< ဆာလံ 38 >
1 ၁ အို ထာဝရဘုရား၊ အမျက်တော်ထွက်၍ကျွန်တော်မျိုးအား အပြစ်ဒဏ်ပေးတော်မမူပါနှင့်။
हे परमप्रभु, तपाईंको रिसमा मलाई नहप्काउनुहोस् । तपाईंको क्रोधमा मलाई दण्ड नदिनुहोस् ।
2 ၂ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားမြား ဖြင့်ပစ်၍ ဒဏ်ရာရရှိစေတော်မူပါပြီ။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားပြိုလဲ စေတော်မူပါပြီ။
किनकि तपाईंका काँडहरूले मलाई छेड्छन् र तपाईंका हातले मलाई भुइँमा पछार्छ ।
3 ၃ ကိုယ်တော်၏အမျက်တော်ကြောင့်ကျွန်တော်မျိုးသည် ဝေဒနာခံလျက်နေရပါ၏။ မိမိ၏အပြစ်များကြောင့်တစ်ကိုယ်လုံး ရောဂါစွဲလျက်နေပါ၏။
तपाईंको रिसको कारणले मेरो सम्पूर्ण शरीर बिरामी छ । मेरो पापको कारणले मेरा हाडहरू स्वस्थ्य छैनन् ।
4 ၄ အပြစ်ဒုစရိုက်ရေလွှမ်းမိုးရာတွင်ကျွန်တော် မျိုးသည် နစ်မွန်းလျက်ရှိပါ၏။ ယင်းတို့သည်လေးလံသောအပြစ်ဝန်ထုပ်ဖြစ်၍ ကျွန်တော်မျိုးမထမ်းနိုင်ပါ။
किनकि मेरा अधर्महरूले मलाई व्याकुल बनाउछन् । ती मेरो निम्ति ज्यादै गह्रौं भारी हुन् ।
5 ၅ ကျွန်တော်မျိုး၏မိုက်မဲမှုကြောင့်ရရှိသော အနာများသည်ပုပ်စပ်နံစော်လျက်နေပါ၏။
मेरा मूर्खतापूर्ण पापहरूका कारणले मेरा घाउहरू सडेका र दुर्गन्धित भएका छन् ।
6 ၆ ကျွန်တော်မျိုးသည်မချိမဆန့်ဝေဒနာခံ၍ နေရပါ၏။ တစ်နေ့လုံးပင်ပူဆွေးငိုယိုလျက်နေရပါ၏။
म कुप्रिन्छु र हरेक दिन अपमानित हुन्छु । म दिनभरि विलाप गरिरहन्छु ।
7 ၇ ကျွန်တော်မျိုးသည်အဖျားအပူရှိန်ပြင်းထန်လျက် အသဲအသန်ဖြစ်နေပါ၏။
किनकि जलनले मलाई भरेको छ । मेरो शरीर स्वस्थ्य छैन ।
8 ၈ စိစိညက်ညက်ကြေ၍နုန်းနဲ့ခွေယိုင်လျက်ရှိပါ၏။ ကျွန်တော်မျိုးသည်စိတ်ဒုက္ခရောက်၍ဝေဒနာကြောင့် ညည်းညူလျက်ရှိပါ၏။
म स्तब्ध र पूर्ण रूपमा चूर्ण छु । मेरो हृदयको वेदनाको कारणले म सुस्केरा हाल्छु ।
9 ၉ အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏အလိုဆန္ဒကို သိတော်မူပါ၏။ ကျွန်တော်မျိုး၏ညည်းညူသံကိုကြားတော်မူပါ၏။
हे परमप्रभु, मेरो हृदयको भित्री चाहानलाई तपाईंले बुझ्नुहुन्छ र मेरा सुस्केराहरू तपाईंबाट लुकाइएका छैनन् ।
10 ၁၀ ကျွန်တော်မျိုး၏နှလုံးသည်ခုန်၍နေပါ၏။ ကျွန်တော်မျိုးတွင်ခွန်အားမရှိတော့ပါ။ ကျွန်တော်မျိုး၏မျက်စိများသည်လည်း မှုံလျက်နေပါ၏။
मेरो मुटु धड्किन्छ, मेरो बल घट्छ र मेरा आँखा धमिला हुन्छन् ।
11 ၁၁ ကျွန်တော်မျိုး၏အနာများကြောင့်မိတ်ဆွေများနှင့် အိမ်နီးချင်းများသည် ကျွန်တော်မျိုး၏အနီးသို့မကပ်ကြတော့ပါ။ ကျွန်တော်မျိုး၏အိမ်ထောင်စုသားများပင်လျှင် ကျွန်တော်မျိုးထံသို့မလာကြပါ။
मेरो अवस्थाको कारणले मेरा मित्रहरू र साथीहरूले मलाई त्याग्छन् । मेरा छिमेकीहरू टाढै खडा हुन्छन् ।
12 ၁၂ ကျွန်တော်မျိုးအားသတ်ဖြတ်လိုသူတို့သည် ကျော့ကွင်းများကိုထောင်ကြပါ၏။ ကျွန်တော်မျိုးအားဥပဒ်ပြုလိုသူတို့သည် ခြိမ်းခြောက်ပြောဆိုကြပါ၏။ သူတို့သည်ကျွန်တော်မျိုးအားလုပ်ကြံရန် အစဉ်မပြတ်ကြံစည်လျက်နေကြပါ၏။
मेरो ज्यान लिन खोज्नेहरूले मेरो निम्ति पासो थाप्छन् । मेरो हानि गर्न खोज्नेहरूले विनाशकारी कुरा गर्छन् र दिनभरि छलपूर्ण शब्दहरू भन्छन् ।
13 ၁၃ ကျွန်တော်မျိုးသည်နားပင်းသူကဲ့သို့မကြား နိုင်ပါ။ ဆွံ့အသူကဲ့သို့စကားမပြောနိုင်ပါ။
तर म बहिरो मानिसजस्तो भएको छु र केही सुन्दिन । म गुँगो मानिसजस्तो भएको छु जसले केही भन्दैन ।
14 ၁၄ ကျွန်တော်မျိုးသည်နားမကြားသဖြင့် စကားပြန်မပြောနိုင်သူကဲ့သို့ဖြစ်ပါ၏။
म त्यो मानिसजस्तो भएको छु, जसले सुन्दैन, अनि जवाफ फर्काउँदैन ।
15 ၁၅ သို့ရာတွင် အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်ကိုကိုးစားပါ၏။ သို့ဖြစ်၍ကျွန်တော်မျိုး၏အရှင်ဘုရားသခင်၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ လျှောက်ထားချက်ကိုနားညောင်းတော်မူမည်ဖြစ်ပါ၏။
हे परमप्रभु, निश्चय नै, म तपाईंको आसा गर्छु । हे परमप्रभु मेरो परमेश्वर, तपाईंले जवाफ दिनुहुनेछ ।
16 ၁၆ ကျွန်တော်မျိုး၏ဒုက္ခကိုအကြောင်းပြုကာ ရန်သူတို့သည်နှစ်ထောင်းအားရခွင့်ကို ပေးတော်မမူပါနှင့်။ သူတို့အားကျွန်တော်မျိုးပြိုလဲမှုကိုအကြောင်း ပြုကာ ကြွားဝါခွင့်ပေးတော်မမူပါနှင့်။
म यसो भन्छु ताकि मेरा शत्रुहरूले मेरो गिल्ला नगरून् । मेरो खुट्टा चिप्लयो भने, तिनीहरूले मलाई डरलाग्दो कुराहरू गर्नेछन् ।
17 ၁၇ ကျွန်တော်မျိုးသည်ပြိုလဲလုပါပြီ။ ဝေဒနာကိုအစဉ်ခံစားလျက်နေရပါ၏။
किन मैले ठेस खान लागेको छु र म निरन्तर पीडामा छु ।
18 ၁၈ ကျွန်တော်မျိုးသည်မိမိ၏အပြစ်များကို ဖော်ပြဝန်ခံပါ၏။ ယင်းအပြစ်များကြောင့်စိုးရိမ်ပူပန်ပါ၏။
म आफ्नो दोष स्वीकार गर्छु । मेरा पापको बारेमा म चिन्तित छु ।
19 ၁၉ ကျွန်တော်မျိုး၏ရန်သူတို့သည်ကျန်းမာ သန်စွမ်းကြပါ၏။ အကြောင်းမဲ့ကျွန်တော်မျိုးအားမုန်းသူတို့သည် များပြားကြပါ၏။
तर मेरा शत्रुहरू असंख्या छन् । मलाई गलत किसिमले घृणा गर्नेहरू धेरै जना छन् ।
20 ၂၀ ကျွန်တော်မျိုးသည်မှန်ရာကိုပြုကျင့်ရန် ကြိုးစားသဖြင့် အကောင်းကိုအဆိုးအားဖြင့်ပြန်လည် ပေးဆပ်တတ်သူတို့သည် ကျွန်တော်မျိုးကိုဆန့်ကျင်ဘက်ပြုကြပါ၏။
तिनीहरूले मलाई असलको सट्टा खराबी गर्छन् । जे असल छ सो कुराको पछि म लागे तापनि, तिनीहरूले ममाथि दोष थुपार्छन् ।
21 ၂၁ အို ထာဝရဘုရား၊ ကျွန်တော်မျိုးကိုစွန့်ပစ်တော်မမူပါနှင့်။ ကျွန်တော်မျိုး၏ဘုရား၊ကျွန်တော်မျိုးနှင့် ဝေးဝေးနေတော်မမူပါနှင့်။
हे परमप्रभु, मलाई नत्याग्नुहोस् । हे मेरा परमेश्वर, मबाट टाढा नहुनुहोस् ।
22 ၂၂ ကျွန်တော်မျိုးကိုကယ်တင်မူသောဘုရားရှင်၊ ယခုပင်ကျွန်တော်မျိုးကိုကူမတော်မူပါ။
हे परमप्रभु, मेरो उद्धार, मलाई सहायता गर्न चाँडो आउनुहोस् ।