< ဆာလံ 41 >
1 ၁ ဆင်းရဲသူတို့အတွက်စိုးရိမ်ကြောင့်ကြသောသူသည် မင်္ဂလာရှိ၏။ ထိုသူဒုက္ခရောက်သောအခါထာဝရဘုရား ကူမတော်မူလိမ့်မည်။
εἰς τὸ τέλος ψαλμὸς τῷ Δαυιδ μακάριος ὁ συνίων ἐπὶ πτωχὸν καὶ πένητα ἐν ἡμέρᾳ πονηρᾷ ῥύσεται αὐτὸν ὁ κύριος
2 ၂ ထာဝရဘုရားသည်သူ့အား ကွယ်ကာစောင့်ထိန်းတော်မူ၍သူ၏အသက်ကို စောင့်ထိန်းတော်မူလိမ့်မည်။ ကိုယ်တော်သည်သူ့အားပြည်တော်တွင်ဝမ်း မြောက်စွာ နေရသောအခွင့်ကိုပေးတော်မူလိမ့်မည်။ ရန်သူတို့၏လက်သို့အပ်တော်မူမည်မဟုတ်။
κύριος διαφυλάξαι αὐτὸν καὶ ζήσαι αὐτὸν καὶ μακαρίσαι αὐτὸν ἐν τῇ γῇ καὶ μὴ παραδῴη αὐτὸν εἰς χεῖρας ἐχθροῦ αὐτοῦ
3 ၃ သူဖျားနာချိန်၌ကိုယ်တော်သည်ကူမတော်မူ၍ သူ့အားပြန်လည်ကျန်းမာစေတော်မူလိမ့်မည်။
κύριος βοηθήσαι αὐτῷ ἐπὶ κλίνης ὀδύνης αὐτοῦ ὅλην τὴν κοίτην αὐτοῦ ἔστρεψας ἐν τῇ ἀρρωστίᾳ αὐτοῦ
4 ၄ ``အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အားပြစ်မှားပါပြီ။ ကျွန်တော်မျိုးအားသနားတော်မူ၍ရောဂါကို ပျောက်ကင်းစေတော်မူပါ'' ဟုငါလျှောက်ထား၏။
ἐγὼ εἶπα κύριε ἐλέησόν με ἴασαι τὴν ψυχήν μου ὅτι ἥμαρτόν σοι
5 ၅ ရန်သူများသည်ငါ၏အကြောင်းမကောင်း ပြောကြ၏။ သူတို့က``ဤသူသည်အဘယ်အခါ၌သေ၍ သူ၏နာမည်ကိုလူတို့မေ့ပျောက်သွားမည်နည်း'' ဟုမနာလိုစိတ်ဖြင့်ဆိုကြ၏။
οἱ ἐχθροί μου εἶπαν κακά μοι πότε ἀποθανεῖται καὶ ἀπολεῖται τὸ ὄνομα αὐτοῦ
6 ၆ ငါ့အားလာ၍ကြည့်ကြသူများသည် စိတ်ရိုးသဘောရိုးရှိသူများမဟုတ်။ သူတို့သည်ငါ၏အကြောင်းမကောင်းသတင်း များကို ရှာဖွေစုဆောင်းလျက်နေရာအနှံ့အပြားသို့ သွား၍ပြောဆိုတတ်ကြ၏။
καὶ εἰ εἰσεπορεύετο τοῦ ἰδεῖν μάτην ἐλάλει ἡ καρδία αὐτοῦ συνήγαγεν ἀνομίαν ἑαυτῷ ἐξεπορεύετο ἔξω καὶ ἐλάλει
7 ၇ ငါ့ကိုမုန်းသောသူအပေါင်းတို့သည်ငါ့အကြောင်း အချင်းချင်းတီးတိုးပြောဆိုတတ်ကြ၏။
ἐπὶ τὸ αὐτὸ κατ’ ἐμοῦ ἐψιθύριζον πάντες οἱ ἐχθροί μου κατ’ ἐμοῦ ἐλογίζοντο κακά μοι
8 ၈ သူတို့က``ဤသူသည်အသဲအသန်ဖျား နာလျက်ရှိ၏။ နောက်တစ်ဖန်အဘယ်အခါ၌မျှအိပ်ရာပေါ်မှ ထနိုင်တော့မည်မဟုတ်'' ဟုဆိုကြ၏။
λόγον παράνομον κατέθεντο κατ’ ἐμοῦ μὴ ὁ κοιμώμενος οὐχὶ προσθήσει τοῦ ἀναστῆναι
9 ၉ ငါအချစ်ဆုံး၊ငါအားအကိုးဆုံး၊ ငါနှင့်ထမင်းလက်ဆုံစားသူ၊ ငါ၏မိတ်ဆွေကပင်လျှင်ငါ့ကိုခြေဖြင့် ကျောက်ကန်လေပြီ။
καὶ γὰρ ὁ ἄνθρωπος τῆς εἰρήνης μου ἐφ’ ὃν ἤλπισα ὁ ἐσθίων ἄρτους μου ἐμεγάλυνεν ἐπ’ ἐμὲ πτερνισμόν
10 ၁၀ အို ထာဝရဘုရား၊ ရန်သူတို့ကိုကလဲ့စားချေနိုင်ရန် ကျွန်တော်မျိုးအားသနားတော်မူ၍ ပြန်လည်ကျန်းမာစေတော်မူပါ။
σὺ δέ κύριε ἐλέησόν με καὶ ἀνάστησόν με καὶ ἀνταποδώσω αὐτοῖς
11 ၁၁ ရန်သူတို့သည်ကျွန်တော်မျိုးအား အနိုင်ရစေတော်မမူမည်ဖြစ်၍ ကျွန်တော်မျိုးအားကိုယ်တော်ရှင် နှစ်သက်တော်မူကြောင်းကိုကျွန်တော်မျိုး သိရပါလိမ့်မည်။
ἐν τούτῳ ἔγνων ὅτι τεθέληκάς με ὅτι οὐ μὴ ἐπιχαρῇ ὁ ἐχθρός μου ἐπ’ ἐμέ
12 ၁၂ ကျွန်တော်မျိုးသည်မှန်ရာကိုပြုကျင့်သူဖြစ် သဖြင့် ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား ကူမတော်မူ၍ ကိုယ်တော်ရှင်၏ရှေ့တော်တွင်ထာဝစဉ်နေရခွင့်ကို ပေးတော်မူလိမ့်မည်။
ἐμοῦ δὲ διὰ τὴν ἀκακίαν ἀντελάβου καὶ ἐβεβαίωσάς με ἐνώπιόν σου εἰς τὸν αἰῶνα
13 ၁၃ ဣသရေလအမျိုးသားတို့၏ဘုရားဖြစ်တော် မူသော ထာဝရဘုရားကိုထောမနာပြုကြလော့။ ကိုယ်တော်အားယခုမှစ၍ကာလအစဉ် အဆက် ထောမနာပြုကြလော့။ အာမင်၊ အာမင်။
εὐλογητὸς κύριος ὁ θεὸς Ισραηλ ἀπὸ τοῦ αἰῶνος καὶ εἰς τὸν αἰῶνα γένοιτο γένοιτο