< ဆာလံ 46 >

1 ဘု​ရား​သ​ခင်​သည်​ငါ​တို့​ခို​လှုံ​ရာ၊ ငါ​တို့​စွမ်း​အား​ဖြစ်​တော်​မူ​၏။ ဒုက္ခ​ရောက်​ချိန်​၌​ငါ​တို့​အား​ကူ​မ​ရန်​အ​စဉ်​ပင် အ​သင့်​ရှိ​တော်​မူ​၏။
God is the one who protects us and causes us to be strong; he is always ready to help us when we have troubles.
2 သို့​ဖြစ်​၍​ပ​ထ​ဝီ​မြေ​ကြီး​တုန်​လှုပ်​လျက် တောင်​များ​သည်​နက်​ရှိုင်း​ရာ​သ​မုဒ္ဒ​ရာ​ထဲ​သို့ ကျ​လျှင်​သော်​လည်း​ကောင်း၊ ပင်​လယ်​လှိုင်း​တံ​ပိုး​ထ​၍​အ​သံ​မြည်​ဟည်း​သ​ဖြင့် တောင်​များ​တုန်​လှုပ်​သော်​လည်း​ကောင်း​ငါ​တို့​သည် ကြောက်​လန့်​လိမ့်​မည်​မ​ဟုတ်။
So, even if the earth shakes, we will not be afraid. Even if the mountains fall into the middle of the sea,
3
and if the water in the sea roars and foams, and the hills shake violently, we will not be afraid!
4 ဘု​ရား​သ​ခင်​၏​မြို့​တော်​တည်း​ဟူ​သော အ​မြင့်​မြတ်​ဆုံး​ဘု​ရား​ကိန်း​ဝပ်​တော်​မူ​ရာ ဌာ​န​တော်​ကို​သာ​ယာ​ရွှင်​လန်း​စေ​သော မြစ်​ရှိ​၏။
[Blessings that come from] God are like a river that makes everyone in the city where [we worship] God joyful. It is the city where the temple of God, who is greater than any other god, exists.
5 ထို​မြို့​တော်​သည်​ဘု​ရား​သ​ခင်​ကိန်း​ဝပ်​တော် မူ​ရာ ဖြစ်​သ​ဖြင့်​အ​ဘယ်​အ​ခါ​၌​မျှ​မ​ပျက်​စီး​ရ။ နေ​အ​ရုဏ်​တက်​စ​အ​ချိန်​၌​ကိုယ်​တော်​သည် ကြွ​လာ​တော်​မူ​၍​ထို​မြို့​ကို​ကူ​မ​တော်​မူ လိမ့်​မည်။
God is in this city, and it will never be destroyed; he will [come to] help [the people in] that city at dawn every day.
6 လူ​မျိုး​အ​ပေါင်း​တို့​သည်​ထိတ်​လန့်​တုန်​လှုပ်​ကြ​၏။ ဘု​ရား​သ​ခင်​မိန့်​မြွက်​တော်​မူ​သော​အ​ခါ ကမ္ဘာ​မြေ​ကြီး​သည်​အ​ရည်​ပျော်​လေ​၏။
[Sometimes] the [people of many] nations are terrified; kingdoms (are overthrown/cease to exist); God speaks [loudly like thunder], and the earth melts (OR, people everywhere become terrified) [MET].
7 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​၏။ ယာ​ကုပ်​၏​ဘု​ရား​သည်​ငါ​တို့​ခို​လှုံ​ရာ​ဖြစ် တော်​မူ​၏။
But Yahweh, the commander of the armies of heaven, is with us; the God whom Jacob worshiped (OR, we Israeli people worship) is our refuge.
8 လာ​ကြ၊ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော အ​မှု​တော်​တို့​ကို​ကြည့်​ကြ​လော့။ ကမ္ဘာ​မြေ​ပေါ်​တွင်​ပြု​တော်​မူ​သော​အံ့​သြ​ဖွယ် အ​မှု​အ​ရာ​များ​ကို​ကြည့်​ကြ​လော့။
Come and (see/think about) the amazing things that Yahweh has done [DOU]!
9 ကိုယ်​တော်​သည်​ကမ္ဘာ​တစ်​ဝန်း​လုံး​တွင် တိုက်​ခိုက်​မှု​များ​ကို​ငြိမ်း​စေ​တော်​မူ​၏။ လေး​တို့​ကို​ချိုး​၍​လှံ​တို့​ကို​အ​ပိုင်း​ပိုင်း​ဖြတ်​ကာ ဒိုင်း​တို့​ကို​မီး​ရှို့​တော်​မူ​၏။
He stops wars all over the world; he breaks bows [and arrows]; he destroys spears; he burns up shields.
10 ၁၀ ကိုယ်​တော်​က``တိုက်​ခိုက်​မှု​ကို​ရပ်​စဲ​ကြ​လော့၊ ငါ​သည်​လူ​မျိုး​တ​ကာ​တို့​တွင်​လည်း​ကောင်း၊ ကမ္ဘာ​တစ်​ဝန်း​လုံး​တွင်​လည်း​ကောင်း ဘု​ရား​ဖြစ်​တော်​မူ​သည်​ကို​သိ​မှတ်​ကြ​လော့'' ဟု မိန့်​တော်​မူ​၏။
[God says], “Be quiet, and remember that I am God! I will be honored by the people of all nations. I will be honored all over the earth.”
11 ၁၁ အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​သည် ငါ​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​၏။ ယာ​ကုပ်​၏​ဘု​ရား​သည်​ငါ​တို့​ခို​လှုံ​ရာ​ဖြစ် တော်​မူ​၏။
[So never forget that] Yahweh, the commander of the armies of heaven, is with us; the God whom Jacob worshiped (OR, we Israeli people worship) is our refuge.

< ဆာလံ 46 >