< ဆာလံ 47 >
1 ၁ လူမျိုးအပေါင်းတို့၊ရွှင်လန်းစွာလက်ခုပ်တီး ကြလော့။ အသံကျယ်စွာသီချင်းဆို၍ထာဝရဘုရား အား ထောမနာပြုကြလော့။
၁လူ များအပေါင်း တို့၊ လက်ခုပ် တီးကြလော့။ ဘုရား သခင် ထံသို့ အောင် သံ ကို လွှင့်၍ ကြွေးကြော် ကြလော့။
2 ၂ အမြင့်မြတ်ဆုံးဖြစ်တော်မူသောထာဝရဘုရား သည် ကြောက်မက်ဖွယ်ကောင်းပေ၏။ ကိုယ်တော်သည်ကမ္ဘာတစ်ဝန်းလုံးကို အစိုးရတော်မူသောဘုရင်မင်းမြတ်ဖြစ်တော် မူ၏။
၂အကြောင်း မူကား၊ အမြင့်ဆုံး သော ထာဝရဘုရား သည် ကြောက်မက် ဘွယ်သောဘုရား၊ မြေကြီး တပြင်လုံး ကို အစိုးရသောမဟာ မင်းကြီး ဖြစ်တော်မူ၏။
3 ၃ ကိုယ်တော်သည်ငါတို့အားလူမျိုးတကာတို့ကို အနိုင်ရစေ၍ တိုင်းနိုင်ငံတို့ကိုအုပ်စိုးစေတော်မူ၏။
၃လူစု တို့ကို ငါ တို့အောက် ၌၎င်း၊ လူမျိုး တို့ကို ငါ တို့ခြေ အောက် ၌၎င်း နှိမ့်ချ တော်မူ၏။
4 ၄ ကိုယ်တော်သည်ငါတို့နေထိုင်ရာပြည်ကို ရွေးချယ်ပေးတော်မူ၏။ ထိုပြည်ကားကိုယ်တော်ချစ်မြတ်နိုးတော်မူ သော လူစုတော်ပိုင်ဆိုင်၍ဂုဏ်ယူဝါကြွားစရာဖြစ် ပေသည်။
၄ချစ် တော်မူသောယာကုပ် ၏ ဘုန်း ဖြစ်သော ငါ တို့အမွေ ကို ငါ တို့အဘို့ ရွေး ပေးတော်မူ၏။
5 ၅ ဘုရားသခင်သည်မိမိ၏ရာဇပလ္လင်တော်သို့ တက်ကြွတော်မူ၏။ ထာဝရဘုရားတက်ကြွတော်မူသောအခါ ရွှင်လန်းဝမ်းမြောက်စွာကြွေးကြော်သည့်အသံ များနှင့် တံပိုးခရာမှုတ်သံများကိုကြားရကြ၏။
၅ကြွေးကြော် ခြင်းအသံနှင့် ဘုရား သခင်တက် တော်မူ၏။ တံပိုး မှုတ်ခြင်းအသံ နှင့် ထာဝရဘုရား တက်တော်မူ၏။
6 ၆ ဘုရားသခင်အားထောမနာပြုကြလော့။ ငါတို့ဘုရင်အားချီးမွမ်းသီချင်းဆိုကြလော့။
၆ဘုရား သခင်ကို ချီးမွမ်း ၍ သီချင်း ဆိုကြလော့။ သီချင်း ဆိုကြလော့။ ငါ တို့၏ရှင် ဘုရင်ကို ချီးမွမ်း၍ သီချင်း ဆိုကြလော့။ သီချင်းဆိုကြလော့။
7 ၇ ဘုရားသခင်သည်ကမ္ဘာတစ်ဝန်းလုံး၏ဘုရင် ဖြစ်တော်မူ၏။ သီချင်းများဖြင့်ကိုယ်တော်အားထောမနာပြု ကြလော့။
၇အကြောင်း မူကား၊ ဘုရား သခင်သည် မြေကြီး တပြင်လုံး ကိုအစိုးရသောမင်း ဖြစ်တော်မူ၏။ ချီးမွမ်းခြင်း ထောမနာ သီချင်း ကို ဆိုကြလော့။
8 ၈ ဘုရားသခင်သည်သန့်ရှင်းမြင့်မြတ်သော ရာဇပလ္လင်တော်ပေါ်တွင်ထိုင်တော်မူ၏။ တိုင်းနိုင်ငံအပေါင်းကိုအုပ်စိုးတော်မူ၏။
၈ဘုရား သခင်သည် လူမျိုး တို့တွင် စိုးစံ တော်မူ၏။ ဘုရား သခင်သည် သန့်ရှင်း သော ပလ္လင် တော်ပေါ် မှာ ထိုင် တော်မူ၏။
9 ၉ တိုင်းနိုင်ငံတို့ကိုအုပ်စိုးသည့်မင်းတို့သည် လာ၍ အာဗြဟံကိုးကွယ်သောထာဝရဘုရား၏ လူစုတော်နှင့်အတူစုဝေးကြကုန်၏။ ကိုယ်တော်သည်လောကစစ်တပ်ရှိသမျှတို့ ထက် တန်ခိုးကြီးတော်မူ၏။ ကိုယ်တော်သည်တန်ခိုးအကြီးဆုံးဘုရင် ဖြစ်တော်မူပါ၏။
၉လူမျိုး တို့၏ အကြီး အကဲတို့သည် အာဗြဟံ ကိုးကွယ်သော ဘုရား သခင်၏လူမျိုး ထံမှာစုဝေး လျက် ရှိကြ၏။ အကြောင်း မူကား၊ မြေကြီး တန်ခိုး များကို ဘုရား သခင် ပိုင်တော်မူ၏။ အထူး သဖြင့်ချီးမြှောက် ခြင်း ရှိတော်မူ ၏။