< ဆာလံ 4 >
1 ၁ အို ဘုရားသခင်၊ ကျွန်တော်မျိုးကိုကွယ်ကာတော်မူသောအရှင်၊ ကျွန်တော်မျိုးခေါ်သောအခါထူးတော်မူပါ။ ကျွန်တော်မျိုးဒုက္ခရောက်စဉ်အခါ၌ကျွန်တော် မျိုးအား ကူမတော်မူခဲ့ပါ၏။ ယခုအခါ၌လည်းကျွန်တော်မျိုးအား သနားတော်မူ၍ ကျွန်တော်မျိုး၏ဆုတောင်းပတ္ထနာကို နားညောင်းတော်မူပါ။
В конец, в песнех, Псалом Давиду. Внегда призвати ми, услыша мя Бог правды моея: в скорби распространил мя еси: ущедри мя и услыши молитву мою.
2 ၂ အချင်းလူတို့၊သင်တို့သည်အဘယ်ကာလတိုင် အောင် ငါ့အားစော်ကားကြမည်နည်း။ အဘယ်ကာလတိုင်အောင်သင်တို့သည် အကျိုးမရှိသည့်အရာကိုနှစ်သက်၍ အမှားနောက်သို့လိုက်ကြမည်နည်း။
Сынове человечестии, доколе тяжкосердии? Вскую любите суету и ищете лжи?
3 ၃ ထာဝရဘုရားသည်မိမိ၏အဖို့အလို့ငှာ သူတော်ကောင်းအားရွေးချယ်ထားတော်မူသည်ကို သိမှတ်ကြလော့။ ငါခေါ်သောအခါကိုယ်တော်ကြားတော်မူ၏။
И уведите, яко удиви Господь преподобнаго Своего. Господь услышит мя, внегда воззвати ми к Нему.
4 ၄ သင်တို့သည်ကြောက်လန့်လျက်အပြစ်ဒုစရိုက်ကို ရှောင်ကြလော့။ သင်တို့သည်အိပ်ရာပေါ်တွင်တစ်ကိုယ်တည်း ဆိတ်ငြိမ်စွာ ဤအချက်ကိုနက်နက်နဲနဲစဉ်းစားဆင်ခြင် ကြလော့။
Гневайтеся, и не согрешайте, яже глаголете в сердцах ваших, на ложах ваших умилитеся:
5 ၅ ထာဝရဘုရားအားထိုက်လျောက်သည့် ယဇ်များကိုပူဇော်၍ကိုယ်တော်ကို ယုံကြည်ကိုးစားကြလော့။
пожрите жертву правды и уповайте на Господа.
6 ၆ ``အို ထာဝရဘုရား၊ ကောင်းချီးမင်္ဂလာကိုထပ်မံ၍ချပေးတော်မူပါ။ ကျွန်တော်မျိုးတို့အားကရုဏာစိတ်ဖြင့် ကြည့်တော်မူပါ'' ဟုလူအများကဆုတောင်း ကြ၏။
Мнози глаголют: кто явит нам благая? Знаменася на нас свет лица Твоего, Господи.
7 ၇ သို့ရာတွင်ကျွန်တော်မျိုးအားကိုယ်တော် ပေးတော်မူသောဝမ်းမြောက်ခြင်းသည် ဂျုံစပါးနှင့်စပျစ်ရည်ပေါများသူတို့ရရှိသည့် ဝမ်းမြောက်ခြင်းထက်သာလွန်ပါ၏။
Дал еси веселие в сердцы моем: от плода пшеницы, вина и елеа своего умножишася:
8 ၈ ကျွန်တော်မျိုးသည်လဲလျောင်းလိုက်သောအခါ ငြိမ်သက်စွာအိပ်ပျော်သွားပါ၏။ အို ထာဝရဘုရား၊ ကိုယ်တော်သာလျှင်ကျွန်တော်မျိုးအားလုံခြုံစွာ နေနိုင်ခွင့်ကိုပေးတော်မူပါ၏။
в мире вкупе усну и почию, яко Ты, Господи, единаго на уповании вселил мя еси.