< ဆာလံ 39 >
1 ၁ ``ငါပြုသည့်အမှုအတွက်ငါသတိထားမည်။ နှုတ်ဖြင့်မျှမပြစ်မှားမိစေရန်ငါသည်သတိ ပြုမည်။ ဆိုးညစ်သူတို့အနီး၌ရှိစဉ်ငါသည်အဘယ် စကားကိုမျှမပြောဘဲနေမည်'' ဟုငါဆို၏။
To the excellent musician Ieduthun. I thought, I will take heede to my wayes, that I sinne not with my tongue: I will keepe my mouth brideled, while the wicked is in my sight.
2 ၂ ငါသည်စကားတစ်ခွန်းမျှမပြောဘဲ ဆိတ်ဆိတ်နေခဲ့၏။ အကောင်းကိုပင်မပြော ဆိုခဲ့ပါ။ သို့ရာတွင်ငါ၏ဝေဒနာသည်ပိုမိုဆိုးရွား ၍သာလာ၏။
I was dumme and spake nothing: I kept silece euen from good, and my sorow was more stirred.
3 ၃ ငါသည်ပူပင်သောကရောက်ခဲ့၏။ စဉ်းစားလေလေပို၍စိတ်ဒုက္ခရောက်လေလေ ဖြစ်ခဲ့၏။ ``အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်အဘယ်မျှအသက်ရှည်ပါ မည်နည်း။ အဘယ်အခါသေရပါမည်နည်း။ ကျွန်တော်မျိုးအားအနိစ္စတရားကို သိစေတော်မူပါ'' ဟု ကိုယ်တော်အားငါမမေးမလျှောက်ဘဲမနေနိုင်ပါ။
Mine heart was hote within me, and while I was musing, the fire kindeled, and I spake with my tongue, saying,
Lord, let me know mine ende, and the measure of my dayes, what it is: let mee knowe howe long I haue to liue.
5 ၅ ကိုယ်တော်သည်ကျွန်တော်မျိုး၏အသက်ကို လွန်စွာတိုစေတော်မူပါပြီတကား။ ကိုယ်တော်၏ရှေ့တော်တွင်ကျွန်တော်မျိုး၏ အသက်တာသည်ဘာမျှမဟုတ်သကဲ့သို့ဖြစ်ပါ၏။ အကယ်စင်စစ်သက်ရှိလူသတ္တဝါမည်သည်ကား ထွက်သက်ဝင်သက်တမျှ၊
Beholde, thou hast made my dayes as an hand breadth, and mine age as nothing in respect of thee: surely euery man in his best state is altogether vanitie. (Selah)
6 ၆ အရိပ်တမျှခဏသာအသက်ရှင်ပါ၏။ သူပြုသမျှသောအမှုအရာတို့သည်ဘာမျှ အကျိုးမရှိ။ သူသည်စည်းစိမ်ဥစ္စာကိုစုဆောင်းသော်လည်း အဘယ်အရာကိုအဘယ်သူရရှိလိမ့်မည်ကို သူမသိ။
Doubtlesse man walketh in a shadowe, and disquieteth himselfe in vaine: he heapeth vp riches, and cannot tell who shall gather them.
7 ၇ သို့ဖြစ်၍ အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်အဘယ်အရာကို မျှော်ကိုးနိုင်ပါမည်နည်း။ ကျွန်တော်မျိုးသည်ကိုယ်တော်ကိုမျှော်ကိုးပါ၏။
And now Lord, what wait I for? mine hope is euen in thee.
8 ၈ ကျွန်တော်မျိုး၏အပြစ်အပေါင်းမှကယ်တော် မူပါ။ ကျွန်တော်မျိုးအားလူမိုက်တို့လှောင်ပြောင် စေတော်မမူပါနှင့်။
Deliuer me from all my transgressions, and make me not a rebuke vnto the foolish.
9 ၉ ကိုယ်တော်သည်ကျွန်တော်မျိုးအား ဤသို့ဝေဒနာခံစေတော်မူသောကြောင့် ကျွန်တော်မျိုးသည်ဆိတ်ဆိတ်နေပါမည်။ စကားတစ်ခွန်းမျှပြောမည်မဟုတ်ပါ။
I should haue bene dumme, and not haue opened my mouth, because thou didest it.
10 ၁၀ ထပ်မံ၍ကျွန်တော်မျိုးအား အပြစ်ဒဏ်ပေးတော်မမူပါနှင့်။ ကိုယ်တော်ရှင်ပေးတော်မူသည့် ဒဏ်ရာဒဏ်ချက်များကြောင့်ကျွန်တော်မျိုး သည် သေလုပါပြီ။
Take thy plague away from mee: for I am consumed by the stroke of thine hand.
11 ၁၁ ကိုယ်တော်ရှင်သည်လူအားသူ၏ အပြစ်ဒုစရိုက်အတွက်ဆုံးမ၍အပြစ်ဒဏ် ပေးတော်မူပါ၏။ သူနှစ်သက်စွဲလန်းသောအရာတို့ကိုပိုးဖလံ ကဲ့သို့ ကိုယ်တော်ဖျက်ဆီးပစ်တော်မူပါ၏။ အကယ်စင်စစ်လူသည်ထွက်သက်ဝင်သက်မျှသာ ဖြစ်ပါသည်တကား။
When thou with rebukes doest chastise man for iniquitie, thou as a mothe makest his beautie to consume: surely euery man is vanitie. (Selah)
12 ၁၂ အို ထာဝရဘုရား၊ ကျွန်တော်မျိုး၏ဆုတောင်းပတ္ထနာကို နားညောင်းတော်မူပါ။ ကျွန်တော်မျိုး၏ပန်ကြားချက်ကို နားထောင်တော်မူပါ။ ကျွန်တော်မျိုးငိုယိုသောအခါကူမရန်ကြွ တော်မူပါ။ ဘိုးဘေးတို့ကဲ့သို့ကျွန်တော်မျိုးသည် ကိုယ်တော်ရှင်၏ဧည့်သည်အဖြစ်နှင့် ခဏမျှသာနေရပါ၏။
Heare my prayer, O Lord, and hearken vnto my cry: keepe not silence at my teares, for I am a strager with thee, and a soiourner as all my fathers.
13 ၁၃ ကျွန်တော်မျိုးသေ၍ပျောက်ကွယ်မသွားမီ ရွှင်လန်းမှုအနည်းငယ်ရရှိစေရန် ကျွန်တော်မျိုးထံမှမျက်နှာတော်ကိုလွှဲတော်မူပါ။
Stay thine anger from me, that I may recouer my strength, before I go hence and be not.