< ဆာလံ 44 >
1 ၁ အို ဘုရားသခင်၊ ရှေးကာလကဘိုးဘေးတို့လက်ထက်၌ ကိုယ်တော်ပြုတော်မူခဲ့သောအမှုအရာများ အကြောင်းကိုသူတို့ပြောပြသဖြင့် ကျွန်တော်မျိုးတို့ကိုယ်တိုင်ကြားကြရပါပြီ။
Kumutungamiri wokuimba waVanakomana vaKora. Masikiri. Haiwa Mwari, takanzwa nenzeve dzedu; madzibaba edu akatiudza zvamakaita pamazuva avo, pamazuva ekare.
2 ၂ ကိုယ်တော်ရှင်ကိုယ်တိုင်အခြားလူမျိုးတို့အား နှင်ထုတ်တော်မူ၍ ကိုယ်တော်၏လူစုတော်အားထိုသူတို့၏ပြည်တွင် နေရာချထားတော်မူကြောင်း၊ လူမျိုးခြားတို့အားအပြစ်ဒဏ်ပေးတော်မူ၍ ကိုယ်တော်ရှင်၏လူစုတော်အားကြီးပွား တိုးတက်စေတော်မူကြောင်းကိုပြောပြပါ၏။
Noruoko rwenyu makadzinga ndudzi uye mukasima madzibaba edu; makapwanya marudzi mukaita kuti madzibaba edu abudirire.
3 ၃ ကိုယ်တော်ရှင်၏လူစုတော်သည်ထိုပြည်ကို ဋ္ဌားလက်နက်ဖြင့်သိမ်းပိုက်နိုင်ကြသည်မဟုတ်ပါ။ မိမိတို့၏ကိုယ်ပိုင်စွမ်းရည်အားဖြင့်လည်း သိမ်းပိုက်နိုင်ကြသည်မဟုတ်ပါ။ ကိုယ်တော်ရှင်၏အစွမ်းတန်ခိုးတော် အားဖြင့်လည်းကောင်း၊ ကိုယ်တော်သည်သူတို့အားချစ်တော်မူသဖြင့် သူတို့နှင့်အတူကိုယ်တော်ရှင်ရှိတော်မူခြင်း အားဖြင့်လည်းကောင်း သူတို့သည်ထိုပြည်ကိုသိမ်းပိုက်နိုင်ကြပါ၏။
Havana kuzviwanira nyika nomunondo wavo, uye ruoko rwavo haruna kuvakundisa; rwakanga rwuri ruoko rwenyu rworudyi, irwo ruoko rwenyu, nokupenya kwechiso chenyu, nokuti imi makavada.
4 ၄ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ဘုရင်၊ ကျွန်တော်မျိုး၏ဘုရားဖြစ်တော်မူ၏။ ကိုယ်တော်ရှင်၏လူစုတော်အားအောင်ပွဲကို ပေးတော်မူပါ၏။
Ndimi Mambo wangu naMwari wangu, anorayira kukunda kwaJakobho.
5 ၅ ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်၏ တန်ခိုးတော်အားဖြင့်ရန်သူများကို အနိုင်ရကြပါ၏။
Kubudikidza nemi, tinosunda vavengi vedu shure; kubudikidza nezita renyu, tinotsika vavengi vedu netsoka dzedu.
6 ၆ ကျွန်တော်မျိုးသည်မိမိ၏လေးကိုအားမကိုးပါ။ ကျွန်တော်မျိုး၏ဋ္ဌားသည်လည်းကျွန်တော်မျိုးကို မကယ်နိုင်ပါ။
Handivimbi nouta hwangu, munondo wangu haundivigiri kukunda;
7 ၇ သို့ရာတွင်ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး တို့အား ရန်သူများလက်မှကယ်တော်မူ၍ ကျွန်တော်မျိုးတို့ကိုမုန်းသူတို့အား နှိမ်နင်းတော်မူခဲ့ပါ၏။
asi imi munotipa kukunda pamusoro pavavengi vedu, munonyadzisa vadzivisi vedu.
8 ၈ ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်အား အစဉ်အမြဲထောမနာပြု၍ကျေးဇူးတော်ကို ထာဝစဉ်ချီးမွမ်းပါမည်။
Tinozvirumbidza muna Mwari zuva rose, uye ticharumbidza zita renyu nokusingaperi. Sera
9 ၉ သို့ရာတွင်ယခုအခါ၌ကိုယ်တော်သည် ကျွန်တော်မျိုးတို့အားပစ်ပယ်တော်မူလျက် အရေးရှုံးနိမ့်စေတော်မူပါပြီ။ ကျွန်တော်မျိုးတို့၏စစ်တပ်များနှင့်အတူ ချီတက်တော်မမူတော့ပါ။
Asi zvino matiramba uye matininipisa; hamuchabudi nehondo dzedu.
10 ၁၀ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား ရန်သူများထံမှထွက်ပြေးစေတော်မူပါ၏။ သူတို့သည်လည်းကျွန်တော်မျိုးတို့၏ ပစ္စည်းဥစ္စာများကိုအပိုင်သိမ်းယူကြပါ၏။
Makaita kuti tidududze pamberi pavavengi vedu, uye vadzivisi vedu vakatipamba.
11 ၁၁ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားသိုးများ သဖွယ် အသတ်ခံစေတော်မူလျက်တစ်ကျွန်းတစ်နိုင်ငံသို့ ကွဲလွင့်သွားစေတော်မူပါ၏။
Makatiramwira kumudyi samakwai uye makatiparadzira pakati pendudzi.
12 ၁၂ ကိုယ်တော်ရှင်သည်မိမိ၏လူစုတော်အား အဖိုးအနည်းငယ်ဖြင့်ရောင်းချတော်မူပါ၏။ မည်သည့်အမြတ်အစွန်းမျှလည်းရရှိတော်မမူပါ။
Makatengesa vanhu venyu pasina, hamuna kuwana kana chinhu pakuvatengesa.
13 ၁၃ ကျွန်တော်မျိုးတို့အားကိုယ်တော်ရှင်ပြုတော်မူသော အမှုကို အိမ်နီးချင်းများသည်မြင်၍ကျွန်တော်မျိုးတို့အား ပြောင်လှောင်၍ပြက်ရယ်ပြုကြပါ၏။
Makatiita chiseko kuvavakidzani vedu, chinozvidzwa nechinosekwa chaavo vakatipoteredza.
14 ၁၄ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား လူမျိုးတကာတို့မထီမဲ့မြင်ပြုစရာ ဖြစ်စေတော်မူပါပြီ။ သူတို့သည်ကျွန်တော်မျိုးတို့အားမခိုးမခန့် ဦးခေါင်းညိတ်၍ပြကြပါ၏။
Makatiita tsumo pakati pendudzi; vanhu vanotidzungudzira misoro.
15 ၁၅ ရန်သူများနှင့်လက်စားချေသူတို့မခိုးမခန့် စော်ကားပြောဆိုကြသည့်စကားများကြောင့် ကျွန်တော်မျိုးသည်အစဉ်အမြဲအသရေ ပျက်၍ အရှက်ကွဲလျက်နေပါ၏။
Kunyadziswa kwangu kuri pamberi pangu zuva rose, uye chiso changu chafukidzwa nenyadzi
pakuseka kwaavo vanondizvidza nokundirwisa, nokuda kwomuvengi, agarira kutsiva.
17 ၁၇ ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်ပြုတော် မူသော ပဋိညာဉ်တော်ကိုမချိုးဖောက်ခဲ့ကြပါ။ ကိုယ်တော်ရှင်အားလည်းမမေ့လျော့ခဲ့ကြပါ။ သို့ပါလျက်ဤဆင်းရဲဒုက္ခများကိုကျွန်တော် မျိုးတို့ ခံကြရပါ၏။
Zvose izvi zvakaitika kwatiri kunyange takanga tisina kukukanganwai, kana kuva vasina kutendeka kusungano yenyu.
18 ၁၈ ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်အား သစ္စာမဖောက်ခဲ့ကြပါ။ ကိုယ်တော်၏အမိန့်တော်များကိုမလွန်ဆန်ခဲ့ ကြပါ။
Mwoyo yedu yakanga isati yafuratira; tsoka dzedu dzakanga dzisati dzatsauka panzira yenyu.
19 ၁၉ သို့ပါလျက်ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးတို့အားသားရဲများရှိရာ အရပ်တွင် ခိုကိုးရာမဲ့ထားတော်မူခဲ့ပါ၏။ အမှောင်ဆုံးအရပ်တွင်စွန့်ပစ်၍ထားတော် မူခဲ့ပါ၏။
Asi makatipwanya mukatiita nzvimbo yamakava uye mukatifukidza nerima guru.
20 ၂၀ အကယ်၍ကျွန်တော်မျိုးတို့သည်မိမိတို့၏ ဘုရားအားဝတ်မပြုရှိမခိုးဘဲ တစ်ကျွန်းတစ်နိုင်ငံသားတို့၏ဘုရားထံသို့ ဆုတောင်းပတ္ထနာပြုကြပါမူ
Dai takanga takanganwa zita raMwari wedu, kana kutambanudzira maoko edu kuna mwari wavatorwa,
21 ၂၁ ဧကန်မုချကိုယ်တော်ရှင်သိတော်မူမည်သာ ဖြစ်ပါ၏။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရှင်သည် လူတို့၏လျှို့ဝှက်သောအကြံအစည်များကို သိတော်မူသောကြောင့်ဖြစ်ပါ၏။
Mwari haaizviziva here, sezvo achiziva zvakavanzika zvomwoyo?
22 ၂၂ သို့ရာတွင်ကိုယ်တော်ရှင်အားသစ္စာစောင့်သည့် အတွက်ကြောင့် ကျွန်တော်မျိုးတို့သည်အခါခပ်သိမ်းသေ ဘေးနှင့် ကြုံရကြပါ၏။ သတ်ရန်လျာထားသောသိုးများကဲ့သို့သူတစ်ပါးတို့ မှတ်ယူခြင်းကိုခံရကြပါ၏။
Asi nokuda kwenyu takatarisana norufu zuva rose; tinotorwa samakwai anobayiwa.
23 ၂၃ အို ထာဝရဘုရား၊ နိုးထတော်မူပါ။ ကိုယ်တော်ရှင်သည်အဘယ်ကြောင့်ကျိန်းစက်၍ နေတော်မူပါသနည်း။ ထတော်မူပါ။ ကျွန်တော်မျိုးတို့အားထာဝစဉ်ပစ်ပယ်တော်မမူပါနှင့်။
Mukai, imi Ishe! Munovatireiko? Zvisimudzei! Regai kutiramba nokusingaperi.
24 ၂၄ ကိုယ်တော်ရှင်သည်အဘယ်ကြောင့် ကျွန်တော်မျိုးတို့အားမျက်နှာတော်ကို လွှဲတော်မူပါသနည်း။ ကျွန်တော်မျိုးတို့၏ဝေဒနာနှင့်ဆင်းရဲဒုက္ခများကို မေ့တော်မမူပါနှင့်။
Ko, munovanzirei chiso chenyu muchikanganwa kutambudzika nokudzvinyirirwa kwedu?
25 ၂၅ ကျွန်တော်မျိုးတို့သည်မြေသို့တိုင်အောင် ချေမှုန်းခြင်းကိုခံကြရပါ၏။ အရေးရှုံးနိမ့်ကာမြေမှုန့်တွင်လဲလျက် နေကြရပါ၏။
Takawisirwa muguruva; miviri yedu inonamatira pavhu.
26 ၂၆ ထတော်မူ၍ကျွန်တော်မျိုးတို့အားကူမ တော်မူပါ။ ကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော်ကို ထောက်၍ ကယ်တော်မူပါ။
Simukai mutibatsire; tidzikinurei nokuda kworudo rwenyu rusingaperi.