< ဆာလံ 49 >
1 ၁ လူအပေါင်းတို့၊ဤစကားကိုနာယူကြလော့။ အယုတ်အမြတ်၊ဆင်းရဲချမ်းသာမရွေး၊ အရပ်တကာရှိလူခပ်သိမ်းတို့နားထောင်ကြလော့။
科辣黑後裔歌,用高音,交與樂官。 關於這事,請萬民都要靜聽,普世居民,請你們側耳細聽,
3 ၃ ငါသည်ရှင်းလင်းပြတ်သားစွာတွေးတောဆင် ခြင်မည်။ အသိပညာနှင့်ယှဉ်သောစကားများကို ပြောဆိုမည်။
我的口要宣講智慧,我的心要思念哲理。
4 ၄ ငါသည်စကားပုံများကိုအာရုံစိုက်၍စဉ်းစားမည်။ ယင်းတို့၏အနက်အဋ္ဌိပ္ပါယ်ကိုစောင်းတီးလျက် ရှင်းလင်းဖော်ပြမည်။
我要側耳恭聽諺語,我要鼓琴解釋隱語。
5 ၅ ဆိုးယုတ်သည့်ရန်သူတို့သည်ငါ့အား ဝိုင်းရံထားသဖြင့်ငါသည်ဘေးသင့်၍နေ သော်လည်း ကြောက်လန့်လိမ့်မည်မဟုတ်။
當陷害我者的毒謀圍我時,在我困厄的日期,我有何所懼?
6 ၆ ထိုသူတို့သည်မိမိတို့၏စည်းစိမ်ဥစ္စာကို ယုံကြည်အားကိုးသူများ၊ချမ်းသာကြွယ်ဝမှုကို ကြွားဝါသူများဖြစ်ပေသည်။
因為他們只知依恃財產的富足,他們只會誇耀自己金錢的豐裕;
7 ၇ လူသည်အဘယ်အခါ၌မျှမိမိကိုယ်ကို မကယ်နိုင်၊ မိမိအသက်၏တန်ဖိုးကိုထာဝရဘုရား အား မပေးမဆပ်နိုင်။
但是金錢不能使任何人得救,決不能把人的贖債還給天主,
8 ၈ အဘယ်ကြောင့်ဆိုသော်လူ၏အသက်တန်ဖိုးသည် ကြီးလွန်းသောကြောင့်ဖြစ်၏။ သူ့မှာအဘယ်အခါ၌မျှအသက်ဖိုး ပေးနိုင်စွမ်းမရှိသဖြင့် အဘယ်သို့လျှင်ထာဝစဉ်အသက်ရှင်လျက် နေနိုင်ပါမည်နည်း။ အဘယ်သို့လျှင်သင်္ချိုင်းတွင်းသို့မဆင်းဘဲ နေနိုင်ပါမည်နည်း။
因為人命的贖債非常昂貴,任何金錢也決不足以贖回,
10 ၁၀ ပညာရှိတို့သည်လည်းကောင်း၊မိုက်မဲ၍ အသိဉာဏ်တုံးသူတို့သည်လည်းကောင်း သေခြင်းတရားကိုမလွန်ဆန်နိုင်ကြောင်းကို မည်သူမဆိုတွေ့မြင်နိုင်ပေသည်။ သူတို့အားလုံးပင်မိမိတို့၏ဥစ္စာပစ္စည်းများကို သားမြေးများအတွက်ထားခဲ့ရကြ၏။
你看,智者死去,愚昧者也同樣沉淪,他們都將自己的財產遺留給別人。
11 ၁၁ အခါတစ်ပါးကသူတို့သည်မြေပိုင်ရှင်များ ဖြစ်ခဲ့ဖူးသော်လည်း ယခုအခါသင်္ချိုင်းတွင်းများသာလျှင် ထိုသူတို့အခါခပ်သိမ်းနေထိုင်ရာ၊ ထာဝရနေအိမ်များဖြစ်ပေသည်။
他們雖然曾以自己的名號,給一些地方命名,但是他們永久的住宅,萬代的居所卻是墳塋。
12 ၁၂ လူသည်စည်းစိမ်ချမ်းသာခံစား၍တည်မြဲ သည်မဟုတ်။ သူသည်တိရစ္ဆာန်များကဲ့သို့ပင်သေရပေလိမ့်မည်။
人在富貴中絕不能久長,將與牲畜無異,同樣死亡。
13 ၁၃ မိမိတို့ကိုယ်ကိုယုံကြည်အားကိုးသူများ၊ မိမိတို့စည်းစိမ်ချမ်းသာဖြင့်ကျေနပ်နေသူ များ၏ ကံကြမ္မာကိုကြည့်ကြလော့။
這就是自滿昏愚者的終途,這就是自誇幸運者的末路。
14 ၁၄ သူတို့သည်သိုးများကဲ့သို့သေကြရ၏။ သေမင်းသည်သူတို့၏သိုးထိန်းဖြစ်လိမ့်မည်။ သူတို့၏ကိုယ်ခန္ဓာများသည်မိမိတို့အိမ်နှင့် ဝေးကွာလှသည့်မရဏာနိုင်ငံတွင် မကြာမီပုပ်ပျက်သွားစဉ်သူတော်ကောင်းတို့ သည် သူတို့ကိုအနိုင်ရကြလိမ့်မည်။ (Sheol )
他們就如羊群一般被人趕入深坑,死亡要牧放他們,義人要主宰他們。他們的容貌即刻色衰,陰間將是他們的住宅。 (Sheol )
15 ၁၅ သို့ရာတွင်ထာဝရဘုရားသည်ငါ့ကို ကယ်တော်မူလိမ့်မည်။ သေမင်း၏လက်မှငါ့ကိုကယ်တင်တော်မူလိမ့်မည်။ (Sheol )
但是天主必救我靈脫離陰府,因為祂要把我接走。 (Sheol )
16 ၁၆ လူတစ်စုံတစ်ယောက်သည်ချမ်းသာကြွယ်ဝကာ သူ၏စည်းစိမ်ဥစ္စာသည်လည်းပို၍ပင် တိုးပွားလာသောအခါသင်သည် စိတ်မကောင်းမဖြစ်နှင့်။
不要嫉妒他人變成富翁,不要忌恨他人家產倍增;
17 ၁၇ သူသည်သေသောအခါထိုစည်းစိမ်ဥစ္စာကို ယူ၍မသွားနိုင်။ ယင်းစည်းစိမ်ဥစ္စာသည်သူနှင့်အတူသင်္ချိုင်း တွင်းသို့ လိုက်ပါသွားနိုင်လိမ့်မည်မဟုတ်။
因為他死時什麼也不能帶走,他的財產也不能隨著他同去。
18 ၁၈ လူသည်မိမိဘဝနှင့်ကျေနပ်၍ မိမိ၏အောင်မြင်မှုအတွက်အချီးအမွမ်း ခံရစေကာမူ
他在生時雖我陶醉說:「只要你幸福,人必誇讚你。」
19 ၁၉ သေချိန်၌ဘိုးဘေးတို့ရှိရာထာဝစဉ်မှောင် မိုက်လျက် နေသည့်အရပ်သို့သွားရမည်။
他終要回去和他的祖先相逢,永永遠遠他再不能看到光明。
20 ၂၀ လူသည်စည်းစိမ်ချမ်းသာခံစားရသော်လည်း တိရစ္ဆာန်များကဲ့သို့ပင်သေရပေလိမ့်မည်။
人在富貴中,不深思遠慮,將與牲畜無異,都要死去