< ဆာလံ 39 >
1 ၁ ``ငါပြုသည့်အမှုအတွက်ငါသတိထားမည်။ နှုတ်ဖြင့်မျှမပြစ်မှားမိစေရန်ငါသည်သတိ ပြုမည်။ ဆိုးညစ်သူတို့အနီး၌ရှိစဉ်ငါသည်အဘယ် စကားကိုမျှမပြောဘဲနေမည်'' ဟုငါဆို၏။
၁ငါ သည်စကား ဖြင့် မျှ မပြစ်မှား မည်အကြောင်း၊ ကိုယ် ကျင့် ကို သတိ ပြုမည်။ မတရား သောသူသည် ငါ့ ရှေ့ မှာ ရှိ စဉ်၊ ငါ သည်ကိုယ်နှုတ် ကို ချည်နှောင် မည်ဟု ငါပြော ထား၏။
2 ၂ ငါသည်စကားတစ်ခွန်းမျှမပြောဘဲ ဆိတ်ဆိတ်နေခဲ့၏။ အကောင်းကိုပင်မပြော ဆိုခဲ့ပါ။ သို့ရာတွင်ငါ၏ဝေဒနာသည်ပိုမိုဆိုးရွား ၍သာလာ၏။
၂စကား မပြောဘဲအ လျက်နေ၏။ ကောင်း သော အရာကို ပင် မ ပြော။ ထို သို့နေစဉ်၊ ငါ သည် စိတ် ညစ်ညူးခြင်းရှိ ၏။
3 ၃ ငါသည်ပူပင်သောကရောက်ခဲ့၏။ စဉ်းစားလေလေပို၍စိတ်ဒုက္ခရောက်လေလေ ဖြစ်ခဲ့၏။ ``အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်အဘယ်မျှအသက်ရှည်ပါ မည်နည်း။ အဘယ်အခါသေရပါမည်နည်း။ ကျွန်တော်မျိုးအားအနိစ္စတရားကို သိစေတော်မူပါ'' ဟု ကိုယ်တော်အားငါမမေးမလျှောက်ဘဲမနေနိုင်ပါ။
၃ကိုယ် အထဲ မှာ နှလုံး ပူဆွေး ခြင်းရှိ၏။ ငါ ညည်းတွား စဉ် ၊ မီး လောင် လေ၏။ ထိုအခါငါ သည် နှုတ် မြွက် ၏။
၄အိုထာဝရဘုရား ၊ အကျွန်ုပ် သည် ကိုယ်ပျက် တတ်သော သဘောကိုသိ ရပါမည်အကြောင်း၊ အကျွန်ုပ် ၏လမ်း ဆုံးကို၎င်း၊ အကျွန်ုပ် ၏ အသက် အပိုင်း အခြားကို၎င်း သိ စေတော်မူပါ။
5 ၅ ကိုယ်တော်သည်ကျွန်တော်မျိုး၏အသက်ကို လွန်စွာတိုစေတော်မူပါပြီတကား။ ကိုယ်တော်၏ရှေ့တော်တွင်ကျွန်တော်မျိုး၏ အသက်တာသည်ဘာမျှမဟုတ်သကဲ့သို့ဖြစ်ပါ၏။ အကယ်စင်စစ်သက်ရှိလူသတ္တဝါမည်သည်ကား ထွက်သက်ဝင်သက်တမျှ၊
၅အကျွန်ုပ် အသက် တာကို တမိုက် မျှသာ ခန့်ထား တော်မူပြီ။ အကျွန်ုပ် အရွယ် သည် ရှေ့ တော်၌ ဘာမျှ မဟုတ် သကဲ့သို့ ဖြစ်ပါ၏။ အကယ် စင်စစ်လူမည်သည် ကား၊ လူ ၏အထွဋ် သို့ ရောက် သော်လည်း၊ အနတ္တ သက် သက်ဖြစ်ပါ၏။
6 ၆ အရိပ်တမျှခဏသာအသက်ရှင်ပါ၏။ သူပြုသမျှသောအမှုအရာတို့သည်ဘာမျှ အကျိုးမရှိ။ သူသည်စည်းစိမ်ဥစ္စာကိုစုဆောင်းသော်လည်း အဘယ်အရာကိုအဘယ်သူရရှိလိမ့်မည်ကို သူမသိ။
၆အကယ် စင်စစ်လူ သည် အရိပ် ၌ သာ ကျင်လည် ပါ၏။ အကယ် စင်စစ်လူတို့သည် အကျိုး မဲ့ပင်ပန်း ကြပါ ၏။ ဥစ္စာ ကိုဆည်းဖူးသော်လည်း အဘယ် သူရ အံ့သည် ကို မ သိ ရပါ။
7 ၇ သို့ဖြစ်၍ အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်အဘယ်အရာကို မျှော်ကိုးနိုင်ပါမည်နည်း။ ကျွန်တော်မျိုးသည်ကိုယ်တော်ကိုမျှော်ကိုးပါ၏။
၇ယခု မူကား ၊ အကျွန်ုပ်သည် အဘယ်သို့ မြော်လင့် ရပါမည်နည်း။ အိုထာဝရ ဘုရား၊ ကိုယ်တော် ၌ သာ မြော်လင့် စရာအကြောင်းရှိပါ၏။
8 ၈ ကျွန်တော်မျိုး၏အပြစ်အပေါင်းမှကယ်တော် မူပါ။ ကျွန်တော်မျိုးအားလူမိုက်တို့လှောင်ပြောင် စေတော်မမူပါနှင့်။
၈ပြစ်မှားမိသမျှ သောအပြစ် တို့မှ အကျွန်ုပ် ကို လွှတ် တော်မူပါ။ မိုက် သောသူတို့ ၏ ကဲ့ရဲ့ ခြင်းကို ခံ စေတော်မ မူပါနှင့်။
9 ၉ ကိုယ်တော်သည်ကျွန်တော်မျိုးအား ဤသို့ဝေဒနာခံစေတော်မူသောကြောင့် ကျွန်တော်မျိုးသည်ဆိတ်ဆိတ်နေပါမည်။ စကားတစ်ခွန်းမျှပြောမည်မဟုတ်ပါ။
၉ကိုယ်တော် စီရင် တော်မူရာ ဖြစ်သောကြောင့် ၊ အကျွန်ုပ်ပြော စရာမရ။ နှုတ် ကို မ ဖွင့် ဘဲနေရပါ၏။
10 ၁၀ ထပ်မံ၍ကျွန်တော်မျိုးအား အပြစ်ဒဏ်ပေးတော်မမူပါနှင့်။ ကိုယ်တော်ရှင်ပေးတော်မူသည့် ဒဏ်ရာဒဏ်ချက်များကြောင့်ကျွန်တော်မျိုး သည် သေလုပါပြီ။
၁၀အကျွန်ုပ် ကို ဒဏ်ခတ် တော်မမူပါနှင့်ဦး။ လက် တော်အောက်၌ ဆုံးမ ခြင်းကိုခံ ရ၍ အား ကုန်ပါပြီ။
11 ၁၁ ကိုယ်တော်ရှင်သည်လူအားသူ၏ အပြစ်ဒုစရိုက်အတွက်ဆုံးမ၍အပြစ်ဒဏ် ပေးတော်မူပါ၏။ သူနှစ်သက်စွဲလန်းသောအရာတို့ကိုပိုးဖလံ ကဲ့သို့ ကိုယ်တော်ဖျက်ဆီးပစ်တော်မူပါ၏။ အကယ်စင်စစ်လူသည်ထွက်သက်ဝင်သက်မျှသာ ဖြစ်ပါသည်တကား။
၁၁ကိုယ်တော်သည် လူ တို့အပြစ် ကြောင့် ဆုံးမ ၍ ဒဏ်ခတ် တော်မူလျှင် ၊ ပိုးရွ ဖျက်တတ်သကဲ့သို့ ၊ လူ တို့၏ တင့်တယ် ခြင်းအသရေကို ပြယ် ပျောက်စေတော်မူ၏။ အကယ် စင်စစ်လူ ခပ်သိမ်း တို့သည် အနတ္တ သက်သက်ဖြစ်ကြပါ၏။
12 ၁၂ အို ထာဝရဘုရား၊ ကျွန်တော်မျိုး၏ဆုတောင်းပတ္ထနာကို နားညောင်းတော်မူပါ။ ကျွန်တော်မျိုး၏ပန်ကြားချက်ကို နားထောင်တော်မူပါ။ ကျွန်တော်မျိုးငိုယိုသောအခါကူမရန်ကြွ တော်မူပါ။ ဘိုးဘေးတို့ကဲ့သို့ကျွန်တော်မျိုးသည် ကိုယ်တော်ရှင်၏ဧည့်သည်အဖြစ်နှင့် ခဏမျှသာနေရပါ၏။
၁၂အိုထာဝရဘုရား ၊ အကျွန်ုပ် ဆုတောင်းခြင်း ပဌနာ ကို ကြား တော်မူပါ။ အကျွန်ုပ် အော်ဟစ် သော အသံကို နားထောင် တော်မူပါ။ အကျွန်ုပ် မျက်ရည် ကို ကြည့် ၍ နေတော်မ မူပါနှင့်။ ဘိုးဘေး အပေါင်း တို့သည် ဖြစ်ဘူးသကဲ့သို့ ၊ အကျွန်ုပ် သည် ရှေ့တော်၌ ဧည့်သည် အာဂန္တုဖြစ်၏။
13 ၁၃ ကျွန်တော်မျိုးသေ၍ပျောက်ကွယ်မသွားမီ ရွှင်လန်းမှုအနည်းငယ်ရရှိစေရန် ကျွန်တော်မျိုးထံမှမျက်နှာတော်ကိုလွှဲတော်မူပါ။
၁၃အကျွန်ုပ် သည် ရွေ့သွား ၍ မ ပျောက် မှီတွင် သက်သာ ရမည်အကြောင်း ၊ မျက်နှာ လွှဲတော်မူပါ။