< ဆာလံ 35 >
1 ၁ အို ထာဝရဘုရား၊ ကျွန်တော်မျိုးအားဆန့်ကျင်ဘက်ပြုသူတို့ကို ဆန့်ကျင်ဘက်ပြုတော်မူ၍ ကျွန်တော်မျိုးအားတိုက်ခိုက်သူတို့ကို တိုက်ခိုက်တော်မူပါ။
Господе! Буди супарник супарницима мојим; удри оне који ударају на ме.
2 ၂ ကိုယ်တော်ရှင်၏ဒိုင်းလွှားကိုကိုင်ဆွဲ၍ ကျွန်တော်မျိုးအားကူမရန်ကြွတော်မူပါ။
Узми оружје и штит, и дигни се мени у помоћ.
3 ၃ ကျွန်တော်မျိုးအားလိုက်လံဖမ်းဆီးသူတို့အား လှံတံတော်နှင့်ရဲတင်းတော်ကိုချိန်ရွယ်၍ ဆီးတားတော်မူပါ။ ကိုယ်တော်ရှင်သည်ကယ်တင်တော်မူမည်ဖြစ် ကြောင်း ကျွန်တော်မျိုးအားမိန့်ကြားတော်မူပါ။
Потегни копље, и пресеци пут онима који ме гоне, реци души мојој: Ја сам спасење твоје.
4 ၄ ကျွန်တော်မျိုးအားသတ်ရန်ကြိုးစားကြသူတို့သည် အရေးရှုံးနိမ့်လျက်အရှက်ကွဲရကြပါစေသော။ ကျွန်တော်မျိုးကိုအန္တရာယ်ပြုရန်ကြံစည် သူတို့သည် တပ်လှန်၍ကစဥ့်ကရဲဖြစ်ရကြပါစေသော။
Нека се постиде и посраме који траже душу моју; нека се одбију натраг и постиде који ми зло хоће.
5 ၅ ထာဝရဘုရား၏ကောင်းကင်တမန်သည် သူတို့အားလိုက်လံဖမ်းဆီးသဖြင့် သူတို့သည်လေတိုက်ရာတွင်လွင့်ပါသွား တတ်သော ဖွဲကဲ့သို့ဖြစ်ရကြပါစေသော။
Нека буду као прах пред ветром, и анђео Господњи нека их прогони.
6 ၆ ထာဝရဘုရား၏ကောင်းကင်တမန်သည် သူတို့အားလိုက်လံတိုက်ခိုက်စဉ် သူတို့ပြေးရာလမ်းသည်မှောင်မိုက်၍ ခြေချော်ကြရပါစေသော။
Нека буде пут њихов таман и клизав, и анђео Господњи нека их тера.
7 ၇ သူတို့သည်အကြောင်းမဲ့ကျွန်တော်မျိုးအတွက် ကျော့ကွင်းကိုထောင်၍ကျွန်တော်မျိုးကိုဖမ်းရန် တွင်းကိုနက်စွာတူးကြပါ၏။
Јер низашта застреше мрежом јаму за мене, низашта ископаше јаму души мојој.
8 ၈ သို့ရာတွင်သူတို့သည်အမှတ်မထင်ပျက်စီး ဆုံးပါး ရကြပါလိမ့်မည်။ မိမိတို့ထောင်သည့်ကျော့ကွင်းတွင်ပြန်၍မိလျက် မိမိတို့တူးသောတွင်းထဲသို့ကျ၍ ပျက်စီးဆုံးပါးရကြပါလိမ့်မည်။
Нека дође на њега погибао ненадна, и мрежа коју је наместио нека улови њега, нека он у њу падне на погибао.
9 ၉ ထိုအခါငါသည်ထာဝရဘုရားကိုအမှီ ပြု၍ ဝမ်းမြောက်လိမ့်မည်။ ကိုယ်တော်သည်ငါ့ကိုကယ်တော်မူသဖြင့် ငါသည်ရွှင်လန်းလိမ့်မည်။
А душа ће се моја радовати о Господу, и веселиће се за помоћ Његову.
10 ၁၀ ``ကိုယ်တော်နှင့်အဘယ်သူတူပါသနည်း။ အဘယ်သူသည်ကိုယ်တော်ကဲ့သို့အားနွဲ့ သူကို အားကြီးသူ၏ဘေးမှလည်းကောင်း၊ ဆင်းရဲနွမ်းပါးသူကိုဖိစီးနှိပ်စက်တတ်သူ၏ ဘေးမှလည်းကောင်း ကွယ်ကာစောင့်ရှောက်ပါသနည်း'' ဟု ထာဝရဘုရားအားခံစားချက်အပြည့် အဝဖြင့် ငါလျှောက်ထားမည်။
Све ће кости моје рећи: Господе! Ко је као Ти, који избављаш страдалца од оног који му досађује, и ништега и убогога од оног који га упропашћује?
11 ၁၁ ဆိုးညစ်သူတို့သည်ငါအဘယ်အခါမျှ မကူးလွန်သည့်ပြစ်မှုများနှင့်ငါ့အား စွပ်စွဲကြ၏။
Усташе на ме лажни сведоци; шта не знам, за оно ме питају.
12 ၁၂ သူတို့သည်ငါ့အားကျေးဇူးကန်းကြ၏။ သို့ဖြစ်၍ငါသည်အလွန်စိတ်ပျက်လှ၏။
Плаћају ми зло за добро, и сиротовање души мојој.
13 ၁၃ ငါမူကားထိုသူတို့ဖျားနာကြသောအခါ၊ ဝမ်းနည်းသည့်အနေဖြင့်နှိမ့်ချဆုတောင်းလျက် လျှော်တေကိုဝတ်၍အစာမစားဘဲနေ၏။
Ја се у болести њиховој облачих у врећу, мучих постом душу своју, и молитва се моја враћаше у прсима мојим.
14 ၁၄ ငါသည်မိတ်ဆွေသို့မဟုတ်ညီအစ်ကို၏အတွက် ဆုတောင်းပတ္ထနာပြုသကဲ့သို့ စိတ်အားထက်သန်စွာသူတို့အတွက် ဆုတောင်းပတ္ထနာပြု၏။ ငါ၏မိခင်အတွက်ပူဆွေးသကဲ့သို့၊ ဆုတောင်းပတ္ထနာပြု၏။
Као пријатељ, као брат поступах; бејах сетан и с обореном главом као онај који за матером жали.
15 ၁၅ သို့ရာတွင်ငါဒုက္ခရောက်သောအခါ၊သူတို့အား လုံးပင် ဝမ်းမြောက်ကြလျက် ငါ့ကိုပြောင်လှောင်ရန်ဝိုင်းရံစုရုံးလာကြ၏။ ငါမသိသောသူတို့သည်ငါ့အားရိုက်နှက်ကြ၏။ မရပ်မစဲဘဲရိုက်နှက်ကြ၏။
А они се радују кад се ја спотакнем, и купе се, купе се на ме, задају ране, не знам зашто, чупају и не престају.
16 ၁၆ ငါ့အားနာကြည်းအောင်ပြောင်လှောင်ကြ၏။ မုန်းမာန်ပွား၍ငါ့ကိုစူးစူးဝါးဝါးကြည့် ကြ၏။
С неваљалим и подругљивим беспосличарима шкргућу на ме зубима својим.
17 ၁၇ အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်အဘယ်ကာလတိုင်အောင် ကြည့်၍နေတော်မူပါမည်နည်း။ သူတို့၏တိုက်ခိုက်မှုများမှကျွန်တော်မျိုးအား ကယ်နုတ်တော်မူပါ။ ဤခြင်္သေ့တို့၏ဘေးမှကျွန်တော်မျိုး၏အသက်ကို ကယ်တော်မူပါ။
Господе! Хоћеш ли дуго гледати? Отми душу моју од нападања њиховог, од ових лавова јединицу моју.
18 ၁၈ ထိုအခါကျွန်တော်မျိုးသည်ကိုယ်တော်၏ လူစုတော် အစည်းအဝေးတွင် ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်းပါမည်။ လူပရိသတ်ကြီး၏ရှေ့တွင်ကိုယ်တော်အား ထောမနာပြုပါမည်။
Признаћу Те у сабору великом, усред многог народа хвалићу Те.
19 ၁၉ ကျွန်တော်မျိုး၏ရန်သူလူလိမ်လူညာများ အား ကျွန်တော်မျိုးအရေးရှုံးနိမ့်မှုကိုအကြောင်း ပြုကာ နှစ်ထောင်းအားရခွင့်ကိုပေးတော်မမူပါ နှင့်။ အကြောင်းမဲ့ကျွန်တော်မျိုးကိုမုန်းသောသူတို့အား ကျွန်တော်မျိုး၏ဝမ်းနည်းမှုကိုအကြောင်းပြု၍ လှောင်ပြောင်ခွင့်ကိုပေးတော်မမူပါနှင့်။
Да ми се не би светили који ми злобе неправедно, и намигивали очима који мрзе на ме низашта.
20 ၂၀ သူတို့သည်ငြိမ်းချမ်းစေမည့်စကားကို မပြောဘဲ ငြိမ်းချမ်းရေးလိုလားသူတို့၏အကြောင်းကို မဟုတ်မမှန်လုပ်ကြံ၍ပြောဆိုကြပါ၏။
Јер они не говоре о миру, него на мирне на земљи измишљају лажне ствари.
21 ၂၁ သူတို့က``ဟားဟားသင်ပြုသောအမှုကို ငါတို့မြင်ကြ၏'' ဟုအော်ဟစ်၍ကျွန်တော် မျိုးအား စွပ်စွဲပြောဆိုကြပါ၏။
Разваљују на ме уста своја, и говоре: Добро! Добро! Види око наше.
22 ၂၂ သို့သော်လည်း အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ဤအမှုကိုသိမြင်တော် မူပါ၏။ သို့ဖြစ်၍ အို ထာဝရဘုရား၊ ဆိတ်ဆိတ်နေတော်မမူပါနှင့်။ ကျွန်တော်မျိုးနှင့်ဝေးဝေးနေတော်မမူပါနှင့်။
Видиш, Господе! Немој ћутати; Господе! Немој одступити од мене.
23 ၂၃ အို ထာဝရဘုရား၊ ကျွန်တော်မျိုး၏ဘုရား၊နိုးထတော်မူ၍ ကျွန်တော်မျိုးဖြောင့်မှန်ကြောင်းစီရင် ဆုံးဖြတ်တော်မူပါ။
Пробуди се, устани на суд мој, Боже мој и Господе, и на парницу моју.
24 ၂၄ အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်တရားမျှတတော်မူသောအရှင် ဖြစ်တော်မူသည်ဖြစ်၍ ကျွန်တော်မျိုးတွင်အပြစ်မရှိကြောင်းထုတ်ဖော် ကြေညာတော်မူပါ။ ကျွန်တော်မျိုး၏ရန်သူများသည် ကျွန်တော်မျိုးကိုအကြောင်းပြု၍နှစ်ထောင်း အားရခွင့်ကိုရစေတော်မမူပါနှင့်။
Суди ми по правди својој, Господе, Боже мој, да ми се не свете.
25 ၂၅ ``ငါတို့အလိုဆန္ဒပြည့်ပြီ၊သူ့ကိုငါတို့ အနိုင်ရပြီ'' ဟူ၍သူတို့ပြောဆိုနိုင်ခွင့်ကို ပေးတော်မမူပါနှင့်။
Не дај да говоре у срцу свом: Добро! То смо хтели! Не дај да говоре: Прождресмо га.
26 ၂၆ ကျွန်တော်မျိုး၏ဒုက္ခကိုအကြောင်းပြုကာ နှစ်ထောင်းအားရသူတို့သည် မရှုမလှအရေးနိမ့်၍ကစဥ့်ကရဲ ဖြစ်ကြရပါစေသော။ မိမိတို့ကိုယ်ကိုကျွန်တော်မျိုးထက်သာ သည်ဟု ပြောဆိုသူတို့သည်အရှက်ကွဲ၍ မျက်နှာပျက်ကြရပါစေသော။
Нек се постиде и посраме сви који се радују злу мом, нек се обуку у стид и у срам који се размећу нада мном.
27 ၂၇ ကျွန်တော်မျိုးအားလွတ်ငြိမ်းချမ်းသာခွင့် ရစေလိုသော သူတို့သည်ရွှင်လန်းဝမ်းမြောက်စွာဖြင့် ``ထာဝရဘုရားသည်ကြီးမြတ်တော်မူ၏။ ကိုယ်တော်၏အစေခံကောင်းစားသည်ကို အားရနှစ်သက်တော်မူ၏'' ဟုအဖန်တလဲလဲ ကြွေးကြော်ကြပါစေသော။
Нека се радују и веселе који ми желе правду, и говоре једнако: Велик Господ, који жели мира слузи свом!
28 ၂၈ ထိုအခါကျွန်တော်မျိုးသည်ကိုယ်တော်ရှင် တရားမျှတတော်မူပုံကိုထုတ်ဖော်ကြေညာ ပါမည်။ တစ်နေ့လုံးကိုယ်တော်ရှင်အားထောမနာပြု ပါမည်။
И мој ће језик казивати правду Твоју, и хвалу Теби сваки дан.