< ဆာလံ 42 >

1 အို ဘု​ရား​သ​ခင်၊ သ​မင်​ဒ​ရယ်​သည်​အေး​မြ​သော​စမ်း​ရေ​ကို တောင့်​တ​သ​ကဲ့​သို့ ကိုယ်​တော်​ရှင်​ကို​ကျွန်​တော်​မျိုး​တောင့်​တ​ပါ​၏။
သမင် ဒရယ်သည် ရေစီး သော ချောင်း ကို တောင့် တသကဲ့သို့ ၊ အကျွန်ုပ် ဝိညာဉ် သည် ကိုယ်တော် ကို တောင့် တပါသည်ဘုရား။
2 အ​သက်​ရှင်​တော်​မူ​သည့်​ဘု​ရား​တည်း​ဟူ​သော ကိုယ်​တော်​ရှင်​ကို​ကျွန်​တော်​မျိုး​တောင့်​တ​ပါ​၏။ ကျွန်​တော်​မျိုး​သည်​အ​ဘယ်​အ​ခါ​မှ ကိုယ်​တော်​ရှင်​၏​ရှေ့​တော်​မှောက်​သို့​ချဉ်း​ကပ်​၍ ဝတ်​ပြု​ကိုး​ကွယ်​နိုင်​ပါ​မည်​နည်း။
ငါ့ ဝိညာဉ် သည် ဘုရား သခင်တည်း ဟူသောအသက် ရှင်တော်မူသောဘုရား ကို ငတ် လှ၏။ အဘယ် ကာလမှ ဘုရား သခင့်ထံ တော်သို့ ရောက် ၍ မျက်နှာ ပြရအံ့ နည်း။
3 ငါ​သည်​နေ့​ရော​ည​ပါ​ငို​ကြွေး​ရ​သ​ဖြင့် မျက်​ရည်​များ​သည်​ငါ​၏​အ​စား​အ​စာ​ဖြစ် တော့​၏။ ရန်​သူ​တို့​က​ငါ့​အား``သင်​၏​ဘု​ရား​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း'' ဟု​အ​စဉ်​ပင် မေး​လျက်​နေ​ကြ​၏။
သူတပါးတို့က၊ သင် ၏ဘုရား သခင်သည် အဘယ် မှာရှိသနည်းဟု ငါ့ ကို အစဉ် ပြော ဆိုကြသဖြင့် ၊ ငါ့ မျက်ရည် သည် နေ့ ညဉ့်မပြတ် ငါ စား စရာ ဖြစ် ရ၏။
4 ရွှင်​လန်း​စွာ​သီ​ချင်း​ဆို​ကာ​ဘု​ရား​သ​ခင် အား ထော​မ​နာ​ပြု​လျက်​အိမ်​တော်​သို့​သွား​သူ လူ​ပ​ရိ​သတ်​အား ငါ​သည်​ဦး​ဆောင်​ခဲ့​ကြောင်း​ကို​သ​တိ​ရ​သော အ​ခါ ငါ​၏​စိတ်​နှ​လုံး​သည်​ကြေ​ကွဲ​ပါ​၏။
ထို အခြင်းအရာကို ငါအောက်မေ့ ၍ နေစဉ်တွင်၊ ငါ့ စိတ် နှလုံးသည် ကြေကွဲ လျက်ရှိ၏။ အကြောင်း မူကား၊ ငါသည်လူစု များနှင့် ပေါင်းဘော်လျက်၊ ရွှင်လန်း ခြင်း အသံ ၊ ထောမနာ ပြုခြင်းအသံတို့ကို ပြိုင်ဆို၍၊ ဓမ္မပွဲ ခံ သောလူစု များနှင့်အတူ ဘုရား သခင်၏ အိမ် တော်သို့ ဖြည်းညှင်း စွာ သွား လှလေပြီ။
5 ငါ​သည်​အ​ဘယ်​ကြောင့်​ဤ​မျှ​စိတ်​ညှိုး​ငယ် ရ​သ​နည်း။ အ​ဘယ်​ကြောင့်​ပူ​ပင်​သော​က​ရောက်​ရ​သ​နည်း။ ငါ​သည်​ဘု​ရား​သ​ခင်​အား​မျှော်​ကိုး​လျက် နေ​ပါ​မည်။ ငါ​၏​ကယ်​တင်​ရှင်၊ငါ​၏​ဘု​ရား​အား​တစ်​ဖန် ထော​မ​နာ​ပြု​ပါ​မည်။
အိုငါ့ ဝိညာဉ် ၊ သင်သည်အဘယ် ကြောင့်ညှိုးငယ် သနည်း။ ငါ့ အထဲ မှာအဘယ်ကြောင့်မ ငြိမ်မဝပ်ရှိသနည်း။ ဘုရား သခင်ကို မြော်လင့် လျက်နေလော့။ ငါ့ကို ကယ်တင် တော်မူသောအရှင်၊ ငါကိုးကွယ်သော ဘုရားသခင် ၏ ကျေးဇူးတော်ကို ငါချီးမွမ်း ထောမနာပြုရလေအံ့ သတည်း။
6 ယ​ခု​ပြည်​နှင်​ဒဏ်​ငါ​ခံ​နေ​ရ​ချိန်​၌​ငါ​၏ စိတ်​နှ​လုံး​သည်​ကြေ​ကွဲ​လျက်​ရှိ​၏။ သို့​ဖြစ်​၍​ငါ​သည်​ကိုယ်​တော်​ကို အောက်​မေ့​သ​တိ​ရ​ပါ​၏။ ကိုယ်​တော်​သည်​ဟေ​ရ​မုန်​တောင်​နှင့် မိ​ဇ​ရ​တောင်​မှ​ဝမ်း​နည်း​ခြင်း​လှိုင်း​လုံး​များ​ကို စေ​လွှတ်​တော်​မူ​ပြီး​လျှင် ယော်​ဒန်​မြစ်​မှ​ရေ​တံ​ခွန်​စီး​ဆင်း​လာ​သ​ကဲ့​သို့ အ​သံ​ဗ​လံ​နှင့်​ငါ့​ကို​လွှမ်း​မိုး​စေ​တော်​မူ​ပါ​၏။
အကျွန်ုပ် စိတ် ဝိညာဉ်သည် အကျွန်ုပ် အထဲ မှာ ညှိုးငယ် လျက်ရှိပါ၏။ အကြောင်း မူကား၊ ယော်ဒန် မြစ် ကမ်း ၊ ဟေရမုန် တောင်ရိုး၊ မိဇရ ကုန်း ပေါ် မှာ ကိုယ်တော် ကို အကျွန်ုပ်အောက်မေ့ ပါ၏။
7
ရေဘွေ တော်များအသံ ဗလံနှင့်တကွ ဝဲ ဩဃတခုကို တခုဟစ် ခေါ်၍ လှိုင်း တံပိုး တော်အပေါင်း တို့သည် အကျွန်ုပ် ကို လွှမ်းမိုး ကြပါပြီ။
8 နေ့​အ​ချိန်​၌​ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏ ခိုင်​မြဲ​သော မေတ္တာ​တော်​ကို​ပြ​တော်​မူ​ပါ​စေ​သော။ ထို​အ​ခါ​ည​အ​ချိန်​၌​ငါ​သည်​သီ​ချင်း​ဆို​နိုင်​၍ ငါ​၏​အ​သက်​သ​ခင်​ဘု​ရား​သ​ခင်​ထံ​တော်​သို့ ဆု​တောင်း​ပတ္ထ​နာ​ပြု​နိုင်​ပါ​မည်။
သို့သော်လည်း၊ ထာဝရဘုရား သည် နေ့ အခါ သနားခြင်းကျေးဇူး တော်ကိုပေး ချတော်မူ၏။ ညဉ့် အခါ ၌ လည်း ဂုဏ်တော်ကို သီချင်း ဆိုလျက်၊ ငါ့ ၏အသက် သခင် ကို ပဌနာ ပြုလျက် ငါ နေ၏။
9 ``ကိုယ်​တော်​သည်​အ​ဘယ်​ကြောင့်​ကျွန်​တော်​မျိုး​အား မေ့​လျော့​၍​နေ​တော်​မူ​ပါ​သ​နည်း။ အ​ဘယ်​ကြောင့်​ကျွန်​တော်​မျိုး​သည်​ရန်​သူ​တို့​၏ ရက်​စက်​ကြမ်း​ကြုတ်​မှု​ဒဏ်​ကို​ခံ​လျက် နေ​ရ​ပါ​မည်​နည်း'' ဟု ငါ့​ကို​ကွယ်​ကာ​သော​အ​ရှင်၊ဘု​ရား​သ​ခင်​အား ငါ​လျှောက်​ထား​ပါ​၏။
အကျွန်ုပ် ကိုအဘယ် ကြောင့် မေ့လျော့ တော်မူသနည်း။ ရန်သူ ညှဉ်းဆဲ နှိပ်စက်ခြင်းကို ခံရ၍၊ အကျွန်ုပ် သည် ကြမ်းတမ်းသောအဝတ်ကို ဝတ်လျက် အဘယ် ကြောင့် နေရပါသနည်းဟု ငါ ၏ကျောက် ဖြစ်သော ဘုရား သခင် ကို ငါလျှောက် ရ၏။
10 ၁၀ ငါ့​ရန်​သူ​များ​က``သင်​၏​ဘု​ရား​သည် အ​ဘယ်​မှာ​နည်း''ဟု​ငါ့​အား​အ​ဖန်​တ​လဲ​လဲ မေး​မြန်း​သ​ဖြင့် သူ​တို့​၏​စော်​ကား​မှု​ကြောင့်​ငါ​သည်​အ​လွန်​ပင် စိတ်​ပျက်​အား​လျော့​ရ​ပါ​၏။
၁၀ငါ့ ရန်သူ တို့က၊ သင် ၏ဘုရား သခင်သည် အဘယ် မှာရှိသနည်းဟု ငါ့ ကို အစဉ် ပြော ဆိုကြသဖြင့် ၊ ငါ့အရိုးတို့ကို ချိုး၍ကဲ့ရဲ့တတ်ကြ၏။
11 ၁၁ ငါ​သည်​အ​ဘယ်​ကြောင့်​ဤ​မျှ​စိတ်​ညှိုး​ငယ်​ရ​သ​နည်း။ အ​ဘယ်​ကြောင့်​ပူ​ပင်​သော​က​ရောက်​ရ​သ​နည်း။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​အား​မျှော်​ကိုး​ပါ​မည်။ ငါ​၏​ကယ်​တင်​ရှင်၊ငါ​၏​ဘု​ရား​သခင်​အား တစ်​ဖန်​ထော​မ​နာ​ပြု​ပါ​မည်။
၁၁အိုငါ့ ဝိညာဉ် ၊ သင်သည် အဘယ်ကြောင့် ညှိုးငယ် သနည်း။ ငါ့ အထဲ မှာ အဘယ်ကြောင့် မ ငြိမ်မဝပ်ရှိ သနည်း။ ဘုရား သခင်ကို မြော်လင့် လျက်နေလော့။ ငါ့ ကိုကယ်တင် တော်မူသောအရှင် ၊ ငါ ကိုးကွယ်သော ဘုရား သခင်၏ကျေးဇူးတော်ကို ငါချီးမွမ်း ထောမနာပြုရ လေအံ့သတည်း။

< ဆာလံ 42 >