< ဆာလံ 31 >
1 ၁ အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်အထံတော်သို့ခိုလှုံရန် ချဉ်းကပ်ပါ၏။ ကျွန်တော်မျိုးအားအဘယ်အခါ၌မျှ အရေးနိမ့်စေတော်မမူပါနှင့်။ ကိုယ်တော်ရှင်သည်တရားမျှတတော်မူသော ဘုရားဖြစ်တော်မူပါ၏။ ကျွန်တော်မျိုးအားကယ်တော်မူပါ။ ကျွန်တော်မျိုးပန်ကြားလျှောက်ထားပါ၏။
Načelniku godbe, psalm Davidov. K tebi, Gospod, pribegam, naj se ne osramotim vekomaj; s pravico svojo osvobodi me.
2 ၂ ကျွန်တော်မျိုး၏လျှောက်ထားချက်ကို နားထောင်တော်မူပါ။ ယခုပင်ကျွန်တော်မျိုးအားကယ်တော်မူပါ။ ကျွှန်တော်မျိုးအားကွယ်ကာရန်ကျွန်တော်မျိုး၏ ခိုလှုံရာကျောက်ဖြစ်တော်မူပါ။ ကယ်မတော်မူရန်ကျွန်တော်မျိုး၏ရဲတိုက် ဖြစ်တော်မူပါ။
Nagni mi uho svoje, hitro me reši; močna skala mi bodi, trden grad, da se rešim.
3 ၃ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ကျောက်နှင့် ရဲတိုက်ဖြစ်တော်မူပါ၏။ ကတိတော်ရှိသည်အတိုင်းကျွန်တော်မျိုးအား လမ်းပြပို့ဆောင်တော်မူပါ။
Ker skala moja si in trdnjava moja, torej zavoljo imena svojega vodi me in spremljaj me.
4 ၄ ကျွန်တော်မျိုးအတွက်ထောင်ထားသောကျော့ ကွင်းမှ လွတ်မြောက်စေတော်မူပါ။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ခိုလှုံရာ ဖြစ်တော်မူပါ၏။
Izpelji me iz mreže, katero so skrili zoper mene: ker ti si moja moč.
5 ၅ ကျွန်တော်မျိုးသည်မိမိကိုယ်ကိုလက်တော်သို့ အပ်ပါ၏။ အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား ကယ်တော်မူပါလိမ့်မည်။ ကိုယ်တော်ရှင်သည်သစ္စာစောင့်တော်မူသောဘုရား ဖြစ်တော်မူပါ၏။
V roko tvojo izročam svoj duh; otél si me, Gospod, Bog mogočni, resnični.
6 ၆ ကိုယ်တော်ရှင်သည်မိစ္ဆာဘုရားများကိုကိုးကွယ် ဆည်းကပ်သူတို့ကိုမုန်းတော်မူပါ၏။ သို့ရာတွင်ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အား ကိုးစားပါ၏။
Sovražim nje, ki česté ničemurnosti prazne; ker jaz zaupam v Gospoda,
7 ၇ ကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော်ကြောင့် ကျွန်တော်မျိုးသည်ဝမ်းမြောက်ရွှင်လန်းပါ လိမ့်မည်။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ဝေဒနာကို မြင်တော်မူပါ၏။ ကျွန်တော်မျိုး၏ဒုက္ခကိုသိတော်မူပါ၏။
Da se bodem radoval in veselil dobrote tvoje, ko se bodeš ozrl v siromaštvo moje, spoznal duše moje stiske,
8 ၈ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားရန်သူ များ၏ လက်တွင်းသို့ကျရောက်စေတော်မမူဘဲ လွတ်လပ်စွာသွားလာနိုင်ခွင့်ကိုပေးတော်မူ ပါပြီ။
In ne izdal me sovražniku v roko, na široko postavil noge moje.
9 ၉ ကျွန်တော်မျိုးသည်ဒုက္ခရောက်လျက်ရှိသဖြင့် အို ထာဝရဘုရား၊ ကျွန်တော်မျိုးအားသနားတော်မူပါ။ များစွာငိုကြွေးရသဖြင့်ကျွန်တော်မျိုး၏ မျက်စိများသည်ကျိန်းစပ်လျက်နေပါ၏။ ကျွန်တော်မျိုး၏အားအင်သည်လည်း လုံးဝကုန်ခန်းလျက်နေပါပြီ။
Milost mi stórí, Gospod, ker v stiski sem; od žalovanja hira oko moje, duša moja in telo moje.
10 ၁၀ ဝမ်းနည်းကြေကွဲမှုကြောင့်ကျွန်တော်မျိုး မောပန်းနွမ်းလျလျက်ရှိပါ၏။ ငိုယိုမှုကြောင့်ကျွန်တော်မျိုးအသက်တို ရပါ၏။ ကျွန်တော်မျိုးသည်မိမိခံရသောဆင်းရဲဒုက္ခ အပေါင်းကြောင့်အားအင်ချိနဲ့လျက်ရှိပါ၏။ ကျွန်တော်မျိုး၏အရိုးများပင်လျှင် ဆွေးမြေ့ကုန်ပါပြီ။
Ker od žalosti peša življenje moje in leta moja od zdihovanja; od kazni krivice, katero trpim, hira krepost moja; in kosti moje ginejo.
11 ၁၁ ရန်သူအပေါင်းတို့သည်ကျွန်တော်မျိုးအား ပြောင်လှောင်ကြပါ၏။ အထူးသဖြင့်အိမ်နီးချင်းများကမထီမဲ့ မြင် ပြုကြပါ၏။ အသိမိတ်ဆွေများသည်ကျွန်တော်မျိုးကို ကြောက်ကြပါ၏။ လမ်းတွင်ကျွန်တော်မျိုးကိုတွေ့မြင်သောအခါ ထွက်ပြေးကြပါ၏။
Pri vseh sovražnikih svojih sem v sramoto, in pri sosedih svojih jako, in strah znancem svojim; zagledavši me zunaj bežé od mene.
12 ၁၂ ကျွန်တော်မျိုးသေလေပြီကဲ့သို့ လူအပေါင်းတို့သည်ကျွန်တော်မျိုးအား မေ့ပျောက်သွားကြပါ၏။ ကျွန်တော်မျိုးသည်စွန့်ပစ်ခြင်းခံရသည့် အိုးကွဲကဲ့သို့ဖြစ်ပါ၏။
V pozabljenje me zagrebava srce, kakor mrtvega; jaz sem kakor orodje potrto.
13 ၁၃ ရန်သူအများသည်တီးတိုးပြောဆိုနေသံကို ကျွန်တော်မျိုးကြားပါ၏။ ကျွန်တော်မျိုး၏ပတ်လည်တွင် ကြောက်မက်ဖွယ်ရာများနှင့်ပြည့်နှက်နေပါ၏။ ရန်သူတို့သည်ကျွန်တော်မျိုးအားသတ်ရန် ကြံစည်နေကြပါ၏။
Ker zasramovanje čujem od mnogih, strah okrog in okrog; posvetujoč se vkup zoper mene mislijo, kako bi prestregli dušo mojo.
14 ၁၄ သို့ရာတွင် အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်ကို ကိုးစားပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ဘုရား ဖြစ်တော်မူပါ၏။
Jaz pa v té zaupam, Gospod, govoreč: Bog si moj;
15 ၁၅ ကျွန်တော်မျိုး၏နေ့ရက်ကာလများသည် လက်တော်ထဲ၌ရှိပါ၏။ ကျွန်တော်မျိုးအားရန်သူများနှင့် နှိပ်စက်ညှဉ်းဆဲသူတို့၏လက်မှကယ်တော် မူပါ။
V rokah tvojih so časi moji; potegni me iz rok sovražnikov mojih in njih, ki me preganjajo.
16 ၁၆ သနားသောစိတ်နှင့်ကိုယ်တော်၏အစေခံ ကျွန်တော်မျိုးအားကြည့်တော်မူပါ။ ကိုယ်တော်၏ခိုင်မြဲသောမေတ္တာတော်နှင့် အညီ ကျွန်တော်မျိုးအားကယ်တော်မူပါ။
Daj, da sveti obličje tvoje nad tvojim hlapcem; reši me po milosti svoji.
17 ၁၇ အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်အထံတော်သို့ ဆုတောင်းပတ္ထနာပြုပါ၏။ ကျွန်တော်မျိုးအားအရှက်ကွဲစေတော်မမူ ပါနှင့်။ သူယုတ်မာတို့သည်အရှက်ကွဲရကြပါစေသော။ သူတို့သည်မရဏာနိုင်ငံတွင်ဆိတ်ဆိတ် နေရကြပါစေသော။ (Sheol )
Gospod, naj se ne osramotim, ker te kličem; osramoté se naj krivični, pogubé se v grob. (Sheol )
18 ၁၈ မာနထောင်လွှားလျက်သူတော်ကောင်းတို့အကြောင်း ကဲ့ရဲ့ပြောဆိုတတ်သူလူလိမ်တို့၏ နှုတ်ကိုပိတ်တော်မူပါ။
Neme naj postanejo ustne lažnjive, katere govoré zoper pravičnega trdó, z napuhom in zaničevanjem.
19 ၁၉ ကိုယ်တော်ရှင်အားကြောက်ရွံ့ရိုသေကြသူတို့ ၏အတွက် သိုမှီးထားတော်မူသောကောင်းသောအရာ များကား အလွန်ပင်အံ့သြဖွယ်ကောင်းလှပါသည်တကား။ ကိုယ်တော်ရှင်သည်ကောင်းမြတ်တော်မူကြောင်း ကိုလည်းကောင်း၊ အထံတော်၌ခိုလှုံကြသူတို့ကို ကွယ်ကာတော်မူကြောင်းကိုလည်းကောင်း လူအပေါင်းတို့သိကြပါ၏။
Kako obila je dobrota tvoja, katero hraniš njim, ki te česté; izkazuješ njim, ki pribegajo k tebi pred sinovi človeškimi!
20 ၂၀ လူတို့၏လျှို့ဝှက်ကြံစည်မှုမှ ကင်းလွတ်စေအံ့သောငှာအထံတော်၌ ခိုလှုံကြသူတို့ကိုကိုယ်တော်ရှင်သည် အထံတော်တွင်လုံခြုံစွာဝှက်၍ထားတော်မူ ပါ၏။ ရန်သူများ၏စော်ကားမှုများမှကင်းလွတ်စေရန် သူတို့ကိုလုံခြုံရာအရပ်တွင်ဝှက်၍ ထားတော်မူပါ၏။
Skrivaš jih v skrivališči pričujočnosti svoje pred móž napuhom; skrivaš jih v koči pred prepirom jezikov.
21 ၂၁ ထာဝရဘုရားသခင်အားထောမနာပြု ကြလော့။ ငါ့အားဝိုင်းဝန်းတိုက်ခိုက်ကြချိန်၌ ကိုယ်တော်ပြတော်မူသောမေတ္တာတော်သည် လွန်စွာအံ့သြဖွယ်ကောင်းလှပါသည်တကား။
Blagoslovljen Gospod, ker mi izkazuje čudovito milost svojo; stavi me kakor v trdno mesto.
22 ၂၂ ကိုယ်တော်ရှင်သည်ငါ့အားရှေ့တော်မှောက်မှ နှင်ထုတ်တော်မူလေပြီဟူ၍ ငါသည်ကြောက်လန့်စိုးရိမ်မိပါ၏။ သို့ရာတွင်အထံတော်သို့ကူမတော်မူရန် ငါအော်ဟစ်သောအခါ၊ကိုယ်တော်ရှင်သည် ငါ၏အော်ဟစ်သံကိုကြားတော်မူ၏။
Jaz sem bil sicer rekel v naglici svoji; Iztrebljen sem izpred tvojih oči; vendar si slišal molitev mojih glas, ko semi vpil k tebi.
23 ၂၃ ကိုယ်တော်အားသစ္စာစောင့်သူအပေါင်းတို့၊ ထာဝရဘုရားကိုချစ်ကြလော့။ သစ္စာစောင့်သူတို့အားထာဝရဘုရားသည် ကွယ်ကာစောင့်ရှောက်တော်မူ၏။ သို့ရာတွင်မာနကြီးသူတို့အားထိုက်သင့်သည့် အပြစ်ဒဏ်ကိုပေးတော်မူ၏။
Ljubite Gospoda vsi, katerim izkazuje dobroto; Gospoda, ki varuje zveste, in povrača preobilno, dela reči veličastne.
24 ၂၄ ထာဝရဘုရားအားစောင့်မျှော်ကြသူအပေါင်း တို့၊ ကြံ့ခိုင်မှုရှိ၍ရဲရင့်ကြကုန်လော့။
Potolažite se, in pokrepčal bode srce vaše, vsi, ki upate v Gospoda.