< ဆာလံ 45 >
1 ၁ မင်းကြီး၏အတွက်ဤသီချင်းကိုငါရေးစပ်နေစဉ် ငါ၏စိတ်နှလုံးသည်မင်္ဂလာစကားများနှင့် ပြည့်လျှံလျက်ရှိပါ၏။ ငါ၏နှုတ်သည်စာရေးဆရာကောင်းတစ် ယောက်၏ ကလောင်နှင့်တူပါ၏။
Instrução e canção de amor, para o regente; dos filhos de Coré, conforme “os lírios”: Meu coração derrama palavras boas; digo meus versos sobre o Rei; minha língua é pena de um habilidoso escriba.
2 ၂ အရှင်မင်းကြီးသည်လူတကာတို့ထက် အဆင်းလှပါ၏။ မွန်မြတ်သောစကားကိုမိန့်မြွက်တော်မူတတ်ပါ၏။ သို့ဖြစ်၍ဘုရားသခင်၏ကောင်းချီးမင်္ဂလာကို ထာဝစဉ်ခံစားတော်မူရပါ၏။
Tu és o mais belo dos filhos dos homens; graça foi derramada em teus lábios, por isso Deus te bendisse para sempre.
3 ၃ တန်ခိုးကြီးတော်မူသောအရှင်၊ဋ္ဌားတော်ကို တပ်ဆင်တော်မူပါ။ အရှင်မင်းကြီးသည်တန်ခိုးတော်၊ ဘုန်းအသရေတော်နှင့်ပြည့်စုံတော်မူပါ၏။
Põe tua espada ao redor de tua coxa, ó valente; [com] tua glória e tua honra.
4 ၄ သစ္စာတရားနှင့်တရားမျှတမှုစိုးမိုးရေး အတွက် ဘုန်းအသရေတော်နှင့်တကွချီတက်တိုက် ခိုက်၍ အောင်ပွဲခံတော်မူပါ။ အရှင်မင်းကြီးသည်မိမိ၏စွမ်းရည်အားဖြင့် အောင်ပွဲကြီးများကိုခံရပါလိမ့်မည်။
E [em] tua glória prosperamente cavalga, sobre a palavra da verdade e da justa mansidão; e tua mão direita ensinará coisas temíveis.
5 ၅ မြားတော်တို့သည်ထက်သည်ဖြစ်၍ရန်သူတို့၏ နှလုံးသားကိုထိုးဖောက်ပါ၏။ လူမျိုးတကာတို့သည်ခြေတော်ရင်း၌လဲကြ ပါ၏။
Tuas flechas [são] afiadas no coração dos inimigos do Rei; povos cairão debaixo de ti.
6 ၆ အရှင်မင်းကြီးအားဘုရားသခင် ပေးအပ်တော်မူသောရာဇပလ္လင်သည် ကာလအစဉ်အဆက်တည်လိမ့်မည်။ အရှင်မင်းကြီးသည်မိမိ၏တိုင်းနိုင်ငံကို တရားမျှတစွာအုပ်စိုးတော်မူပါ၏။
Deus, teu trono é eterno e dura para sempre; o cetro de teu reino [é] cetro de equidade.
7 ၇ အမှန်တရားကိုနှစ်သက်၍ဆိုးညစ်မှုကို မုန်းတော်မူပါ၏။ သို့ဖြစ်သောကြောင့်အရှင်မင်းကြီး၏ ဘုရားတည်းဟူသောဘုရားသခင်သည် အရှင်မင်းကြီးအားရွေးချယ်တော်မူပြီးလျှင် အခြားဘုရင်အပေါင်းတို့ထက် ချီးမြှောက်၍ဝမ်းမြောက်ခြင်းတည်းဟူသော ဆီကိုသွန်းတော်မူပါပြီ။
Tu amas a justiça e odeias a maldade; por isso Deus, o teu Deus te ungiu com azeite de alegria, mais que a teus companheiros.
8 ၈ အရှင်မင်းကြီး၏ဝတ်လဲတော်တို့သည် မုရန်၊အကျော်၊ သစ်ကြပိုးရနံ့တို့ဖြင့်မွှေးကြိုင်လျက်ရှိပါ၏။ ဂီတပညာသည်တို့သည်ဆင်စွယ်နန်းတော်များတွင် အရှင်မင်းကြီးအားဖျော်ဖြေကြပါ၏။
Todos as tuas roupas [cheiram] a mirra, aloés e cássia; alegram-te desde os palácios de marfim.
9 ၉ အရှင်မင်းကြီး၏မောင်းမတော်တို့တွင် အပြည်ပြည်မှမင်းသမီးများပါဝင်ပါ၏။ ရာဇပလ္လင်တော်၏လက်ယာဘက်တွင် ရွှေစင်ဖြင့်ပြီးသောတန်ဆာများကိုဆင်ယင်ကာ မိဖုရားကြီးသည်ရှိနေပါ၏။
Filhas de reis estão entre tuas damas de honra; e a rainha está à tua direita, [ornada] com o valioso ouro de Ofir.
10 ၁၀ အရှင်မင်းကြီး၏ကြင်ရာတော်လောင်း၊ နားထောင်ပါလော့။ သင်သည်ကိုယ့်အမျိုးသားများနှင့်ဆွေမျိုးတို့ကို မေ့ပစ်ပါလော့။
Ouve, filha, e olha, e inclina os teus ouvidos; e esquece-te de teu povo, e da casa de teu pai.
11 ၁၁ သင်၏လှပသောအဆင်းသည်မင်းကြီးအား သင့်ကိုနှစ်သက်စွဲလန်းစေလိမ့်မည်။ မင်းကြီးသည်သင်၏အရှင်သခင်ဖြစ်သဖြင့် သင်သည်သူ၏စကားကိုနားထောင်ရမည်။
Então o rei desejará tua beleza; inclina-te a ele, pois ele é teu Senhor.
12 ၁၂ တုရုပြည်သားတို့သည်သင့်ထံမှမျက်နှာ ရအောင် ကြိုးစားကြလိမ့်မည်။ ချမ်းသာကြွယ်ဝသူတို့သည်သင့်ထံမှ မျက်နှာရအောင်ကြိုးစားကြလိမ့်မည်။
E a filha de Tiro, os ricos dentre o povo, suplicarão teu favor com presentes.
13 ၁၃ မင်းသမီးသည်နန်းတွင်းသို့ရောက်လေပြီ။ သူသည်အလွန်လှပတင့်တယ်ပါသည်တကား။ သူ၏ဝတ်လဲတော်ကိုရွှေချည်ဖြင့် ရက်လုပ်ထားပေသည်။
Gloriosa é a filha do Rei dentro [do palácio]; de fios de ouro é a sua roupa.
14 ၁၄ သူသည်အရောင်အဝါတောက်ပသည့် အဝတ်တန်ဆာကိုဝတ်ဆင်ထား၏။ သူ့ကိုအပျိုရံများလိုက်ပါလျက်မင်းကြီး ထံသို့ ခေါ်ဆောင်ခဲ့ကြ၏။ အပျိုရံများကိုလည်းမင်းကြီးထံသို့ ခေါ်ဆောင်ခဲ့ကြ၏။
Com roupas bordadas a levarão ao Rei; as virgens atrás dela, suas companheiras, serão trazidas a ti.
15 ၁၅ သူတို့သည်ဝမ်းမြောက်ပျော်ရွှင်စွာ လာရောက်ကြပြီးလျှင်မင်းကြီး၏နန်းတော်သို့ ဝင်ကြ၏။
Serão trazidas com alegria e grande satisfação; entrarão no palácio do Rei.
16 ၁၆ ကျွန်တော်မျိုး၏အရှင်မင်းမြတ်၊ဘိုးတော် တို့၏ အရိုက်အရာကိုဆက်ခံရန်အတွက် အရှင်မင်းကြီးမှာသားရတနာမြောက်မြားစွာ ထွန်းကားပါလိမ့်မည်။ အရှင်မင်းကြီးသည်သူတို့အားကမ္ဘာအရပ် ရပ်တွင် စိုးမိုးအုပ်ချုပ်မင်းလုပ်စေတော်မူလိမ့်မည်။
Em vez de teus pais, serão teus filhos; tu os porás por príncipes sobre toda a terra.
17 ၁၇ ကျွန်တော်မျိုး၏သီချင်းသည်အရှင်မင်း ကြီးအား ထာဝစဉ်ထင်ပေါ်ကျော်ကြားစေပါလိမ့်မည်။ လူအပေါင်းတို့သည်လည်းအရှင်မင်းကြီးအား ကာလအစဉ်အဆက်ချီးမွမ်းကြပါလိမ့်မည်။
Farei memória de teu nome em toda geração após geração; por isso os povos te louvarão para todo o sempre.