏​လူ​စု​တော်​ဝင်​တို့၊ နား​ထောင်​ကြ​လော့။ ငါ​မိန့်​မြွက်​တော်​မူ​မည်။ အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊​ငါ​သည်​သင်​တို့​ကို ဝေ​ဖန်​ပြစ်​တင်​မည်။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား၊​သင်​တို့​၏​ဘု​ရား ဖြစ်​တော်​မူ​၏။
»Poslušaj, oh moje ljudstvo in govoril bom, oh Izrael in pričeval bom zoper tebe. Jaz sem Bog, celó tvoj Bog.
8 သင်​တို့​သည်​ငါ့​အား​ယဇ်​နှင့်​မီး​ရှို့​ရာ ပူ​ဇော်​သ​ကာ​များ​ကို​အ​စဉ်​ဆက်​သည့်​အ​တွက် ငါ​သည်​သင်​တို့​အား​ဝေ​ဖန်​ပြစ်​တင်​မှု​မ​ပြု​လို။
Ne bom te grajal zaradi tvojih klavnih daritev ali tvojih žgalnih daritev, da so bile nenehno pred menoj.
9 သို့​ရာ​တွင်​သင်​တို့​၏​ခြံ​များ​မှ​နွား​တို့​ကို လည်း​ကောင်း၊ သင်​တို့​၏​ဆိတ်​အုပ်​များ​မှ​ဆိတ်​တို့​ကို​လည်း ကောင်း ငါ​မ​လို။
Iz tvoje hiše ne bom vzel nobenega bikca niti kozlov iz tvojih staj.
10 ၁၀ အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​သည်​တော​တိ​ရစ္ဆာန် ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ တောင်​ပေါင်း​များ​စွာ​သော​တောင်​ကုန်း​များ​ရှိ တိ​ရစ္ဆာန်​တို့​ကို​လည်း​ကောင်း​ပိုင်​သော​ကြောင့်​ဖြစ်​၏။
Kajti vsaka gozdna žival je moja in živina na tisočêrih hribih.
11 ၁၁ တော​ငှက်​အ​ပေါင်း​နှင့်​ကွင်း​ပြင်​များ​မှ​သက်​ရှိ သတ္တ​ဝါ​အ​ပေါင်း​တို့​ကို​လည်း​ငါ​ပိုင်​၏။
Poznam vso gorsko perjad in divje poljske živali so moje.
12 ၁၂ ``အ​ကယ်​၍​ငါ​သည်​ဆာ​မွတ်​ခဲ့​မူ​သင်​တို့​ထံ​မှ အ​စာ​ကို​တောင်း​မည်​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော်​ကမ္ဘာ​မြေ​ကြီး​နှင့်​ကမ္ဘာ​ပေါ်​ရှိ အ​ရာ​ဟူ​သ​မျှ​ကို​ငါ​ပိုင်​သော​ကြောင့်​ဖြစ်​၏။
Če bi bil lačen, ti ne bi povedal, kajti zemeljski [krog] je moj in njegova polnost.
13 ၁၃ ငါ​သည်​အ​မဲ​သား​ကို​စား​ပါ​သ​လော။ ဆိတ်​သွေး​ကို​သောက်​ပါ​သ​လော။
Mar bom jedel meso bikov ali pil kri koz?
14 ၁၄ ကျေး​ဇူး​တော်​ချီး​မွမ်း​ခြင်း​သည်​သာ လျှင် ဘု​ရား​သ​ခင်​အား​သင်​တို့​ပူ​ဇော်​ရာ ယဇ်​ဖြစ်​စေ​ကြ​လော့။ ထို့​ပြင်၊အ​နန္တ​တန်​ခိုး​ရှင်​အား​သင်​တို့​သစ္စာ က​တိ​ထား​သည့်​အ​တိုင်း​ပြု​ကြ​လော့။
Bogu daruj zahvaljevanje in svoje zaobljube izpolni Najvišjemu.
15 ၁၅ ဒုက္ခ​ရောက်​ချိန်​၌​ငါ့​အား​ပတ္ထ​နာ​ပြု​ကြ​လော့။ ငါ​သည်​သင်​တို့​အား​ကယ်​မည်။ သင်​တို့​သည်​လည်း​ငါ့​အား​ထော​မ​နာ ပြု​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
Obrni se k meni v dnevu stiske, osvobodil te bom in ti me boš proslavil.«
16 ၁၆ သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​က​သူ​ယုတ်​မာ အား ``သင်​သည်​အ​ဘယ်​ကြောင့်​ငါ​၏​ပ​ညတ်​တော်​တို့​ကို ရွတ်​ဆို​ရ​ပါ​သ​နည်း။ ငါ​၏​ပ​ဋိ​ညာဉ်​တော်​အ​ကြောင်း​ကို​အ​ဘယ်​ကြောင့် ပြော​ဆို​ရ​ပါ​သ​နည်း။
Toda zlobnemu Bog govori: »Kaj delaš, da oznanjaš moje zakone ali da v svoja usta jemlješ mojo zavezo?
17 ၁၇ သင်​သည်​ငါ​ဆုံး​မ​သွန်​သင်​သည်​ကို​လက်​မ​ခံ။ ငါ​၏​ပ​ညတ်​တော်​တို့​ကို​ပစ်​ပယ်​၏။
Ker sovražiš poučevanje in moje besede zavračaš za seboj.
18 ၁၈ သင်​သည်​သူ​ခိုး​နှင့်​တွေ့​လျှင်​မိတ်​ဖွဲ့​တတ်​၏။ သူ​တစ်​ပါး​၏​အိမ်​ရာ​ကို​ပြစ်​မှား​သူ​တို့​နှင့်​လည်း ပေါင်း​ဖော်​တတ်​၏။
Ko vidiš tatu, se strinjaš z njim in si postal soudeleženec z zakonolomci.
19 ၁၉ ``သင်​သည်​အ​စဉ်​ပင်​ညစ်​ညမ်း​သည့်​စ​ကား​ကို ပြော​ဆို​တတ်​၏။ မု​သား​ကို​သုံး​ရန်​အ​ဘယ်​အ​ခါ​၌​မျှ နှောင့်​နှေး​သည်​မ​ရှိ။
Svoja usta izročaš v zlo in tvoj jezik snuje prevaro.
20 ၂၀ မိ​မိ​၏​ညီ​ရင်း​အစ်​ကို​များ​ကို​ပင်​လျှင်​အ​စဉ် ပြစ်​တင်​စွပ်​စွဲ​တတ်​၏။
Sediš in govoriš zoper svojega brata, obrekuješ sina svoje matere.
21 ၂၁ သင်​သည်​ဤ​အ​မှု​တို့​ကို​ပြု​ကျင့်​သော်​လည်း ငါ​သည်​ဆိတ်​ဆိတ်​နေ​ခဲ့​၏။ သို့​ဖြစ်​၍​ငါ့​ကို​သင်​နှင့်​တူ​သည်​ဟု​ထင်​မှတ်​ခဲ့​၏။ သို့​ရာ​တွင်​ယ​ခု​ငါ​သည်​သင့်​အား​ပြော​ဆို ဆုံး​မ​မည်။ သင်​၏​အ​ပြစ်​ကို​ပွင့်​လင်း​စွာ​သင့်​အား​ဖော်ပြ​မည်။
Te stvari si storil, jaz pa sem molčal. Mislil si, da sem bil povsem takšen kakor ti. Toda grajal te bom in jih v vrsti postavil pred tvoje oči.
22 ၂၂ ``ငါ့​ကို​မေ့​လျော့​သူ​တို့၊​ဤ​အ​ချက်​ကို ဆင်​ခြင်​ကြ​လော့။ သို့​မ​ပြု​ပါ​မူ​ငါ​သည်​သင်​တို့​အား​သုတ်​သင် ဖျက်​ဆီး​မည်။ သင်​တို့​အား​ကယ်​မည့်​သူ​လည်း​တစ်​ဦး​တစ်​ယောက် မျှ ရှိ​လိမ့်​မည်​မ​ဟုတ်။
Torej preudarite to, vi, ki pozabljate Boga, da vas ne bom raztrgal na koščke in nikogar ne bo, da osvobodi.
23 ၂၃ ကျေး​ဇူး​တော်​ချီး​မွမ်း​ခြင်း​သည်​ငါ့​အား ဂုဏ်​ပြု​ရာ​ယဇ်​ပင်​ဖြစ်​၏။ ငါ့​စ​ကား​ကို​နား​ထောင်​သူ​အ​ပေါင်း​တို့​အား ဧ​ကန်​အ​မှန်​ငါ​ကယ်​မည်'' ဟု​မိန့်​တော်​မူ​၏။
Kdorkoli daruje hvalo, me poveličuje in tistemu, ki pravilno ureja svoje vedênje, bom pokazal Božjo rešitev duše.«

< ဆာလံ 50 >