< ဆာလံ 43 >

1 အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​မှာ​အ​ပြစ်​မ​ရှိ​ကြောင်း ထုတ်​ဖော်​ကြေ​ညာ​တော်​မူ​ပါ။ ဘု​ရား​တ​ရား​ကင်း​မဲ့​သူ​တို့​ကို​ဆန့်​ကျင်​လျက် ကျွန်​တော်​မျိုး​ဘက်​မှ​ခု​ခံ​ကာ​ကွယ်​တော်​မူ​ပါ။ လိမ်​လည်​ဆိုး​ယုတ်​သူ​တို့​၏​လက်​မှ ကျွန်​တော်​မျိုး​အား​ကယ်​တော်​မူ​ပါ။
Dá mi láre, Ọlọ́run mi, kí o sì gba ọ̀rọ̀ mi rò lọ́dọ̀ àwọn aláìláàánú orílẹ̀-èdè: yọ mí kúrò lọ́wọ́ ẹlẹ́tàn àti àwọn ènìyàn búburú.
2 ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​ကွယ်​ကာ စောင့်​ရှောက်​တော်​မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​ပါ​၏။ အ​ဘယ်​ကြောင့်​ကျွန်​တော်​မျိုး​ကို စွန့်​ပစ်​တော်​မူ​ပါ​သ​နည်း။ ကျွန်​တော်​မျိုး​သည်​အ​ဘယ်​ကြောင့်​ရန်​သူ​များ ၏ ရက်​စက်​ကြမ်း​ကြုတ်​မှု​ဒဏ်​ကို​ဆက်​လက်​၍ ခံ​နေ​ရ​ပါ​သ​နည်း။
Ìwọ ni Ọlọ́run ibi agbára mi. Èéṣe tí ìwọ fi kọ̀ mi sílẹ̀? Èéṣe tí èmi yóò máa rìn nínú ìbìnújẹ́, nítorí ìnilára lọ́dọ̀ àwọn ọ̀tá?
3 ကိုယ်​တော်​ရှင်​၏​အ​လင်း​တော်​နှင့် သစ္စာ​တ​ရား​တော်​ကို​စေ​လွှတ်​၍ ကျွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင်​၏​သန့်​ရှင်း မြင့်​မြတ်​သည့်​ဇိ​အုန်​တောင် သို့​လည်း​ကောင်း၊ ကိုယ်​တော်​ကိန်း​ဝပ်​ရာ​ဗိ​မာန်​တော်​သို့​လည်း​ကောင်း ပြန်​၍​ပို့​ဆောင်​စေ​တော်​မူ​ပါ။
Rán ìmọ́lẹ̀ àti òtítọ́ rẹ jáde, jẹ́ kí wọn ó máa dáàbò bò mí; jẹ́ kí wọn mú mi wá sí òkè mímọ́ rẹ, sí ibi tí ìwọ ń gbé.
4 ထို​အ​ခါ အို ဘု​ရား​သ​ခင်၊ကျွန်​တော်​မျိုး​သည် ယဇ်​ပလ္လင်​တော်​သို့​ချဉ်း​ကပ်​ပါ​မည်။ ကျွန်​တော်​မျိုး​သည်​အ​ထံ​တော်​မှ​ရွှင်​လန်း ဝမ်း​မြောက်​ခြင်း​ကို​ခံ​ယူ​ရ​ရှိ​ပါ​၏။ အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​၏​ဘု​ရား၊ကိုယ်​တော်​အား စောင်း​တီး​လျက်​ချီး​မွမ်း​ထော​မ​နာ​ပြု​ပါ​မည်။
Nígbà náà ni èmi ó lọ sí ibi pẹpẹ Ọlọ́run, sí Ọlọ́run ayọ̀ mi àti ìdùnnú mi, èmi yóò yìn ọ́ pẹ̀lú dùùrù, ìwọ Ọlọ́run, Ọlọ́run mi.
5 ငါ​သည်​အ​ဘယ်​ကြောင့်​ဤ​မျှ​စိတ်​ညှိုး​ငယ်​ရ​သ​နည်း။ အ​ဘယ်​ကြောင့်​စိတ်​ဒုက္ခ​ရောက်​ရ​သ​နည်း။ ငါ​သည်​ဘု​ရား​သ​ခင်​အား​မျှော်​ကိုး​မည်။ ငါ​၏​ကယ်​တင်​ရှင်၊ငါ​၏​ဘု​ရား​အား တစ်​ဖန်​ထော​မ​နာ​ပြု​မည်။
Èéṣe tí o fi ń rẹ̀wẹ̀sì, ìwọ ọkàn mí? Èéṣe tí ó fi ń ru sókè nínú mi? Fi ìrètí rẹ sínú Ọlọ́run, nítorí èmi yóò máa yìn ín, Òun ni Olùgbàlà mi àti Ọlọ́run mi.

< ဆာလံ 43 >