< ဆာလံ 36 >
1 ၁ သူယုတ်မာ၏စိတ်နှလုံးအတွင်း၌ အပြစ်ဒုစရိုက်သည်တီးတိုးလှုံ့ဆော်လျက်နေတတ်၏။ ထိုသူသည်ဘုရားကိုပစ်ပယ်တတ်၏။ ကိုယ်တော်ကိုလည်းမကြောက်မရွံ့တတ်။
Prestopek zlobnega znotraj mojega srca pravi, da pred njegovimi očmi ni Božjega strahu.
2 ၂ မိမိကိုယ်ကိုအထင်ကြီးလှသဖြင့် သူသည်မိမိ၏အပြစ်ကိုထာဝရဘုရား တွေ့ရှိတော်မူလိမ့်မည်မဟုတ်၊ မိမိအားအပြစ်ဒဏ်လည်းခတ်တော်မူလိမ့်မည် မဟုတ်ဟုထင်မှတ်တတ်၏။
Kajti v svojih lastnih očeh si laska, dokler se ne najde njegova krivičnost, da je vreden sovraštva.
3 ၃ သူပြောဆိုသောစကားသည်ညစ်ညမ်း၍ မုသားအတိဖြစ်၏။ သူသည်အကျင့်ကောင်းကိုမပြုတော့ပြီ၊ ပညာသတိလည်းမရှိတော့ပြီ။
Besede iz njegovih ust so krivičnost in prevara. Prenehal je biti moder in delati dobro.
4 ၄ သူသည်အိပ်ရာပေါ်တွင်လဲလျောင်းစဉ် မကောင်းမှုများကိုကြံစည်တတ်၏။ သူပြုကျင့်လေသမျှသည်မကောင်းမှု သာဖြစ်၏။ သူသည်ဆိုးညစ်မှုကိုအဘယ်အခါမျှမပစ် ပယ်။
Na svoji postelji snuje vragolijo, postavlja se na pot, ki ni dobra, zla ne prezira.
5 ၅ အို ထာဝရဘုရား၊ ကိုယ်တော်၏ခိုင်မြဲသောမေတ္တာတော်သည် ကောင်းကင်သို့တိုင်အောင်လည်းကောင်း၊ သစ္စာတော်သည်မိုးတိမ်အထက်သို့ တိုင်အောင်လည်းကောင်းရောက်ပါ၏။
Tvoje usmiljenje, oh Gospod, je v nebesih; in tvoja zvestoba sega do oblakov.
6 ၆ ကိုယ်တော်၏တရားမျှတမှုသည်မြင့်မားသော တောင်ရိုးနှင့်တူပါ၏။ ကိုယ်တော်ရှင်၏စီရင်တော်မူချက်တို့သည် ပင်လယ်၏နက်ရှိုင်းရာများနှင့်တူပါ၏။ ကိုယ်တော်ရှင်သည်လူနှင့်တိရစ္ဆာန်တို့ကို စောင့်ရှောက်တော်မူပါ၏။
Tvoja pravičnost je podobna velikim goram, tvoje sodbe so zelo globokoumne. Oh Gospod, ti ohranjaš človeka in žival.
7 ၇ အို ဘုရားသခင်၊ ကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော်သည် လွန်စွာမြတ်နိုးဖွယ်ဖြစ်ပါ၏။ ကျွန်တော်မျိုးတို့သည်ကိုယ်တော်၏အတောင် တော်ရိပ် အောက်တွင်ဘေးမဲ့လုံခြုံခွင့်ရရှိကြပါ၏။
Kako odlična je tvoja ljubeča skrbnost, oh Bog! Zato človeški otroci svoje trdno upanje polagajo pod senco tvojih peruti.
8 ၈ ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်ပေါများစွာ ချပေးတော်မူသောအစာရေစာကို စားသုံးကြရပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား ကိုယ်တော်၏ကောင်းမြတ်တော်မူခြင်းတည်းဟူသော မြစ်ရေမှသောက်သုံးခွင့်ကိုပေးတော်မူပါ။
Obilno bodo nasičeni z obiljem tvoje hiše in primoral jih boš piti iz reke svojih radosti.
9 ၉ ကိုယ်တော်ရှင်ထံမှသတ္တဝါမှန်သမျှတို့သည် အသက်ကိုရရှိကြပါ၏။ ကိုယ်တော်ရှင်၏အလင်းတော်ကြောင့် ကျွန်တော်မျိုးတို့သည်အလင်းကိုရရှိကြ ပါ၏။
Kajti s teboj je studenec življenja, v tvoji svetlobi bomo videli svetlobo.
10 ၁၀ ကိုယ်တော်ရှင်ကိုသိကျွမ်းသူတို့အား ဆက်လက်၍ မေတ္တာထားတော်မူပါ။ သူတော်ကောင်းတို့အားဆက်လက်၍ ကျေးဇူးပြုတော်မူပါ။
Oh nadaljuj svoje ljubeče skrbnosti tem, ki te poznajo, in svojo pravičnost do iskrenih v srcu.
11 ၁၁ မာနကြီးသူတို့အားကျွန်တော်မျိုးကိုတိုက် ခိုက်ခွင့်၊ သူယုတ်မာတို့သည်ကျွန်တော်မျိုးကိုနှင်ထုတ်ခွင့် မရပါစေနှင့်။
Naj proti meni ne pride stopalo ponosnega in naj me roka zlobnega ne odstrani.
12 ၁၂ ဆိုးယုတ်သူတို့လဲရာအရပ်ကိုကြည့်ကြလော့။ သူတို့သည်မထနိုင်တော့ဘဲထိုနေရာတွင် လဲလျက်နေကြ၏။
Tam so padli delavci krivičnosti. Podrti so in ne bodo mogli vstati.