< ဆာလံ 35 >

1 အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​အား​ဆန့်​ကျင်​ဘက်​ပြု​သူ​တို့​ကို ဆန့်​ကျင်​ဘက်​ပြု​တော်​မူ​၍ ကျွန်​တော်​မျိုး​အား​တိုက်​ခိုက်​သူ​တို့​ကို တိုက်​ခိုက်​တော်​မူ​ပါ။
לְדָוִ֨ד ׀ רִיבָ֣ה יְ֭הוָה אֶת־יְרִיבַ֑י לְ֝חַ֗ם אֶת־לֹֽחֲמָֽי׃
2 ကိုယ်​တော်​ရှင်​၏​ဒိုင်း​လွှား​ကို​ကိုင်​ဆွဲ​၍ ကျွန်​တော်​မျိုး​အား​ကူ​မ​ရန်​ကြွ​တော်​မူ​ပါ။
הַחֲזֵ֣ק מָגֵ֣ן וְצִנָּ֑ה וְ֝ק֗וּמָה בְּעֶזְרָתִֽי׃
3 ကျွန်​တော်​မျိုး​အား​လိုက်​လံ​ဖမ်း​ဆီး​သူ​တို့​အား လှံ​တံ​တော်​နှင့်​ရဲ​တင်း​တော်​ကို​ချိန်​ရွယ်​၍ ဆီး​တား​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​သည်​ကယ်​တင်​တော်​မူ​မည်​ဖြစ် ကြောင်း ကျွန်​တော်​မျိုး​အား​မိန့်​ကြား​တော်​မူ​ပါ။
וְהָ֘רֵ֤ק חֲנִ֣ית וּ֭סְגֹר לִקְרַ֣את רֹדְפָ֑י אֱמֹ֥ר לְ֝נַפְשִׁ֗י יְֽשֻׁעָתֵ֥ךְ אָֽנִי׃
4 ကျွန်​တော်​မျိုး​အား​သတ်​ရန်​ကြိုး​စား​ကြ​သူ​တို့​သည် အ​ရေး​ရှုံး​နိမ့်​လျက်​အ​ရှက်​ကွဲ​ရ​ကြ​ပါ​စေ​သော။ ကျွန်​တော်​မျိုး​ကို​အန္တ​ရာယ်​ပြု​ရန်​ကြံ​စည် သူ​တို့​သည် တပ်​လှန်​၍​က​စဥ့်​က​ရဲ​ဖြစ်​ရ​ကြ​ပါ​စေ​သော။
יֵבֹ֣שׁוּ וְיִכָּלְמוּ֮ מְבַקְשֵׁ֪י נַ֫פְשִׁ֥י יִסֹּ֣גוּ אָח֣וֹר וְיַחְפְּר֑וּ חֹ֝שְׁבֵ֗י רָעָתִֽי׃
5 ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည် သူ​တို့​အား​လိုက်​လံ​ဖမ်း​ဆီး​သ​ဖြင့် သူ​တို့​သည်​လေ​တိုက်​ရာ​တွင်​လွင့်​ပါ​သွား တတ်​သော ဖွဲ​ကဲ့​သို့​ဖြစ်​ရ​ကြ​ပါ​စေ​သော။
יִֽהְי֗וּ כְּמֹ֥ץ לִפְנֵי־ר֑וּחַ וּמַלְאַ֖ךְ יְהוָ֣ה דּוֹחֶֽה׃
6 ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည် သူ​တို့​အား​လိုက်​လံ​တိုက်​ခိုက်​စဉ် သူ​တို့​ပြေး​ရာ​လမ်း​သည်​မှောင်​မိုက်​၍ ခြေ​ချော်​ကြ​ရ​ပါ​စေ​သော။
יְֽהִי־דַרְכָּ֗ם חֹ֥שֶׁךְ וַחֲלַקְלַקּ֑וֹת וּמַלְאַ֥ךְ יְ֝הוָ֗ה רֹדְפָֽם׃
7 သူ​တို့​သည်​အ​ကြောင်း​မဲ့​ကျွန်​တော်​မျိုး​အ​တွက် ကျော့​ကွင်း​ကို​ထောင်​၍​ကျွန်​တော်​မျိုး​ကို​ဖမ်း​ရန် တွင်း​ကို​နက်​စွာ​တူး​ကြ​ပါ​၏။
כִּֽי־חִנָּ֣ם טָֽמְנוּ־לִ֭י שַׁ֣חַת רִשְׁתָּ֑ם חִ֝נָּ֗ם חָפְר֥וּ לְנַפְשִֽׁי׃
8 သို့​ရာ​တွင်​သူ​တို့​သည်​အ​မှတ်​မ​ထင်​ပျက်​စီး ဆုံး​ပါး ရ​ကြ​ပါ​လိမ့်​မည်။ မိ​မိ​တို့​ထောင်​သည့်​ကျော့​ကွင်း​တွင်​ပြန်​၍​မိ​လျက် မိ​မိ​တို့​တူး​သော​တွင်း​ထဲ​သို့​ကျ​၍ ပျက်​စီး​ဆုံး​ပါး​ရ​ကြ​ပါ​လိမ့်​မည်။
תְּבוֹאֵ֣הוּ שׁוֹאָה֮ לֹֽא־יֵ֫דָ֥ע וְרִשְׁתּ֣וֹ אֲשֶׁר־טָמַ֣ן תִּלְכְּד֑וֹ בְּ֝שׁוֹאָ֗ה יִפָּל־בָּֽהּ׃
9 ထို​အ​ခါ​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​အ​မှီ ပြု​၍ ဝမ်း​မြောက်​လိမ့်​မည်။ ကိုယ်​တော်​သည်​ငါ့​ကို​ကယ်​တော်​မူ​သ​ဖြင့် ငါ​သည်​ရွှင်​လန်း​လိမ့်​မည်။
וְ֭נַפְשִׁי תָּגִ֣יל בַּיהוָ֑ה תָּ֝שִׂישׂ בִּישׁוּעָתֽוֹ׃
10 ၁၀ ``ကိုယ်​တော်​နှင့်​အ​ဘယ်​သူ​တူ​ပါ​သ​နည်း။ အ​ဘယ်​သူ​သည်​ကိုယ်​တော်​ကဲ့​သို့​အား​နွဲ့ သူ​ကို အား​ကြီး​သူ​၏​ဘေး​မှ​လည်း​ကောင်း၊ ဆင်း​ရဲ​နွမ်း​ပါး​သူ​ကို​ဖိ​စီး​နှိပ်​စက်​တတ်​သူ​၏ ဘေး​မှ​လည်း​ကောင်း ကွယ်​ကာ​စောင့်​ရှောက်​ပါ​သ​နည်း'' ဟု ထာ​ဝ​ရ​ဘု​ရား​အား​ခံ​စား​ချက်​အ​ပြည့် အ​ဝ​ဖြင့် ငါ​လျှောက်​ထား​မည်။
כָּ֥ל עַצְמוֹתַ֨י ׀ תֹּאמַרְנָה֮ יְהוָ֗ה מִ֥י כָ֫מ֥וֹךָ מַצִּ֣יל עָ֭נִי מֵחָזָ֣ק מִמֶּ֑נּוּ וְעָנִ֥י וְ֝אֶבְי֗וֹן מִגֹּזְלֽוֹ׃
11 ၁၁ ဆိုး​ညစ်​သူ​တို့​သည်​ငါ​အ​ဘယ်​အ​ခါ​မျှ မ​ကူး​လွန်​သည့်​ပြစ်​မှု​များ​နှင့်​ငါ့​အား စွပ်​စွဲ​ကြ​၏။
יְ֭קוּמוּן עֵדֵ֣י חָמָ֑ס אֲשֶׁ֥ר לֹא־יָ֝דַ֗עְתִּי יִשְׁאָלֽוּנִי׃
12 ၁၂ သူ​တို့​သည်​ငါ့​အား​ကျေး​ဇူး​ကန်း​ကြ​၏။ သို့​ဖြစ်​၍​ငါ​သည်​အ​လွန်​စိတ်​ပျက်​လှ​၏။
יְשַׁלְּמ֣וּנִי רָ֭עָה תַּ֥חַת טוֹבָ֗ה שְׁכ֣וֹל לְנַפְשִֽׁי׃
13 ၁၃ ငါ​မူ​ကား​ထို​သူ​တို့​ဖျား​နာ​ကြ​သော​အ​ခါ၊ ဝမ်း​နည်း​သည့်​အ​နေ​ဖြင့်​နှိမ့်​ချ​ဆု​တောင်း​လျက် လျှော်​တေ​ကို​ဝတ်​၍​အ​စာ​မ​စား​ဘဲ​နေ​၏။
וַאֲנִ֤י ׀ בַּחֲלוֹתָ֡ם לְב֬וּשִׁי שָׂ֗ק עִנֵּ֣יתִי בַצּ֣וֹם נַפְשִׁ֑י וּ֝תְפִלָּתִ֗י עַל־חֵיקִ֥י תָשֽׁוּב׃
14 ၁၄ ငါ​သည်​မိတ်​ဆွေ​သို့​မ​ဟုတ်​ညီ​အစ်​ကို​၏​အ​တွက် ဆု​တောင်း​ပတ္ထ​နာ​ပြု​သ​ကဲ့​သို့ စိတ်​အား​ထက်​သန်​စွာ​သူ​တို့​အ​တွက် ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။ ငါ​၏​မိ​ခင်​အ​တွက်​ပူ​ဆွေး​သ​ကဲ့​သို့၊ ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။
כְּרֵֽעַ־כְּאָ֣ח לִ֭י הִתְהַלָּ֑כְתִּי כַּאֲבֶל־אֵ֝֗ם קֹדֵ֥ר שַׁחֽוֹתִי׃
15 ၁၅ သို့​ရာ​တွင်​ငါ​ဒုက္ခ​ရောက်​သော​အ​ခါ၊သူ​တို့​အား လုံး​ပင် ဝမ်း​မြောက်​ကြ​လျက် ငါ့​ကို​ပြောင်​လှောင်​ရန်​ဝိုင်း​ရံ​စု​ရုံး​လာ​ကြ​၏။ ငါ​မ​သိ​သော​သူ​တို့​သည်​ငါ့​အား​ရိုက်​နှက်​ကြ​၏။ မ​ရပ်​မ​စဲ​ဘဲ​ရိုက်​နှက်​ကြ​၏။
וּבְצַלְעִי֮ שָׂמְח֪וּ וְֽנֶאֱ֫סָ֥פוּ נֶאֶסְפ֬וּ עָלַ֣י נֵ֭כִים וְלֹ֣א יָדַ֑עְתִּי קָֽרְע֥וּ וְלֹא־דָֽמּוּ׃
16 ၁၆ ငါ့​အား​နာ​ကြည်း​အောင်​ပြောင်​လှောင်​ကြ​၏။ မုန်း​မာန်​ပွား​၍​ငါ့​ကို​စူး​စူး​ဝါး​ဝါး​ကြည့် ကြ​၏။
בְּ֭חַנְפֵי לַעֲגֵ֣י מָע֑וֹג חָרֹ֖ק עָלַ֣י שִׁנֵּֽימוֹ׃
17 ၁၇ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​အ​ဘယ်​ကာ​လ​တိုင်​အောင် ကြည့်​၍​နေ​တော်​မူ​ပါ​မည်​နည်း။ သူ​တို့​၏​တိုက်​ခိုက်​မှု​များ​မှ​ကျွန်​တော်​မျိုး​အား ကယ်​နုတ်​တော်​မူ​ပါ။ ဤ​ခြင်္သေ့​တို့​၏​ဘေး​မှ​ကျွန်​တော်​မျိုး​၏​အ​သက်​ကို ကယ်​တော်​မူ​ပါ။
אֲדֹנָי֮ כַּמָּ֪ה תִּ֫רְאֶ֥ה הָשִׁ֣יבָה נַ֭פְשִׁי מִשֹּׁאֵיהֶ֑ם מִ֝כְּפִירִ֗ים יְחִידָתִֽי׃
18 ၁၈ ထို​အ​ခါ​ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​၏ လူ​စု​တော် အ​စည်း​အ​ဝေး​တွင် ကိုယ်​တော်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပါ​မည်။ လူ​ပ​ရိ​သတ်​ကြီး​၏​ရှေ့​တွင်​ကိုယ်​တော်​အား ထော​မ​နာ​ပြု​ပါ​မည်။
א֭וֹדְךָ בְּקָהָ֣ל רָ֑ב בְּעַ֖ם עָצ֣וּם אֲהַֽלְלֶֽךָּ׃
19 ၁၉ ကျွန်​တော်​မျိုး​၏​ရန်​သူ​လူ​လိမ်​လူ​ညာ​များ အား ကျွန်​တော်​မျိုး​အ​ရေး​ရှုံး​နိမ့်​မှု​ကို​အ​ကြောင်း ပြု​ကာ နှစ်​ထောင်း​အား​ရ​ခွင့်​ကို​ပေး​တော်​မ​မူ​ပါ နှင့်။ အ​ကြောင်း​မဲ့​ကျွန်​တော်​မျိုး​ကို​မုန်း​သော​သူ​တို့​အား ကျွန်​တော်​မျိုး​၏​ဝမ်း​နည်း​မှု​ကို​အ​ကြောင်း​ပြု​၍ လှောင်​ပြောင်​ခွင့်​ကို​ပေး​တော်​မ​မူ​ပါ​နှင့်။
אַֽל־יִשְׂמְחוּ־לִ֣י אֹיְבַ֣י שֶׁ֑קֶר שֹׂנְאַ֥י חִ֝נָּ֗ם יִקְרְצוּ־עָֽיִן׃
20 ၂၀ သူ​တို့​သည်​ငြိမ်း​ချမ်း​စေ​မည့်​စ​ကား​ကို မ​ပြော​ဘဲ ငြိမ်း​ချမ်း​ရေး​လို​လား​သူ​တို့​၏​အ​ကြောင်း​ကို မ​ဟုတ်​မ​မှန်​လုပ်​ကြံ​၍​ပြော​ဆို​ကြ​ပါ​၏။
כִּ֤י לֹ֥א שָׁל֗וֹם יְדַ֫בֵּ֥רוּ וְעַ֥ל רִגְעֵי־אֶ֑רֶץ דִּבְרֵ֥י מִ֝רְמוֹת יַחֲשֹׁבֽוּן׃
21 ၂၁ သူ​တို့​က``ဟား​ဟား​သင်​ပြု​သော​အ​မှု​ကို ငါ​တို့​မြင်​ကြ​၏'' ဟု​အော်​ဟစ်​၍​ကျွန်​တော် မျိုး​အား စွပ်​စွဲ​ပြော​ဆို​ကြ​ပါ​၏။
וַיַּרְחִ֥יבוּ עָלַ֗י פִּ֫יהֶ֥ם אָ֭מְרוּ הֶאָ֣ח ׀ הֶאָ֑ח רָאֲתָ֥ה עֵינֵֽינוּ׃
22 ၂၂ သို့​သော်​လည်း အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ဤ​အ​မှု​ကို​သိ​မြင်​တော် မူ​ပါ​၏။ သို့​ဖြစ်​၍ အို ထာ​ဝ​ရ​ဘု​ရား၊ ဆိတ်​ဆိတ်​နေ​တော်​မ​မူ​ပါ​နှင့်။ ကျွန်​တော်​မျိုး​နှင့်​ဝေး​ဝေး​နေ​တော်​မ​မူ​ပါ​နှင့်။
רָאִ֣יתָה יְ֭הוָה אַֽל־תֶּחֱרַ֑שׁ אֲ֝דֹנָ֗י אֲל־תִּרְחַ֥ק מִמֶּֽנִּי׃
23 ၂၃ အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​၏​ဘု​ရား၊နိုး​ထ​တော်​မူ​၍ ကျွန်​တော်​မျိုး​ဖြောင့်​မှန်​ကြောင်း​စီ​ရင် ဆုံး​ဖြတ်​တော်​မူ​ပါ။
הָעִ֣ירָה וְ֭הָקִיצָה לְמִשְׁפָּטִ֑י אֱלֹהַ֖י וַֽאדֹנָ֣י לְרִיבִֽי׃
24 ၂၄ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​တ​ရား​မျှ​တ​တော်​မူ​သော​အ​ရှင် ဖြစ်​တော်​မူ​သည်​ဖြစ်​၍ ကျွန်​တော်​မျိုး​တွင်​အပြစ်​မ​ရှိ​ကြောင်း​ထုတ်​ဖော် ကြေ​ညာ​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​၏​ရန်​သူ​များ​သည် ကျွန်​တော်​မျိုး​ကို​အ​ကြောင်း​ပြု​၍​နှစ်​ထောင်း အား​ရ​ခွင့်​ကို​ရ​စေ​တော်​မ​မူ​ပါ​နှင့်။
שָׁפְטֵ֣נִי כְ֭צִדְקְךָ יְהוָ֥ה אֱלֹהָ֗י וְאַל־יִשְׂמְחוּ־לִֽי׃
25 ၂၅ ``ငါ​တို့​အ​လို​ဆန္ဒ​ပြည့်​ပြီ၊သူ့​ကို​ငါ​တို့ အ​နိုင်​ရ​ပြီ'' ဟူ​၍​သူ​တို့​ပြော​ဆို​နိုင်​ခွင့်​ကို ပေး​တော်​မ​မူ​ပါ​နှင့်။
אַל־יֹאמְר֣וּ בְ֭לִבָּם הֶאָ֣ח נַפְשֵׁ֑נוּ אַל־יֹ֝אמְר֗וּ בִּֽלַּעֲנֽוּהוּ׃
26 ၂၆ ကျွန်​တော်​မျိုး​၏​ဒုက္ခ​ကို​အ​ကြောင်း​ပြု​ကာ နှစ်​ထောင်း​အား​ရ​သူ​တို့​သည် မ​ရှု​မ​လှ​အ​ရေး​နိမ့်​၍​က​စဥ့်​က​ရဲ ဖြစ်​ကြ​ရ​ပါ​စေ​သော။ မိ​မိ​တို့​ကိုယ်​ကို​ကျွန်​တော်​မျိုး​ထက်​သာ သည်​ဟု ပြော​ဆို​သူ​တို့​သည်​အ​ရှက်​ကွဲ​၍ မျက်​နှာ​ပျက်​ကြ​ရ​ပါ​စေ​သော။
יֵ֘בֹ֤שׁוּ וְיַחְפְּר֨וּ ׀ יַחְדָּו֮ שְׂמֵחֵ֪י רָעָ֫תִ֥י יִֽלְבְּשׁוּ־בֹ֥שֶׁת וּכְלִמָּ֑ה הַֽמַּגְדִּילִ֥ים עָלָֽי׃
27 ၂၇ ကျွန်​တော်​မျိုး​အား​လွတ်​ငြိမ်း​ချမ်း​သာ​ခွင့် ရ​စေ​လို​သော သူ​တို့​သည်​ရွှင်​လန်း​ဝမ်း​မြောက်​စွာ​ဖြင့် ``ထာ​ဝ​ရ​ဘု​ရား​သည်​ကြီး​မြတ်​တော်​မူ​၏။ ကိုယ်​တော်​၏​အ​စေ​ခံ​ကောင်း​စား​သည်​ကို အား​ရ​နှစ်​သက်​တော်​မူ​၏'' ဟု​အ​ဖန်​တ​လဲ​လဲ ကြွေး​ကြော်​ကြ​ပါ​စေ​သော။
יָרֹ֣נּוּ וְיִשְׂמְחוּ֮ חֲפֵצֵ֪י צִ֫דְקִ֥י וְיֹאמְר֣וּ תָ֭מִיד יִגְדַּ֣ל יְהוָ֑ה הֶ֝חָפֵ֗ץ שְׁל֣וֹם עַבְדּֽוֹ׃
28 ၂၈ ထို​အ​ခါ​ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင် တ​ရား​မျှ​တ​တော်​မူ​ပုံ​ကို​ထုတ်​ဖော်​ကြေ​ညာ ပါ​မည်။ တစ်​နေ့​လုံး​ကိုယ်​တော်​ရှင်​အား​ထော​မ​နာ​ပြု ပါ​မည်။
וּ֭לְשׁוֹנִי תֶּהְגֶּ֣ה צִדְקֶ֑ךָ כָּל־הַ֝יּוֹם תְּהִלָּתֶֽךָ׃

< ဆာလံ 35 >