< ဆာလံ 38 >

1 အို ထာ​ဝ​ရ​ဘု​ရား၊ အ​မျက်​တော်​ထွက်​၍​ကျွန်​တော်​မျိုး​အား အ​ပြစ်​ဒဏ်​ပေး​တော်​မ​မူ​ပါ​နှင့်။
Zabura ta Dawuda. Roƙo ne. Ya Ubangiji, kada ka tsawata mini cikin fushinka ko ka hore ni cikin hasalarka.
2 ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​မြား ဖြင့်​ပစ်​၍ ဒဏ်​ရာ​ရ​ရှိ​စေ​တော်​မူ​ပါ​ပြီ။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​ပြို​လဲ စေ​တော်​မူ​ပါ​ပြီ။
Gama kibiyoyinka sun soke ni, hannunka kuma ya fāɗo a kaina.
3 ကိုယ်​တော်​၏​အ​မျက်​တော်​ကြောင့်​ကျွန်​တော်​မျိုး​သည် ဝေ​ဒ​နာ​ခံ​လျက်​နေ​ရ​ပါ​၏။ မိ​မိ​၏​အ​ပြစ်​များ​ကြောင့်​တစ်​ကိုယ်​လုံး ရော​ဂါ​စွဲ​လျက်​နေ​ပါ​၏။
Saboda hasalarka babu lafiya a jikina; ƙasusuwana ba lafiya saboda zunubina.
4 အ​ပြစ်​ဒု​စ​ရိုက်​ရေ​လွှမ်း​မိုး​ရာ​တွင်​ကျွန်​တော် မျိုး​သည် နစ်​မွန်း​လျက်​ရှိ​ပါ​၏။ ယင်း​တို့​သည်​လေး​လံ​သော​အ​ပြစ်​ဝန်​ထုပ်​ဖြစ်​၍ ကျွန်​တော်​မျိုး​မ​ထမ်း​နိုင်​ပါ။
Laifofina sun mamaye ni kamar nauyin da ya sha ƙarfin ɗauka.
5 ကျွန်​တော်​မျိုး​၏​မိုက်​မဲ​မှု​ကြောင့်​ရ​ရှိ​သော အ​နာ​များ​သည်​ပုပ်​စပ်​နံ​စော်​လျက်​နေ​ပါ​၏။
Miyakuna sun ruɓe suna kuma wari saboda wawancina na zunubi.
6 ကျွန်​တော်​မျိုး​သည်​မ​ချိ​မ​ဆန့်​ဝေ​ဒ​နာ​ခံ​၍ နေ​ရ​ပါ​၏။ တစ်​နေ့​လုံး​ပင်​ပူ​ဆွေး​ငို​ယို​လျက်​နေ​ရ​ပါ​၏။
An tanƙware ni aka kuma ƙasƙantar da ni; dukan yini ina ta kuka.
7 ကျွန်​တော်​မျိုး​သည်​အ​ဖျား​အ​ပူ​ရှိန်​ပြင်း​ထန်​လျက် အ​သဲ​အ​သန်​ဖြစ်​နေ​ပါ​၏။
Bayana yana fama da zazzaɓi; babu lafiya a jikina.
8 စိ​စိ​ညက်​ညက်​ကြေ​၍​နုန်း​နဲ့​ခွေ​ယိုင်​လျက်​ရှိ​ပါ​၏။ ကျွန်​တော်​မျိုး​သည်​စိတ်​ဒုက္ခ​ရောက်​၍​ဝေ​ဒနာ​ကြောင့် ညည်း​ညူ​လျက်​ရှိ​ပါ​၏။
Na gaji sharkaf an kuma ragargaza ni; ina nishi da wahala a cikin zuciyata.
9 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​အ​လို​ဆန္ဒ​ကို သိ​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​၏​ညည်း​ညူ​သံ​ကို​ကြား​တော်​မူ​ပါ​၏။
Dukan bukatata tana a shimfiɗe a gabanka, ya Ubangiji; ajiyar zuciyata ba ta ɓoyuwa daga gare ka.
10 ၁၀ ကျွန်​တော်​မျိုး​၏​နှ​လုံး​သည်​ခုန်​၍​နေ​ပါ​၏။ ကျွန်​တော်​မျိုး​တွင်​ခွန်​အား​မ​ရှိ​တော့​ပါ။ ကျွန်​တော်​မျိုး​၏​မျက်​စိ​များ​သည်​လည်း မှုံ​လျက်​နေ​ပါ​၏။
Zuciyata na bugu, ƙarfina kuma ya ƙare, har ma haske ya rabu da idanuna.
11 ၁၁ ကျွန်​တော်​မျိုး​၏​အ​နာ​များ​ကြောင့်​မိတ်​ဆွေ​များ​နှင့် အိမ်​နီး​ချင်း​များ​သည် ကျွန်​တော်​မျိုး​၏​အ​နီး​သို့​မ​ကပ်​ကြ​တော့​ပါ။ ကျွန်​တော်​မျိုး​၏​အိမ်​ထောင်​စု​သား​များ​ပင်​လျှင် ကျွန်​တော်​မျိုး​ထံ​သို့​မ​လာ​ကြ​ပါ။
Abokaina da maƙwabtana sun guje ni saboda miyakuna; maƙwabtana ba sa zuwa kusa.
12 ၁၂ ကျွန်​တော်​မျိုး​အား​သတ်​ဖြတ်​လို​သူ​တို့​သည် ကျော့​ကွင်း​များ​ကို​ထောင်​ကြ​ပါ​၏။ ကျွန်​တော်​မျိုး​အား​ဥ​ပဒ်​ပြု​လို​သူ​တို့​သည် ခြိမ်း​ခြောက်​ပြော​ဆို​ကြ​ပါ​၏။ သူ​တို့​သည်​ကျွန်​တော်​မျိုး​အား​လုပ်​ကြံ​ရန် အ​စဉ်​မ​ပြတ်​ကြံ​စည်​လျက်​နေ​ကြ​ပါ​၏။
Waɗanda suke neman raina sun sa tarkonsu, waɗanda suke so su cuce ni suna zance lalatar da ni; yini sukutum suna ƙulla mini maƙarƙashiya.
13 ၁၃ ကျွန်​တော်​မျိုး​သည်​နား​ပင်း​သူ​ကဲ့​သို့​မ​ကြား နိုင်​ပါ။ ဆွံ့​အ​သူ​ကဲ့​သို့​စ​ကား​မ​ပြော​နိုင်​ပါ။
Ni kamar kurma ne, wanda ba ya ji, kamar bebe, wanda ba ya iya buɗe bakinsa.
14 ၁၄ ကျွန်​တော်​မျိုး​သည်​နား​မ​ကြား​သ​ဖြင့် စ​ကား​ပြန်​မ​ပြော​နိုင်​သူ​ကဲ့​သို့​ဖြစ်​ပါ​၏။
Na zama kamar mutumin da ba ya ji, wanda bakinsa ba ya iya ba da amsa.
15 ၁၅ သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ကို​ကိုး​စား​ပါ​၏။ သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​၏​အ​ရှင်​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏ လျှောက်​ထား​ချက်​ကို​နား​ညောင်း​တော်​မူ​မည်​ဖြစ်​ပါ​၏။
Na dogara gare ka, ya Ubangiji; za ka amsa, ya Ubangiji Allahna.
16 ၁၆ ကျွန်​တော်​မျိုး​၏​ဒုက္ခ​ကို​အ​ကြောင်း​ပြု​ကာ ရန်​သူ​တို့​သည်​နှစ်​ထောင်း​အား​ရ​ခွင့်​ကို ပေး​တော်​မ​မူ​ပါ​နှင့်။ သူ​တို့​အား​ကျွန်​တော်​မျိုး​ပြို​လဲ​မှု​ကို​အ​ကြောင်း ပြု​ကာ ကြွား​ဝါ​ခွင့်​ပေး​တော်​မ​မူ​ပါ​နှင့်။
Gama na ce, “Kada ka bar su su yi farin ciki a kaina ko su yi kirari a kaina sa’ad da ƙafata ta yi santsi.”
17 ၁၇ ကျွန်​တော်​မျိုး​သည်​ပြို​လဲ​လု​ပါ​ပြီ။ ဝေ​ဒ​နာ​ကို​အ​စဉ်​ခံ​စား​လျက်​နေ​ရ​ပါ​၏။
Gama ina gab da fāɗuwa, kuma cikin azaba nake kullum.
18 ၁၈ ကျွန်​တော်​မျိုး​သည်​မိ​မိ​၏​အ​ပြစ်​များ​ကို ဖော်​ပြ​ဝန်​ခံ​ပါ​၏။ ယင်း​အ​ပြစ်​များ​ကြောင့်​စိုး​ရိမ်​ပူ​ပန်​ပါ​၏။
Na furta laifina; na damu da zunubina.
19 ၁၉ ကျွန်​တော်​မျိုး​၏​ရန်​သူ​တို့​သည်​ကျန်း​မာ သန်​စွမ်း​ကြ​ပါ​၏။ အ​ကြောင်း​မဲ့​ကျွန်​တော်​မျိုး​အား​မုန်း​သူ​တို့​သည် များ​ပြား​ကြ​ပါ​၏။
Da yawa ne masu gāba da ni da ƙarfi; waɗanda suke kina ba dalili sun yi yawa.
20 ၂၀ ကျွန်​တော်​မျိုး​သည်​မှန်​ရာ​ကို​ပြု​ကျင့်​ရန် ကြိုး​စား​သဖြင့် အ​ကောင်း​ကို​အ​ဆိုး​အား​ဖြင့်​ပြန်​လည် ပေး​ဆပ်​တတ်​သူ​တို့​သည် ကျွန်​တော်​မျိုး​ကို​ဆန့်​ကျင်​ဘက်​ပြု​ကြ​ပါ​၏။
Waɗanda suke sāka alherina da mugunta, suna cin zarafina sa’ad da nake bin abin da yake daidai.
21 ၂၁ အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​ကို​စွန့်​ပစ်​တော်​မ​မူ​ပါ​နှင့်။ ကျွန်​တော်​မျိုး​၏​ဘု​ရား၊​ကျွန်​တော်​မျိုး​နှင့် ဝေး​ဝေး​နေ​တော်​မ​မူ​ပါ​နှင့်။
Ya Ubangiji, kada ka yashe ni; kada ka yi nesa da ni, ya Allahna.
22 ၂၂ ကျွန်​တော်​မျိုး​ကို​ကယ်​တင်​မူ​သော​ဘု​ရား​ရှင်၊ ယ​ခု​ပင်​ကျွန်​တော်​မျိုး​ကို​ကူ​မ​တော်​မူ​ပါ။
Zo da sauri ka taimake ni, Ya Ubangiji Mai Cetona.

< ဆာလံ 38 >