< ဆာလံ 44 >

1 အို ဘု​ရား​သ​ခင်၊ ရှေး​ကာ​လ​က​ဘိုး​ဘေး​တို့​လက်​ထက်​၌ ကိုယ်​တော်​ပြု​တော်​မူ​ခဲ့​သော​အ​မှု​အ​ရာ​များ အ​ကြောင်း​ကို​သူ​တို့​ပြော​ပြ​သ​ဖြင့် ကျွန်​တော်​မျိုး​တို့​ကိုယ်​တိုင်​ကြား​ကြ​ရ​ပါ​ပြီ။
Kathutkung: Korah capanaw Oe Cathut, ayan vah mintoenaw se nah na sak e hah, a dei awh teh ka hnâ ni a thai.
2 ကိုယ်​တော်​ရှင်​ကိုယ်​တိုင်​အ​ခြား​လူ​မျိုး​တို့​အား နှင်​ထုတ်​တော်​မူ​၍ ကိုယ်​တော်​၏​လူ​စု​တော်​အား​ထို​သူ​တို့​၏​ပြည်​တွင် နေ​ရာ​ချ​ထား​တော်​မူ​ကြောင်း၊ လူ​မျိုး​ခြား​တို့​အား​အ​ပြစ်​ဒဏ်​ပေး​တော်​မူ​၍ ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​အား​ကြီး​ပွား တိုး​တက်​စေ​တော်​မူ​ကြောင်း​ကို​ပြော​ပြ​ပါ​၏။
Na kut hoi miphunlouknaw hah na pâlei. Hatei, mintoenaw hah a hmuen na poe, ayânaw hah runae na poe teh na pâlei.
3 ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​သည်​ထို​ပြည်​ကို ဋ္ဌား​လက်​နက်​ဖြင့်​သိမ်း​ပိုက်​နိုင်​ကြ​သည်​မ​ဟုတ်​ပါ။ မိ​မိ​တို့​၏​ကိုယ်​ပိုင်​စွမ်း​ရည်​အား​ဖြင့်​လည်း သိမ်း​ပိုက်​နိုင်​ကြ​သည်​မ​ဟုတ်​ပါ။ ကိုယ်​တော်​ရှင်​၏​အ​စွမ်း​တန်​ခိုး​တော် အား​ဖြင့်​လည်း​ကောင်း၊ ကိုယ်​တော်​သည်​သူ​တို့​အား​ချစ်​တော်​မူ​သ​ဖြင့် သူ​တို့​နှင့်​အ​တူ​ကိုယ်​တော်​ရှင်​ရှိ​တော်​မူ​ခြင်း အား​ဖြင့်​လည်း​ကောင်း သူ​တို့​သည်​ထို​ပြည်​ကို​သိမ်း​ပိုက်​နိုင်​ကြ​ပါ​၏။
Bangkongtetpawiteh, ram teh tahloi hno lahoi a la awh e nahoeh. A kut hoi kârungngang awh e hai tho hoeh. Hatei, na thaonae kut hoi na minhmai angnae lahoi ram a la awh e doeh.
4 ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ဘု​ရင်၊ ကျွန်​တော်​မျိုး​၏​ဘု​ရား​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​အား​အောင်​ပွဲ​ကို ပေး​တော်​မူ​ပါ​၏။
Oe Cathut, nang teh kaie Siangpahrang doeh. Jakop hanelah tânae kâ poe haw.
5 ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​၏ တန်​ခိုး​တော်​အား​ဖြင့်​ရန်​သူ​များ​ကို အ​နိုင်​ရ​ကြ​ပါ​၏။
Nang pawlawk lahoi ka taran hah ka tâ awh han. Na min lahoi ka tarannaw hah rep ka coungroe awh han.
6 ကျွန်​တော်​မျိုး​သည်​မိ​မိ​၏​လေး​ကို​အား​မ​ကိုး​ပါ။ ကျွန်​တော်​မျိုး​၏​ဋ္ဌား​သည်​လည်း​ကျွန်​တော်​မျိုး​ကို မ​ကယ်​နိုင်​ပါ။
Bangkongtetpawiteh, kaie licung hah ka kâuep mahoeh. Kaie senehmaica ni na rungngang mahoeh.
7 သို့​ရာ​တွင်​ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး တို့​အား ရန်​သူ​များ​လက်​မှ​ကယ်​တော်​မူ​၍ ကျွန်​တော်​မျိုး​တို့​ကို​မုန်း​သူ​တို့​အား နှိမ်​နင်း​တော်​မူ​ခဲ့​ပါ​၏။
Hatei, ka taran thung hoi na rungngang teh, na kahmuhmanaw hah yeiraipo hoi na o sak.
8 ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​အား အ​စဉ်​အ​မြဲ​ထော​မ​နာ​ပြု​၍​ကျေး​ဇူး​တော်​ကို ထာ​ဝ​စဉ်​ချီး​မွမ်း​ပါ​မည်။
Hnintangkuem Cathut dawk ka kâoup teh, a min hah pou ka pholen.
9 သို့​ရာ​တွင်​ယ​ခု​အ​ခါ​၌​ကိုယ်​တော်​သည် ကျွန်​တော်​မျိုး​တို့​အား​ပစ်​ပယ်​တော်​မူ​လျက် အ​ရေး​ရှုံး​နိမ့်​စေ​တော်​မူ​ပါ​ပြီ။ ကျွန်​တော်​မျိုး​တို့​၏​စစ်​တပ်​များ​နှင့်​အ​တူ ချီ​တက်​တော်​မ​မူ​တော့​ပါ။
Hatei atu teh hnam na thun takhai teh, yeiraipo hoi na o sak. Kaimae ransanaw koe bout na cet boihoeh.
10 ၁၀ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​အား ရန်​သူ​များ​ထံ​မှ​ထွက်​ပြေး​စေ​တော်​မူ​ပါ​၏။ သူ​တို့​သည်​လည်း​ကျွန်​တော်​မျိုး​တို့​၏ ပစ္စည်း​ဥစ္စာ​များ​ကို​အ​ပိုင်​သိမ်း​ယူ​ကြ​ပါ​၏။
Taran hmalah na yawng sak teh, na ka tarannaw ni a ngai patetlah na lawp awh.
11 ၁၁ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​သိုး​များ သ​ဖွယ် အ​သတ်​ခံ​စေ​တော်​မူ​လျက်​တစ်​ကျွန်း​တစ်​နိုင်​ငံ​သို့ ကွဲ​လွင့်​သွား​စေ​တော်​မူ​ပါ​၏။
Tu thei hane patetlah na ceikhai teh, miphun pueng koe koung na kathek awh.
12 ၁၂ ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏​လူ​စု​တော်​အား အ​ဖိုး​အ​နည်း​ငယ်​ဖြင့်​ရောင်း​ချ​တော်​မူ​ပါ​၏။ မည်​သည့်​အ​မြတ်​အ​စွန်း​မျှ​လည်း​ရ​ရှိ​တော်​မ​မူ​ပါ။
Na taminaw hah banghai bang hoeh lah na yo teh, aphu teh na bawi khai kalawn hoeh.
13 ၁၃ ကျွန်​တော်​မျိုး​တို့​အား​ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သော အ​မှု​ကို အိမ်​နီး​ချင်း​များ​သည်​မြင်​၍​ကျွန်​တော်​မျိုး​တို့​အား ပြောင်​လှောင်​၍​ပြက်​ရယ်​ပြု​ကြ​ပါ​၏။
Imrinaw lungkuep nahane hoi, tengpam e taminaw ni dudam e hoi, panuikhai hanelah na coung sak awh toe.
14 ၁၄ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​အား လူ​မျိုး​တ​ကာ​တို့​မ​ထီ​မဲ့​မြင်​ပြု​စ​ရာ ဖြစ်​စေ​တော်​မူ​ပါ​ပြီ။ သူ​တို့​သည်​ကျွန်​တော်​မျိုး​တို့​အား​မ​ခိုး​မ​ခန့် ဦး​ခေါင်း​ညိတ်​၍​ပြ​ကြ​ပါ​၏။
Miphunlouknaw ni lairui lah rui hane hoi, taminaw ni lûsaling sin hanelah na coung sak awh toe.
15 ၁၅ ရန်​သူ​များ​နှင့်​လက်​စား​ချေ​သူ​တို့​မ​ခိုး​မ​ခန့် စော်​ကား​ပြော​ဆို​ကြ​သည့်​စ​ကား​များ​ကြောင့် ကျွန်​တော်​မျိုး​သည်​အ​စဉ်​အ​မြဲ​အ​သ​ရေ ပျက်​၍ အ​ရှက်​ကွဲ​လျက်​နေ​ပါ​၏။
Na kapathoenaw hoi na kahmuhmanaw e lawk kecu hoi, tarannaw hoi moi ka pathungnaw kecu dawk,
16 ၁၆
kayanae teh ka hmalah pout laipalah ao teh, ka kayanae ni ka minhmai a ramuk.
17 ၁၇ ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​ပြု​တော် မူ​သော ပ​ဋိ​ညာဉ်​တော်​ကို​မ​ချိုး​ဖောက်​ခဲ့​ကြ​ပါ။ ကိုယ်​တော်​ရှင်​အား​လည်း​မ​မေ့​လျော့​ခဲ့​ကြ​ပါ။ သို့​ပါ​လျက်​ဤ​ဆင်း​ရဲ​ဒုက္ခ​များ​ကို​ကျွန်​တော် မျိုး​တို့ ခံ​ကြ​ရ​ပါ​၏။
Hotnaw pueng ni na bo sin. Hatei, na pahnim boihoeh. Na lawkkam hai ka tapoe boihoeh.
18 ၁၈ ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​အား သစ္စာ​မ​ဖောက်​ခဲ့​ကြ​ပါ။ ကိုယ်​တော်​၏​အ​မိန့်​တော်​များ​ကို​မ​လွန်​ဆန်​ခဲ့ ကြ​ပါ။
Kaimae lungthin hnuk kâhnawn hoeh niteh, na lamthung hai ka phen boi awh hoeh.
19 ၁၉ သို့​ပါ​လျက်​ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​တို့​အား​သား​ရဲ​များ​ရှိ​ရာ အ​ရပ်​တွင် ခို​ကိုး​ရာ​မဲ့​ထား​တော်​မူ​ခဲ့​ပါ​၏။ အ​မှောင်​ဆုံး​အ​ရပ်​တွင်​စွန့်​ပစ်​၍​ထား​တော် မူ​ခဲ့​ပါ​၏။
Hatei nang ni kahrawnguinaw onae koe koung na phi teh, kaimouh lathueng duenae tâhlip hoi na ramuk awh.
20 ၂၀ အ​ကယ်​၍​ကျွန်​တော်​မျိုး​တို့​သည်​မိ​မိ​တို့​၏ ဘု​ရား​အား​ဝတ်​မ​ပြု​ရှိ​မ​ခိုး​ဘဲ တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့​၏​ဘု​ရား​ထံ​သို့ ဆု​တောင်း​ပတ္ထ​နာ​ပြု​ကြ​ပါ​မူ
Kaimouh ni, kamamae Cathut min ka pahnim awh teh, ramlouk cathut koe ka kut ka dâw awh pawiteh,
21 ၂၁ ဧ​ကန်​မု​ချ​ကိုယ်​တော်​ရှင်​သိ​တော်​မူ​မည်​သာ ဖြစ်​ပါ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​ရှင်​သည် လူ​တို့​၏​လျှို့​ဝှက်​သော​အ​ကြံ​အ​စည်​များ​ကို သိ​တော်​မူ​သော​ကြောင့်​ဖြစ်​ပါ​၏။
Cathut ni tang panuek mahoeh maw. Bangkongtetpawiteh, lungthin e arulawk hai kapanuekkung doeh.
22 ၂၂ သို့​ရာ​တွင်​ကိုယ်​တော်​ရှင်​အား​သစ္စာ​စောင့်​သည့် အ​တွက်​ကြောင့် ကျွန်​တော်​မျိုး​တို့​သည်​အ​ခါ​ခပ်​သိမ်း​သေ ဘေး​နှင့် ကြုံ​ရ​ကြ​ပါ​၏။ သတ်​ရန်​လျာ​ထား​သော​သိုး​များ​ကဲ့​သို့​သူ​တစ်​ပါး​တို့ မှတ်​ယူ​ခြင်း​ကို​ခံ​ရ​ကြ​ပါ​၏။
Nang hanelah hnintangkuem thei lah ka o awh. A thei hane tu patetlah doeh na pouk awh.
23 ၂၃ အို ထာ​ဝ​ရ​ဘု​ရား၊ နိုး​ထ​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​သည်​အ​ဘယ်​ကြောင့်​ကျိန်း​စက်​၍ နေ​တော်​မူ​ပါ​သ​နည်း။ ထ​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​တို့​အား​ထာ​ဝ​စဉ်​ပစ်​ပယ်​တော်​မ​မူ​ပါ​နှင့်။
Kâhlaw haw, Oe BAWIPA, bangkongmaw muet na i. Thaw nateh hnamthun takhai hanh leih.
24 ၂၄ ကိုယ်​တော်​ရှင်​သည်​အ​ဘယ်​ကြောင့် ကျွန်​တော်​မျိုး​တို့​အား​မျက်​နှာ​တော်​ကို လွှဲ​တော်​မူ​ပါ​သ​နည်း။ ကျွန်​တော်​မျိုး​တို့​၏​ဝေ​ဒ​နာ​နှင့်​ဆင်း​ရဲ​ဒုက္ခ​များ​ကို မေ့​တော်​မ​မူ​ပါ​နှင့်။
Bangkongmaw na minhmai pou na hro teh, runae hoi kapahuipalamnaw kâhmo awh e heh ouk na pahnim.
25 ၂၅ ကျွန်​တော်​မျိုး​တို့​သည်​မြေ​သို့​တိုင်​အောင် ချေ​မှုန်း​ခြင်း​ကို​ခံ​ကြ​ရ​ပါ​၏။ အ​ရေး​ရှုံး​နိမ့်​ကာ​မြေ​မှုန့်​တွင်​လဲ​လျက် နေ​ကြ​ရ​ပါ​၏။
Talai dawk minhmai rekkâbet lah ka tabut teh, vaiphu dawk ka tabo.
26 ၂၆ ထ​တော်​မူ​၍​ကျွန်​တော်​မျိုး​တို့​အား​ကူ​မ တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​ကို ထောက်​၍ ကယ်​တော်​မူ​ပါ။
Na kabawmkung hanelah tho haw, na lungmanae lahoi na ratang haw.

< ဆာလံ 44 >