< ဆာလံ 33 >

1 အို သူ​တော်​ကောင်း​အ​ပေါင်း​တို့၊​သင်​တို့​သည် ဘု​ရား​သ​ခင်​ပြု​တော်​မူ​သော​အ​မှု​တော်​အ​တွက် ဝမ်း​မြောက်​စွာ​ကြွေး​ကြော်​ကြ​လော့။ ကိုယ်​တော်​၏​စ​ကား​ကို​နား​ထောင်​သူ​အ​ပေါင်း​တို့၊ ကိုယ်​တော်​အား​ထော​မ​နာ​ပြု​ကြ​လော့။
Fagna dykk høgt i Herren, de rettferdige! For de trurøkne sømer seg lovsong.
2 စောင်း​တီး​၍​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့။ ကြိုး​ဆယ်​ပင်​ရှိ​သော​တူ​ရိ​ယာ​ဖြင့်​ရှေ့​တော်​၌ သီ​ချင်း​ဆို​ကြ​လော့။
Prisa Herren med strengeleik, lovsyng honom til tistrengja harpa!
3 ရှေ့​တော်​၌​သီ​ချင်း​သစ်​ကို​ဆို​ကြ​လော့။ သာ​ယာ​စွာ​စောင်း​ကို​တီး​ကြ​လော့။ ဝမ်း​မြောက်​စွာ​ကြွေး​ကြော်​ကြ​လော့။
Syng honom ein ny song, rør strengen fagert med fagnadljod.
4 ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည်​မှန်​ကန် ပေ​၏။ ကိုယ်​တော်​ပြု​တော်​မူ​ရာ​အ​မှု​အ​ရာ​တို့​သည်​လည်း သစ္စာ​တ​ရား​နှင့်​ကိုက်​ညီ​၏။
For Herrens ord er ærleg meint, og all hans gjerning er trufast.
5 ထာ​ဝ​ရ​ဘု​ရား​သည်​ဖြောင့်​မတ်​မှန်​ကန်​မှု​ကို နှစ်​သက်​တော်​မူ​၏။ ကိုယ်​တော်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​သည် ကမ္ဘာ​မြေ​ကြီး​ကို​ဖုံး​လွှမ်း​လျက်​ရှိ​၏။
Han elskar rettferd og rett; av Herrens nåde er jordi full.
6 ထာ​ဝ​ရ​ဘု​ရား​သည်​အ​မိန့်​တော်​ဖြင့် မိုး​ကောင်း​ကင်​ကို​လည်း​ကောင်း၊ နှုတ်​တော်​ထွက်​စ​ကား​အား​ဖြင့် နေ၊လ၊ကြယ်​တာ​ယာ​များ​ကို​လည်း​ကောင်း ဖန်​ဆင်း​တော်​မူ​၏။
Himlarne er skapte ved Herrens ord, og all deira her ved hans munns ande.
7 ပင်​လယ်​ရှိ​သ​မျှ​တို့​ကို​တစ်​နေ​ရာ​တည်း​တွင် စု​ဝေး​စေ​တော်​မူ​၏။ နက်​ရှိုင်း​သော​သ​မုဒ္ဒ​ရာ​ရေ​များ​ကို သို​လှောင်​ခန်း​များ​တွင်​သိမ်း​ဆည်း​ထား​တော် မူ​၏။
Han samlar havsens vatn som ei muga, legg dei djupe vatn i upplagshus.
8 ကမ္ဘာ​မြေ​ကြီး​သား​အ​ပေါင်း​တို့၊​ထာ​ဝ​ရ ဘု​ရား​အား ရို​သေ​ကိုင်း​ရှိုင်း​ကြ​လော့။ ကမ္ဘာ​ပေါ်​ရှိ​လူ​အ​ပေါင်း​တို့၊​ကိုယ်​တော်​အား ကြောက်​ရွံ့​ရို​သေ​ကြ​လော့။
All jordi må ottast for Herren, for honom ræddast alle som bur i mannheimen.
9 ကိုယ်​တော်​မြွက်​ဆို​တော်​မူ​သော​အ​ခါ ကမ္ဘာ​လော​က​သည်​ဖြစ်​ပေါ်​လာ​၏။ ကိုယ်​တော်​မိန့်​တော်​မူ​သော​အ​ခါ​ခပ်​သိမ်း​သော အ​ရာ​တို့​သည်​ပေါ်​ပေါက်​လာ​ကြ​၏။
For han tala, og so vart det; han baud, og so stod det der.
10 ၁၀ ထာ​ဝ​ရ​ဘု​ရား​သည်​လူ​မျိုး​တ​ကာ​တို့​၏ ရည်​မှန်း​ချက်​များ​ကို​ပျက်​ပြား​စေ​တော်​မူ​၏။ သူ​တို့​၏​အ​ကြံ​အ​စည်​များ​ကို​လည်း အ​ထ​မ​မြောက်​စေ​ရန်​ဆီး​တား​တော်​မူ​၏။
Herren spiller heidningefolks råd, gjer folkeslags tankar til inkjes.
11 ၁၁ သို့​ရာ​တွင်​ကိုယ်​တော်​၏​အ​ကြံ​အ​စည်​တော်​တို့ မူ​ကား အ​ဘယ်​ကာ​လ​၌​မျှ​ပျက်​ပြား​လိမ့်​မည်​မ​ဟုတ်။ ကိုယ်​တော်​၏​ရည်​မှန်း​ချက်​တို့​သည်​ထာ​ဝ​စဉ် အောင်​မြင်​သ​တည်း။
Herrens råd stend ved lag i all æva, hans hjartans tankar frå ætt til ætt.
12 ၁၂ ထာ​ဝ​ရ​ဘု​ရား​အား​ဘု​ရား​အ​ဖြစ်​နှင့်​ကိုး​ကွယ် သော လူ​မျိုး​သည်​မင်္ဂ​လာ​ရှိ​၏။ ကိုယ်​တော်​၏​လူ​စု​တော်​အ​ဖြစ်​ဖြင့် ရွေး​ချယ်​တော်​မူ​ခြင်း​ကို​ခံ​ရ​သော​လူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။
Sælt er det folk som hev Herren til sin Gud, det folk som han valde ut til sin arv.
13 ၁၃ ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​ကင်​ဘုံ​မှ ငုံ့​၍​ကြည့်​တော်​မူ​ရာ၊ လူ​သား​အ​ပေါင်း​ကို​မြင်​တော်​မူ​၏။
Frå himmelen skodar Herren ned, han ser alle menneskjeborni.
14 ၁၄ ကိုယ်​တော်​သည်​မိ​မိ​စိုး​စံ​တော်​မူ​ရာ​အ​ရပ် မှ​ငုံ့​၍ ကမ္ဘာ​မြေ​ကြီး​ပေါ်​ရှိ​သတ္တ​ဝါ​အ​ပေါင်း​တို့​ကို ကြည့်​တော်​မူ​၏။
Frå den staden der han bur, ser han ned til alle som bur på jordi,
15 ၁၅ ကိုယ်​တော်​သည်​သူ​တို့​၏​စိတ်​နှ​လုံး​များ​ကို ဖန်​ဆင်း​တော်​မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​သ​ဖြင့် သူ​တို့​ကြံ​စည်​ပြု​ကျင့်​သ​မျှ​သော အ​မှု​အ​ရာ​များ​ကို​သိ​တော်​မူ​၏။
han som lagar deira hjarto alle saman, han som merkar alle deira gjerningar.
16 ၁၆ ရှင်​ဘု​ရင်​မည်​သည်​မှာ​မိ​မိ​၏​ကြီး​မား​သော စစ်​သည်​အ​လုံး​အ​ရင်း​ကြောင့်​စစ်​ပွဲ​တွင် အ​နိုင်​ရ​သည်​မ​ဟုတ်။ စစ်​သား​သည်​လည်း​မိ​မိ​၏​ခွန်​အား​ဗ​လ​ကြောင့် အ​နိုင်​ရ​သည်​မ​ဟုတ်။
Ein konge vert ikkje frelst ved sin store styrke, ei kjempa ikkje berga ved si store kraft.
17 ၁၇ စစ်​မြင်း​တို့​သည်​အောင်​ပွဲ​ရ​မှု​အ​တွက်​အ​သုံး​မ​ဝင်။ သူ​တို့​၏​ကြီး​မား​သော​ခွန်​အား​က​မ​ကယ်​နိုင်။
Hesten er sviksam hjelp til frelsa, og med sin store styrke bergar han ikkje.
18 ၁၈ ဘု​ရား​သ​ခင်​သည်​မိ​မိ​အား​ကြောက်​ရွံ့ ရို​သေ​သော၊ ခိုင်​မြဲ​သော​မေတ္တာ​တော်​ကို​ကိုး​စား​သော​သူ များ​အား ကြည့်​ရှု​စောင့်​ထိန်း​တော်​မူ​၏။
Sjå, Herrens auga ser til deim som ottast honom, som ventar på hans nåde
19 ၁၉ ကိုယ်​တော်​သည်​ထို​သူ​တို့​အား​သေ​ဘေး​မှ ကယ်​တော်​မူ​၏။ အ​စာ​ငတ်​မွတ်​ခေါင်း​ပါး​ရာ​ကာ​လ​များ​၌ သူ​တို့​အား​အ​သက်​ရှင်​နိုင်​ခွင့်​ကို​ပေး​တော် မူ​၏။
til å fria deira sjæl frå dauden og halda deim i live i hungersnaud.
20 ၂၀ ငါ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​စောင့်​မျှော်​ကြ​၏။ ကိုယ်​တော်​သည်​ငါ​တို့​အား​ကူ​မ​တော်​မူ​၍ ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​၏။
Vår sjæl stundar på Herren; han er vår hjelp og vår skjold.
21 ၂၁ ငါ​တို့​သည်​ကိုယ်​တော်​ကြောင့်​ရွှင်​လန်း ဝမ်း​မြောက်​ကြ​ရ​၏။ ငါ​တို့​သည်​သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သော နာ​မ​တော်​ကို​ကိုး​စား​ကြ​၏။
For i honom gled vårt hjarta seg, for me set vår lit til hans heilage namn.
22 ၂၂ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​အား​ကျွန်​တော်​မျိုး​တို့ စောင့်​မျှော်​သည်​ဖြစ်​၍ ကျွန်​တော်​မျိုး​တို့​အား​ခိုင်​မြဲ​သော​မေတ္တာ တော်​ကို ခံ​စား​စေ​တော်​မူ​ပါ။
Di nåde, Herre, vere yver oss, so som me vonar på deg!

< ဆာလံ 33 >