< ဆာလံ 48 >

1 ထာ​ဝ​ရ​ဘု​ရား​သည်​ကြီး​မြတ်​တော်​မူ​၍​သန့်​ရှင်း မြင့်​မြတ်​သည့်​တောင်​တော် တည်း​ဟူ​သော ငါ​တို့​ဘု​ရား​၏​မြို့​တော်​တွင်​အ​လွန် ထော​မ​နာ​ပြု​ခြင်း​ကို​ခံ​ထိုက်​ပေ​၏။
A Canticle Psalm. To the sons of Korah, on the second Sabbath. The Lord is great and exceedingly praiseworthy, in the city of our God, on his holy mountain.
2 ဘု​ရား​သ​ခင်​၏​တောင်​တော်​ဖြစ်​သည့် ဇိ​အုန်​တောင်​သည်​မြင့်​မား​၍​လှ​ပ​တင့်​တယ် ပါ​၏။ မ​ဟာ​မင်း​မြတ်​၏​မြို့​တော်​သည်​ကမ္ဘာ​သူ ကမ္ဘာ​သား​တို့​အား​စိတ်​ရွှင်​လန်း​စေ​ပါ​၏။
Mount Zion is being founded with the exultation of the whole earth, on the north side, the city of the great king.
3 ထို​မြို့​တော်​၏​ခံ​တပ်​များ​အ​တွင်း​အ​ထံ တော်​တွင် ဘေး​မဲ့​လုံ​ခြုံ​မှု​ရှိ​ကြောင်း​ကို​ဘု​ရား​သ​ခင် ပြ​သ​တော်​မူ​ပြီ။
In her houses, God will be known, since he will support her.
4 ရှင်​ဘု​ရင်​တို့​သည်​စု​ရုံး​လျက်​ဇိ​အုန်​တောင်​ကို တိုက်​ခိုက်​ရန်​ချီ​တက်​လာ​ကြ​၏။
For behold, the kings of the earth have been gathered together; they have convened as one.
5 ထို​တောင်​ကို​မြင်​သော​အ​ခါ​သူ​တို့​သည် အံ့​သြ​ထိတ်​လန့်​၍​ထွက်​ပြေး​ကြ​၏။
Such did they see, and they were astonished: they were disturbed, they were moved.
6 သူ​တို့​သည်​သား​ဖွား​ချိန်​နီး​သည့် အ​မျိုး​သ​မီး​ကဲ့​သို့​လည်း​ကောင်း၊ ပြင်း​ထန်​သော​လေ​မုန်​တိုင်း​မိ​သ​ဖြင့်​လူး​နေ​ရ​သော သင်္ဘော​ကြီး​များ​ကဲ့​သို့​လည်း​ကောင်း ထိတ်​လန့်​တုန်​လှုပ်​ကြ​ကုန်​၏။
Trembling took hold of them. In that place, their pains were that of a woman in labor.
7
With a vehement spirit, you will crush the ships of Tarshish.
8 ကိုယ်​တော်​ပြု​တော်​မူ​သော​အ​မှု​အ​ရာ​များ​ကို ငါ​တို့​ကြား​ဖူး​ကြ​၏။ ယင်း​သို့​ကြား​ဖူး​ကြ​သည့်​အ​တိုင်း​အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော​ငါ​တို့​ဘု​ရား​၏ မြို့​တော်​တွင်​ယ​ခု​ငါ​တို့​တွေ့​မြင်​ကြ​ရ​လေ​ပြီ။ ကိုယ်​တော်​သည်​ထို​မြို့​တော်​ကို​ကာ​လ​အ​စဉ်​အ​ဆက် ဘေး​မဲ့​လုံ​ခြုံ​စွာ​ထား​တော်​မူ​လိမ့်​မည်။
As we have heard, so we have seen, in the city of the Lord of hosts, in the city of our God. God has founded it in eternity.
9 အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​၏​ဗိ​မာန်​တော်​အ​တွင်း​၌ ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​၏​ခိုင်​မြဲ​သော မေတ္တာ​တော်​အ​ကြောင်း​ကို​ဆင်​ခြင်​ကြ​ပါ​၏။
We have received your mercy, O God, in the midst of your temple.
10 ၁၀ နေ​ရာ​တ​ကာ​တွင်​လူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ရှင်​အား​ထော​မ​နာ​ပြု​ကြ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​ဂုဏ်​သ​တင်း​သည် ကမ္ဘာ​တစ်​ဝန်း​လုံး​သို့​ပျံ့​နှံ့​နေ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​တ​ရား​မျှ​တ​စွာ အုပ်​စိုး​တော်​မူ​ပါ​၏။
According to your name, O God, so does your praise reach to the ends of the earth. Your right hand is full of justice.
11 ၁၁ ဇိ​အုန်​မြို့​သူ​မြို့​သား​တို့​သည်​ဝမ်း​မြောက် ကြ​ပါ​စေ။ ကိုယ်​တော်​သည်​ဖြောင့်​မှန်​စွာ​တ​ရား​စီ​ရင် တော်​မူ​ပါ​၏။ ယု​ဒ​ပြည်​မြို့​ကြီး​များ​တွင်​ရွှင်​လန်း​မှု​ရှိ ပါ​စေ။
Let mount Zion rejoice, and let the daughters of Judah exult, because of your judgments, O Lord.
12 ၁၂ ဘု​ရား​သ​ခင်​၏​လူ​စု​တော်​ဝင်​တို့၊ဇိ​အုန်​တောင် ကို လှည့်​ပတ်​၍​ပြ​အိုး​တို့​ကို​ရေ​တွက်​လော့။
Encircle Zion and embrace her. Discourse in her towers.
13 ၁၃ ထို​မြို့​၏​တံ​တိုင်း​များ​ကို​မှတ်​သား​၍​ခံ​တပ် များ​ကို စစ်​ဆေး​ကြည့်​ရှု​ကြ​လော့။ ထို​အ​ခါ​သင်​တို့​သည်``ဤ​ဘု​ရား​ကား ကမ္ဘာ​အ​ဆက်​ဆက်​ငါ​တို့​၏​ဘု​ရား​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​သည်​ထာ​ဝ​စဉ်​ငါ​တို့​အား လမ်း​ပြ​ပို့​ဆောင်​တော်​မူ​လိမ့်​မည်'' ဟု နောင်​လာ​နောက်​သား​တို့​အား ပြော​ကြား​နိုင်​ကြ​လိမ့်​မည်။
Set your hearts on her virtue. And distribute her houses, so that you may discourse of it in another generation.
14 ၁၄
For this is God, our God, in eternity and forever and ever. He will rule us forever.

< ဆာလံ 48 >