< ဆာလံ 29 >

1 အို ကောင်း​ကင်​သား​တို့၊​ထာ​ဝ​ရ​ဘု​ရား​အား ထော​မ​နာ​ပြု​ကြ​လော့။ ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​နှင့်​တန်​ခိုး တော်​ကို ထော​မ​နာ​ပြု​ကြ​လော့။
အိုဘုရားသခင်သားတို့၊ ထာဝရဘုရားသည် ဘုန်းတန်ခိုးကြီးတော်မူသည်ဟု ဝန်ခံကြလော့။
2 ဘုန်း​အ​သ​ရေ​တော်​နှင့်​ပြည့်​စုံ​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​ကို ထော​မ​နာ​ပြု​ကြ​လော့။ သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သော​အ​ရှင် ကြွ​လာ​တော်​မူ​သော​အ​ခါ ရှေ့​တော်​၌​ဦး​ညွှတ်​ပျပ်​ဝပ်​ကြ​လော့။
ထာဝရဘုရား၏ နာမတော်သည် ဘုန်းကြီး တော်မူသည်ဟု ဝန်ခံလျက်၊ သန့်ရှင်းသောတန်ဆာကို ဆင်၍၊ ထာဝရဘုရားကို ကိုးကွယ်ကြလော့။
3 ထာ​ဝ​ရ​ဘု​ရား​၏​အ​သံ​တော်​သည် ပင်​လယ်​များ​ပေါ်​တွင်​ထွက်​ပေါ်​လာ​၏။ ဘုန်း​အ​သ​ရေ​တော်​နှင့်​ပြည့်​စုံ​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​သည်​မိုး​ချုန်း​တော်​မူ​၏။ အ​သံ​တော်​သည်​သ​မုဒ္ဒ​ရာ​ပေါ်​တွင်​ပဲ့​တင်​ထပ် လေ​၏။
ထာဝရဘုရား၏ အသံတော်သည် သမုဒ္ဒရာ ပေါ်မှာ ရှိတော်မူ၏။ ဘုန်းကြီးတော်မူသော ဘုရား သခင်သည် မိုဃ်းချုန်းတော်မူ၏။ ထာဝရဘုရားသည် များစွာသောရေပေါ်မှာ ရှိတော်မူ၏။
4 ထာ​ဝ​ရ​ဘု​ရား​၏​အ​သံ​တော်​သည်​ထွက်​ပေါ် လာ​၏။ ထို​အ​သံ​တော်​သည်​ဘုန်း​တန်​ခိုး​အာ​နု​ဘော် တော်​နှင့် ပြည့်​စုံ​၏။
ထာဝရဘုရား၏ အသံတော်သည် တန်ခိုး နှင့်ပြည့်စုံတော်မူ၏။ ထာဝရဘုရား၏ အသံတော်သည် ဘုန်းအာနုဘော်နှင့် ပြည့်စုံတော်မူ၏။
5 ထာ​ဝ​ရ​ဘု​ရား​၏​အ​သံ​တော်​ကြောင့် အာ​ရဇ်​ပင်​တို့​သည်​ကျိုး​ကျ​ကုန်​၏။ လေ​ဗ​နုန်​တော​မှ​အာ​ရဇ်​ပင်​တို့​ပင်​လျှင် ကျိုး​ကျ​ကုန်​၏။
ထာဝရဘုရား၏ အသံတော်သည် အာရဇ်ပင် တို့ကို ချိုးတော်မူ၏။ အကယ်စင်စစ် ထာဝရဘုရားသည် လေဗနုန်အာရဇ်တော်ကို ချိုးတော်မူ၏။
6 ကိုယ်​တော်​သည်​လေ​ဗ​နုန်​တောင်​တို့​ကို နွား​သူ​ငယ်​များ​ကဲ့​သို့​ခုန်​ပေါက်​စေ​တော် မူ​၏။ ဟေ​ရ​မုန်​တောင်​ကို​လည်း​နွား​သိုး​ပျို​ကဲ့​သို့ ခုန်​စေ​တော်​မူ​၏။
တောကို နွားသငယ်ကဲ့သို့၎င်း၊ လေဗနုန်တော နှင့် စိရုန်တောကို ကြံ့သငယ်ကဲ့သို့၎င်း ခုန်စေတော်မူ၏။
7 ထာ​ဝ​ရ​ဘု​ရား​၏​အ​သံ​တော်​သည်​အ​လင်း ရောင်​ကို ပေါ်​ထွက်​စေ​တော်​မူ​၏။
ထာဝရဘုရား၏ အသံတော်သည် မီးလျှံကို ခွဲတော်မူ၏။
8 ကိုယ်​တော်​၏​အ​သံ​တော်​သည်​တော​ကန္တာ​ရ​ကို တုန်​လှုပ်​စေ​တော်​မူ​၏။ ကိုယ်​တော်​သည်​ကာ​ဒေ​ရှ​တော​ကန္တာ​ရ​ကို တုန်​လှုပ်​စေ​တော်​မူ​၏။
ထာဝရဘုရား၏ အသံတော်သည် တောကို ချောက်ချားတော်မူ၏။ ထာဝရဘုရားသည် ကာဒေရှ တောကို ချောက်ချားတော်မူ၏။
9 ထာ​ဝ​ရ​ဘု​ရား​၏​အ​သံ​တော်​သည် ဝက်​သစ်​ချ​ပင်​တို့​ကို​တုန်​လှုပ်​စေ​တော်​မူ​၍ သစ်​ပင်​များ​မှ​အ​ရွက်​ရှိ​သ​မျှ​ကို​ကြွေ​စေ တော်​မူ​၏။ တစ်​ချိန်​တည်း​မှာ​ပင်``ဘု​ရား​သ​ခင်​သည်​ဘုန်း အ​သ​ရေ ထွန်း​တောက်​တော်​မူ​စေ​သ​တည်း'' ဟု ဗိ​မာန်​တော်​တွင်​လူ​အ​ပေါင်း​တို့​ကြွေး​ကြော် ကြ​၏။
ထာဝရဘုရား၏ အသံတော်သည် သမင်ဒရယ် မတို့ကို မွေးဘွားစေတော်မူ၏။ တောတန်ဆာတို့ကိုလည်း ပယ်ရှင်းတော်မူ၏။ ဗိမာန်တော်၌ ခပ်သိမ်းသောသူတို့ သည် ဘုန်းတော်ကို ဘော်ပြကြစေ။
10 ၁၀ ထာ​ဝ​ရ​ဘု​ရား​သည်​ရေ​နက်​ရာ​တို့​တွင်​စိုး​စံ တော်​မူ​၏။ ကိုယ်​တော်​သည်​ထာ​ဝ​စဉ်​ဘု​ရင်​အ​ဖြစ်​ဖြင့် စိုး​စံ​တော်​မူ​၏။
၁၀ထာဝရဘုရားသည် မိုဃ်းသက်မုန်တိုင်းပေါ်မှာ ထိုင်တော်မူ၏။ အကယ်စင်စစ် ထာဝရဘုရားသည် အစဉ်အမြဲ ရှင်ဘုရင်အရာနှင့် ထိုင်တော်မူ၏။
11 ၁၁ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​စု​တော်​အား စွမ်း​အား​ပေး​တော်​မူ​၏။ သူ​တို့​အား​ငြိမ်း​ချမ်း​သာ​ယာ​မှု​ကောင်း​ချီး မ​င်္ဂလာ​ကို​ပေး​တော်​မူ​၏။
၁၁ထာဝရဘုရားသည် မိမိလူစုကို ခိုင်ခံ့စေတော် မူမည်။ ထာဝရဘုရားသည် မိမိလူစုအား ငြိမ်သက်ခြင်း ကောင်းကြီးမင်္ဂလာကို ပေးတော်မူမည်။

< ဆာလံ 29 >