< ဆာလံ 34 >

1 ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို အ​စဉ်​မ​ပြတ်​ထော​မ​နာ​ပြု​မည်။ ကိုယ်​တော်​အား​အ​ခါ​ခပ်​သိမ်း​ထော​မ​နာ​ပြု​မည်။
[A Psalm] of David; when he changed his behaviour before Abimelech, who drove him away, and he departed. I will bless the LORD at all times: his praise shall continually be in my mouth.
2 ငါ​သည်​ကိုယ်​တော်​ပြု​တော်​မူ​သော အ​မှု​အ​ရာ​များ​အ​တွက်​ကိုယ်​တော်​အား ထော​မ​နာ​ပြု​မည်။ အ​နှိပ်​အ​စက်​ခံ​ရ​သူ​အ​ပေါင်း​တို့​သည် ကြား​နာ​၍ ဝမ်း​မြောက်​ကြ​ပါ​စေ​သော။
My soul shall make her boast in the LORD: the meek shall hear thereof, and be glad.
3 ဘု​ရား​သ​ခင်​၏​ကြီး​မြတ်​တော်​မူ​ပုံ​ကို​ငါ​နှင့် အ​တူ ကြွေး​ကြော်​ကြ​လော့။ ငါ​တို့​သည်​အ​တူ​တ​ကွ​ကိုယ်​တော်​၏​နာ​မ​တော် ကို ထော​မ​နာ​ပြု​ကြ​ကုန်​အံ့။
O magnify the LORD with me, and let us exalt his name together.
4 ငါ​သည်​ထာ​ဝ​ဘု​ရား​အား ဆု​တောင်း​ပတ္ထ​နာ​ပြု​သည့်​အ​ခါ​ကိုယ်​တော်​သည် နား​ညောင်း​တော်​မူ​၏။ ကြောက်​လန့်​ဖွယ်​ရာ​ဟူ​သ​မျှ​မှ​ငါ့​ကို ကယ်​နုတ်​တော်​မူ​၏။
I sought the LORD, and he answered me, and delivered me from all my fears.
5 အ​နှိပ်​အ​စက်​ခံ​ရ​သူ​တို့​သည်​ကိုယ်​တော်​ကို မျှော်​ကြည့်​၍​ဝမ်း​မြောက်​ပါ​၏။ သူ​တို့​သည်​အ​ဘယ်​အ​ခါ​၌​မျှ​စိတ်​ပျက်​ကြ ရ​လိမ့်​မည်​မ​ဟုတ်။
They looked unto him, and were lightened: and their faces shall never be confounded.
6 ခို​ကိုး​ရာ​မဲ့​သူ​တို့​သည်​ကိုယ်​တော်​ကို ခေါ်​ကြ​သော​အ​ခါ ကိုယ်​တော်​ထူး​တော်​မူ​၍​သူ​တို့​အား ဆင်း​ရဲ​ဒုက္ခ​အ​ပေါင်း​မှ​ကယ်​တော်​မူ​၏။
This poor man cried, and the LORD heard him, and saved him out of all his troubles.
7 ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​သူ​တို့ အား ကိုယ်​တော်​၏​ကောင်း​ကင်​တ​မန်​သည်​စောင့်​ကြပ် ကြည့်​ရှု​၍​ဘေး​အန္တ​ရာယ်​မှ​ကယ်​ဆယ်​တော်​မူ​၏။
The angel of the LORD encampeth round about them that fear him, and delivereth them.
8 ထာ​ဝ​ရ​ဘု​ရား​သည်​အ​ဘယ်​မျှ ကောင်း​မြတ်​တော်​မူ​သည်​ကို​သင်​ကိုယ်​တိုင် စူး​စမ်း​၍​ကြည့်​လော့။ ကိုယ်​တော်​၏​ထံ​တော်​၌​လုံ​ခြုံ​စွာ​နေ​ခွင့် ရ​သော​သူ​သည်​မင်္ဂ​လာ​ရှိ​ပါ​၏။
O taste and see that the LORD is good: blessed is the man that trusteth in him.
9 ကိုယ်​တော်​၏​လူ​စု​တော်​ဝင်​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား​အား​ကြောက်​ရွံ့​ရို​သေ​ကြ လော့။ ကိုယ်​တော်​၏​စ​ကား​ကို​နား​ထောင်​သူ​တို့​သည် ချို့​တဲ့​မှု​ရှိ​ကြ​လိမ့်​မည်​မ​ဟုတ်။
O fear the LORD, ye his saints: for there is no want to them that fear him.
10 ၁၀ ခြင်္သေ့​များ​ပင်​လျှင်​အ​စာ​ချို့​တဲ့​၍​ငတ်​မွတ်​ကြ လိမ့်​မည်။ သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​၏​စ​ကား​ကို နား​ထောင်​သူ​တို့​မူ​ကား​ကောင်း​သည့်​အ​ရာ တစ်​စုံ​တစ်​ခု​မျှ​ချို့​တဲ့​ရ​လိမ့်​မည်​မ​ဟုတ်။
The young lions do lack, and suffer hunger: but they that seek the LORD shall not want any good thing.
11 ၁၁ ငယ်​ရွယ်​သူ​မိတ်​ဆွေ​တို့၊ငါ့​ထံ​သို့​လာ​၍ ငါ့​စ​ကား​ကို​နား​ထောင်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​တတ်​ရန် သင်​တို့​အား​ငါ​သင်​ကြား​ပေး​မည်။
Come, ye children, hearken unto me: I will teach you the fear of the LORD.
12 ၁၂ သင်​တို့​သည်​ပျော်​ပျော်​ပါး​ပါး​နေ​ထိုင်​လို ကြ​ပါ​သ​လော။ အ​သက်​ရှည်​ခြင်း​နှင့်​တ​ကွ​ပျော်​ရွှင်​ခြင်း​ကို လို​လား​ကြ​ပါ​သ​လော။
What man is he that desireth life, and loveth [many] days, that he may see good?
13 ၁၃ လို​လား​ပါ​လျှင်​ညစ်​ညမ်း​သည့်​စ​ကား​နှင့် မု​သား​စ​ကား​ကို​မ​ပြော​ကြ​နှင့်။
Keep thy tongue from evil, and thy lips from speaking guile.
14 ၁၄ ဒု​စ​ရိုက်​ကို​ရှောင်​၍​သု​စ​ရိုက်​ကို​ပြု​ကြ​လော့။ ငြိမ်း​ချမ်း​သာ​ယာ​မှု​ကို​ရ​ရှိ​နိုင်​ရန်​အ​စွမ်း​ကုန် ကြိုး​စား​ကြ​လော့။
Depart from evil, and do good; seek peace, and pursue it.
15 ၁၅ ဘု​ရား​သ​ခင်​သည်​သူ​တော်​ကောင်း​တို့​အား ကြည့်​ရှု​စောင့်​ရှောက်​တော်​မူ​၍ သူ​တို့​၏​အော်​ဟစ်​သံ​များ​ကို​နား​ညောင်း​တော် မူ​၏။
The eyes of the LORD are toward the righteous, and his ears are [open] unto their cry.
16 ၁၆ သို့​ရာ​တွင်​ဒု​စ​ရိုက်​ပြု​သူ​တို့​မူ​ကား​သေ​သော အ​ခါ မ​ကြာ​မီ​ပင်​သူ​တို့​ကို​လူ​တို့​မေ့​ပျောက်​သွား စေ​ရန် ကိုယ်​တော်​သည်​သူ​တို့​ကို​ဆန့်​ကျင်​ဘက်​ပြု တော်​မူ​၏။
The face of the LORD is against them that do evil, to cut off the remembrance of them from the earth.
17 ၁၇ သူ​တော်​ကောင်း​တို့​သည်​ကိုယ်​တော်​အား ခေါ်​ကြ​သော​အ​ခါ ကိုယ်​တော်​သည်​ထူး​တော်​မူ​၍​ဆင်း​ရဲ​ဒုက္ခ အ​ပေါင်း​မှ ကယ်​ဆယ်​တော်​မူ​၏။
[The righteous] cried, and the LORD heard, and delivered them out of all their troubles.
18 ၁၈ ကိုယ်​တော်​သည်​စိတ်​ပျက်​အား​လျော့​သူ​တို့​၏ အ​နီး​တွင်​ရှိ​တော်​မူ​၏။ မျှော်​လင့်​စ​ရာ​လုံး​ဝ​မ​ရှိ​သူ​တို့​အား​ကယ် တော်​မူ​၏။
The LORD is nigh unto them that are of a broken heart, and saveth such as be of a contrite spirit.
19 ၁၉ သူ​တော်​ကောင်း​သည်​ဆင်း​ရဲ​ဒုက္ခ​များ​စွာ ရောက်​ရ​တတ်​၏။ သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​သူ့​အား ယင်း​ဆင်း​ရဲ​ဒုက္ခ​အ​ပေါင်း​မှ​ကယ်​တော်​မူ​၏။
Many are the afflictions of the righteous: but the LORD delivereth him out of them all.
20 ၂၀ ထာ​ဝ​ရ​ဘု​ရား​သည်​သူ​၏​အ​သက်​ကို ထိန်း​သိမ်း​စောင့်​ရှောက်​တော်​မူ​၏။ သူ​၏​အ​ရိုး​တစ်​ချောင်း​မျှ​ပင်​လျှင်​မ​ကျိုး မ​ပဲ့​ရ။
He keepeth all his bones: not one of them is broken.
21 ၂၁ သူ​ယုတ်​မာ​တို့​သည်​မိ​မိ​တို့​၏​အ​ပြစ်​ဒု​စ​ရိုက် ကြောင့် အ​သက်​ဆုံး​ကြ​ရ​လိမ့်​မည်။ သူ​တော်​ကောင်း​ကို​မုန်း​သော​သူ​တို့​သည် အ​ပြစ်​ဒဏ်​သင့်​ကြ​လိမ့်​မည်။
Evil shall slay the wicked: and they that hate the righteous shall be condemned.
22 ၂၂ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​စု​တော်​အား ကယ်​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​ထံ​တော်​သို့​ခို​လှုံ​ရန်​ချဉ်း​ကပ်​သူ​တို့​သည် အ​ပြစ်​ဒဏ်​နှင့်​ကင်း​လွတ်​ကြ​လိမ့်​မည်။
The LORD redeemeth the soul of his servants: and none of them that trust in him shall be condemned.

< ဆာလံ 34 >