< ဆာလံ 49 >

1 လူ​အ​ပေါင်း​တို့၊ဤ​စ​ကား​ကို​နာ​ယူ​ကြ​လော့။ အ​ယုတ်​အ​မြတ်၊ဆင်း​ရဲ​ချမ်း​သာ​မ​ရွေး၊ အ​ရပ်​တ​ကာ​ရှိ​လူ​ခပ်​သိမ်း​တို့​နား​ထောင်​ကြ​လော့။
လူ များအပေါင်း တို့၊ ကြား ကြလော့။ ခပ်သိမ်း သောလောက သား၊
2
အယုတ်အမြတ်၊ ကြွယ်ဝ သောသူ၊ ဆင်းရဲ သောသူတို့၊ တညီ တညွတ်တည်းနားထောင် ကြလော့။
3 ငါ​သည်​ရှင်း​လင်း​ပြတ်​သား​စွာ​တွေး​တော​ဆင် ခြင်​မည်။ အ​သိ​ပ​ညာ​နှင့်​ယှဉ်​သော​စ​ကား​များ​ကို ပြော​ဆို​မည်။
ငါ့ နှုတ် သည်ပညာ ကိုမြွတ် ဆိုမည်။ ငါ့ နှလုံး သည် ဉာဏ် နှင့်ဆိုင်သောအရာကို ဆင်ခြင် မည်။
4 ငါ​သည်​စ​ကား​ပုံ​များ​ကို​အာ​ရုံ​စိုက်​၍​စဉ်း​စား​မည်။ ယင်း​တို့​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​စောင်း​တီး​လျက် ရှင်း​လင်း​ဖော်​ပြ​မည်။
ပုံ စကားသို့ ကိုယ် နား ကိုလှည့် လျက် နက်နဲ သော အရာကို စောင်း တီး၍ ဖွင့် ပြပေအံ့။
5 ဆိုး​ယုတ်​သည့်​ရန်​သူ​တို့​သည်​ငါ့​အား ဝိုင်း​ရံ​ထား​သ​ဖြင့်​ငါ​သည်​ဘေး​သင့်​၍​နေ သော်​လည်း ကြောက်​လန့်​လိမ့်​မည်​မ​ဟုတ်။
ခဲယဉ်း ဆိုးယုတ်သောကာလ ၌ ငါ ၏အရာကို လုယူချင်သောသူတို့၏ ဒုစရိုက်အမှုသည် ငါ့ ကို ဝိုင်း သော်လည်း၊ ငါသည် အဘယ်ကြောင့် ကြောက် ရမည်နည်း။
6 ထို​သူ​တို့​သည်​မိ​မိ​တို့​၏​စည်း​စိမ်​ဥစ္စာ​ကို ယုံ​ကြည်​အား​ကိုး​သူ​များ၊ချမ်း​သာ​ကြွယ်​ဝ​မှု​ကို ကြွား​ဝါ​သူ​များ​ဖြစ်​ပေ​သည်။
ထိုသူ တို့သည် ကိုယ်ဥစ္စာ ကို ကိုးစား ၍ ၊ ကိုယ် စည်းစိမ် များ သောကြောင့်ဝါကြွား သော်လည်း၊
7 လူ​သည်​အ​ဘယ်​အ​ခါ​၌​မျှ​မိ​မိ​ကိုယ်​ကို မ​ကယ်​နိုင်၊ မိ​မိ​အ​သက်​၏​တန်​ဖိုး​ကို​ထာ​ဝ​ရ​ဘု​ရား အား မ​ပေး​မ​ဆပ်​နိုင်။
မိမိညီအစ်ကိုကို အဘယ် သူမျှအလျှင်းမ ရွေး နိုင်။ ရွေးရန်အဘိုး ကိုဘုရား သခင်၌ မ ပေး နိုင်။
8 အ​ဘယ်​ကြောင့်​ဆို​သော်​လူ​၏​အ​သက်​တန်​ဖိုး​သည် ကြီး​လွန်း​သော​ကြောင့်​ဖြစ်​၏။ သူ့​မှာ​အ​ဘယ်​အ​ခါ​၌​မျှ​အ​သက်​ဖိုး ပေး​နိုင်​စွမ်း​မ​ရှိ​သ​ဖြင့် အ​ဘယ်​သို့​လျှင်​ထာ​ဝ​စဉ်​အ​သက်​ရှင်​လျက် နေ​နိုင်​ပါ​မည်​နည်း။ အ​ဘယ်​သို့​လျှင်​သင်္ချိုင်း​တွင်း​သို့​မ​ဆင်း​ဘဲ နေ​နိုင်​ပါ​မည်​နည်း။
သူ တို့အသက် ဝိညာဉ်၏ ရွေး ရန် အဘိုး ကြီးလှပေ၏။ သို့ဖြစ်၍ အစဉ် ရှုံး လျက် နေရမည်။
9
ရွေးလျှင် အစဉ် အမြဲအသက် ရှင်ရာ၏။ ပုပ်စပ် ခြင်းသို့ မ ရောက်ရာ။
10 ၁၀ ပ​ညာ​ရှိ​တို့​သည်​လည်း​ကောင်း၊မိုက်​မဲ​၍ အ​သိ​ဉာဏ်​တုံး​သူ​တို့​သည်​လည်း​ကောင်း သေ​ခြင်း​တ​ရား​ကို​မ​လွန်​ဆန်​နိုင်​ကြောင်း​ကို မည်​သူ​မ​ဆို​တွေ့​မြင်​နိုင်​ပေ​သည်။ သူ​တို့​အား​လုံး​ပင်​မိ​မိ​တို့​၏​ဥစ္စာ​ပစ္စည်း​များ​ကို သား​မြေး​များ​အ​တွက်​ထား​ခဲ့​ရ​ကြ​၏။
၁၀ထင်ရှား သောအရာဟူမူကား ၊ ပညာရှိ သောသူတို့ သည် သေ တတ်ကြ၏။ ထို အတူမိုက် သောသူနှင့် တိရစ္ဆာန် သဘောရှိသောသူတို့ သည် ပျက်စီး ခြင်း သို့ရောက်၍ ၊ မိမိ တို့ဥစ္စာ ကို သူတပါး တို့၌ ချန် ထားကြ၏။
11 ၁၁ အ​ခါ​တစ်​ပါး​က​သူ​တို့​သည်​မြေ​ပိုင်​ရှင်​များ ဖြစ်​ခဲ့​ဖူး​သော်​လည်း ယ​ခု​အ​ခါ​သင်္ချိုင်း​တွင်း​များ​သာ​လျှင် ထို​သူ​တို့​အ​ခါ​ခပ်​သိမ်း​နေ​ထိုင်​ရာ၊ ထာ​ဝ​ရ​နေ​အိမ်​များ​ဖြစ်​ပေ​သည်။
၁၁မိမိ တို့အိမ် သည် ထာဝရ ဖြစ်လိမ့်မည်။ မိမိ တို့ နေရာ လည်း လူမျိုး အစဉ်အဆက်တည်လိမ့်မည်။ မိမိ တို့ နာမ သည် မြေ ပေါ် မှာ ကျော်စော လိမ့်မည်ဟု သူ တို့ စိတ် ထင်ရှိကြ၏။
12 ၁၂ လူ​သည်​စည်း​စိမ်​ချမ်း​သာ​ခံ​စား​၍​တည်​မြဲ သည်​မ​ဟုတ်။ သူ​သည်​တိ​ရစ္ဆာန်​များ​ကဲ့​သို့​ပင်​သေ​ရ​ပေ​လိမ့်​မည်။
၁၂သို့ရာတွင် လူ သည်ဂုဏ် အသရေ၌ မ တည် မနေ တတ်။ ပျက်စီး ခြင်းသို့ ရောက်တတ်သော တိရစ္ဆာန် နှင့် တူ ၏။
13 ၁၃ မိ​မိ​တို့​ကိုယ်​ကို​ယုံ​ကြည်​အား​ကိုး​သူ​များ၊ မိ​မိ​တို့​စည်း​စိမ်​ချမ်း​သာ​ဖြင့်​ကျေ​နပ်​နေ​သူ များ​၏ ကံ​ကြမ္မာ​ကို​ကြည့်​ကြ​လော့။
၁၃ထိုသို့ ပြုမူ ခြင်းအရာသည် သူ တို့၏ကိုးစား ရာ ဖြစ်၍ ၊ သူ တို့သားမြေးတို့သည် သူ တို့စကား ကို နှစ်သက် တတ်ကြ၏။
14 ၁၄ သူ​တို့​သည်​သိုး​များ​ကဲ့​သို့​သေ​ကြ​ရ​၏။ သေ​မင်း​သည်​သူ​တို့​၏​သိုး​ထိန်း​ဖြစ်​လိမ့်​မည်။ သူ​တို့​၏​ကိုယ်​ခန္ဓာ​များ​သည်​မိ​မိ​တို့​အိမ်​နှင့် ဝေး​ကွာ​လှ​သည့်​မ​ရ​ဏာ​နိုင်​ငံ​တွင် မ​ကြာ​မီ​ပုပ်​ပျက်​သွား​စဉ်​သူ​တော်​ကောင်း​တို့ သည် သူ​တို့​ကို​အ​နိုင်​ရ​ကြ​လိမ့်​မည်။ (Sheol h7585)
၁၄ထိုသူ တို့ကို သိုး များကဲ့သို့ မရဏာ နိုင်ငံ၌ ချ ထား ၍ သေမင်း စား လိမ့်မည်။ ကာလ မကြာမမြင့်မှီ ဖြောင့်မတ် သောသူတို့သည် အုပ်စိုး ရကြလိမ့်မည်။ သူ တို့၏ ကိုယ် ခန္ဓါသည် ဖောက်ပြန် ဘို့ ရာဖြစ်၏။ မရဏာ နိုင်ငံသည် သူ တို့၏ နေရာ ဖြစ်၏။ (Sheol h7585)
15 ၁၅ သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကို ကယ်​တော်​မူ​လိမ့်​မည်။ သေ​မင်း​၏​လက်​မှ​ငါ့​ကို​ကယ်​တင်​တော်​မူ​လိမ့်​မည်။ (Sheol h7585)
၁၅ငါ့ ကိုမူကား ၊ ဘုရား သခင်သိမ်းယူ တော်မူသောကြောင့် ၊ ငါ ၏ဝိညာဉ် ကို မရဏာ နိုင်ငံ၏ တန်ခိုး မှ ရွေး တော်မူမည်။ (Sheol h7585)
16 ၁၆ လူ​တစ်​စုံ​တစ်​ယောက်​သည်​ချမ်း​သာ​ကြွယ်​ဝ​ကာ သူ​၏​စည်း​စိမ်​ဥစ္စာ​သည်​လည်း​ပို​၍​ပင် တိုး​ပွား​လာ​သော​အ​ခါ​သင်​သည် စိတ်​မ​ကောင်း​မ​ဖြစ်​နှင့်။
၁၆သူတပါး သည် ဥစ္စာ ကြွယ်ဝ၍ ၊ အိမ် ၏ဂုဏ် အသရေတိုးပွါး သောအခါ သင်သည် မ စိုးရိမ် နှင့်။
17 ၁၇ သူ​သည်​သေ​သော​အ​ခါ​ထို​စည်း​စိမ်​ဥစ္စာ​ကို ယူ​၍​မ​သွား​နိုင်။ ယင်း​စည်း​စိမ်​ဥစ္စာ​သည်​သူ​နှင့်​အ​တူ​သင်္ချိုင်း တွင်း​သို့ လိုက်​ပါ​သွား​နိုင်​လိမ့်​မည်​မဟုတ်။
၁၇ထိုသူ သည်သေ သောအခါ ၊ အဘယ် ဥစ္စာမျှ မ ပါ ရ။ သူ ၏ဂုဏ် အသရေသည် သူ့ နောက် သို့ မ ဆင်းသက် ရ။
18 ၁၈ လူ​သည်​မိ​မိ​ဘ​ဝ​နှင့်​ကျေ​နပ်​၍ မိ​မိ​၏​အောင်​မြင်​မှု​အ​တွက်​အ​ချီး​အ​မွမ်း ခံ​ရ​စေ​ကာ​မူ
၁၈ထိုသူ သည် အသက် ရှင်စဉ် အခါ၊ မိမိ ဝိညာဉ် ကို ကောင်းကြီး ပေး တတ်၏။ မိမိ အကျိုး ကို ပြုစုသောအခါ သူတပါးတို့သည်ချီးမွမ်း တတ်ကြ၏။
19 ၁၉ သေ​ချိန်​၌​ဘိုး​ဘေး​တို့​ရှိ​ရာ​ထာ​ဝ​စဉ်​မှောင် မိုက်​လျက် နေ​သည့်​အ​ရပ်​သို့​သွား​ရ​မည်။
၁၉သို့သော်လည်း၊ သူသည် သူ ၏ဘိုးဘေး အမျိုး ရှိရာသို့ သွား ရလိမ့်မည်။ ကာလ အစဉ်အဆက် သူတို့သည်အလင်း ကို မ မြင် ရကြ။
20 ၂၀ လူ​သည်​စည်း​စိမ်​ချမ်း​သာ​ခံ​စား​ရ​သော်​လည်း တိ​ရ​စ္ဆာန်​များ​ကဲ့​သို့​ပင်​သေ​ရ​ပေ​လိမ့်​မည်။
၂၀ဂုဏ် အသရေနှင့် ပြည့်စုံလျက် ပညာ သတိမ ရှိ သောသူသည်ကား ၊ ပျက်စီး ခြင်းသို့ ရောက်တတ်သော တိရစ္ဆာန် နှင့် တူ ၏။

< ဆာလံ 49 >