< ဆာလံ 28 >

1 ကျွန်​တော်​မျိုး​၏​ကွယ်​ကာ​ရာ​အ​ရှင် အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​၏​ထံ​တော်​သို့​ကျွန်​တော်​မျိုး ဟစ်​ခေါ်​ပါ​၏။ ထူး​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​ထူး​တော်​မ​မူ​ပါ​လျှင် ကျွန်​တော်​မျိုး​သည်​သေ​ရွာ​သွား​ရ​ပါ​လိမ့်​မည်။
Von David. / Zu dir, o Jahwe, rufe ich, / Mein Fels, gib mir doch Antwort! / Denn hörst du mich nicht, / So gleiche ich denen, die in die Grube fahren.
2 ကိုယ်​တော်​ရှင်​၏​သန့်​ရှင်း​မြင့်​မြတ်​သော​ဗိ​မာန် တော်​သို့ လက်​အုပ်​ချီ​လျက်``ကူ​မ​တော်​မူ​ပါ'' ဟု ကျွန်​တော်​မျိုး​ဟစ်​အော်​သော​အ​ခါ နား​ထောင်​တော်​မူ​ပါ။
Höre mein lautes Flehn, wenn ich zu dir schreie, / Wenn ich meine Hände erhebe / Zu deinem Allerheiligsten.
3 မ​ကောင်း​မှု​ပြု​သည့်​သူ​ယုတ်​မာ​များ​နှင့်​အ​တူ ကျွန်​တော်​မျိုး​အား​အ​ပြစ်​ဒဏ်​စီ​ရင်​တော်​မ​မူ ပါ​နှင့်။ ထို​သူ​တို့​သည်​နှုတ်​ချို​သော်​လည်း​မုန်း​စိတ်​ရှိ ကြ​ပါ​၏။
Raff mich nicht weg mit Frevlern und Übeltätern, / Die freundlich reden mit ihren Nächsten, / Während sie Böses im Sinne haben.
4 ထို​သူ​တို့​ပြု​သော​အ​မှု​များ​နှင့်​ကူး​လွန်​သော အ​ပြစ်​များ​အ​တွက်​သူ​တို့​အား​အ​ပြစ်​ဒဏ် ပေး​တော်​မူ​ပါ။ သူ​တို့​၏​အ​ကျင့်​ဆိုး​များ​အ​တွက် အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​ပါ။ သူ​တို့​အ​ပြစ်​နှင့်​ထိုက်​သင့်​သည့်​အ​ပြစ်​ဒဏ်​ကို စီ​ရင်​တော်​မူ​ပါ။
Vergilt du ihnen nach ihrem Tun und ihren bösen Werken! / Nach ihrer Hände Tat gib ihnen, / Vergilt du ihnen, was sie verdient!
5 သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော အ​မှု​တော်​တို့​ကို​လည်း​ကောင်း၊ကိုယ်​တော် ဖန်​ဆင်း​တော်​မူ​သော​အ​ရာ​များ​ကို​လည်း​ကောင်း ပ​မာ​ဏ​မ​ပြု​ကြ​ပါ။ သို့​ဖြစ်​၍​ကိုယ်​တော်​သည်​သူ​တို့​အား အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​၍​ထာ​ဝ​စဉ်​ဆုံး​ပါး ပျက်​စီး​စေ​တော်​မူ​လိမ့်​မည်။
Wenn sie nicht achten auf Jahwes Tun und seiner Hände Werk, / So reiß er sie nieder und baue sie nicht!
6 ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။ ကူ​မ​တော်​မူ​ရန်​ငါ​အော်​ဟစ်​သည်​ကို ကိုယ်​တော်​ကြား​တော်​မူ​ပြီ။
Gelobt sei Jahwe! / Denn er hat mein lautes Flehen gehört.
7 ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကို​ကွယ်​ကာ စောင့်​ရှောက်​တော်​မူ​၏။ ငါ​သည်​ကိုယ်​တော်​အား​ကိုး​စား​၏။ ကိုယ်​တော်​သည်​ငါ့​အား​ကူ​မ​တော်​မူ​သ​ဖြင့် ငါ​သည်​ဝမ်း​မြောက်​လျက်​ကိုယ်​တော်​အား ထော​မ​နာ​သီ​ချင်း​များ​ကို​ဆို​၏။
Jahwe ist mein Schutz und mein Schild. / Auf ihn hat mein Herz vertraut, / Und ich hab Hilfe gefunden! / Drum jubelt mein Herz, / Und mit meinem Liede will ich ihm danken.
8 ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​စု​တော်​အား ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​၏။ မိ​မိ​ဘိ​သိက်​ပေး​တော်​မူ​သော​ရှင်​ဘု​ရင်​အား ကွယ်​ကာ​စောင့်​ရှောက်​၍​ကယ်​မ​တော်​မူ​၏။
Jahwe schütze sein Volk! / Ein Heilsort ist er seinem Gesalbten.
9 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​အား​ကယ်​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​ပိုင်​တော်​မူ​သော​သူ​တို့​အား ကောင်း​ချီး​ပေး​တော်​မူ​ပါ။ သူ​တို့​အား​သိုး​ထိန်း​သ​ဖွယ်​ထာ​ဝ​စဉ်​ကြည့်​ရှု စောင့်​ရှောက်​တော်​မူ​ပါ။
O hilf deinem Volk und segne dein Erbe, / Weide und trage sie ewiglich!

< ဆာလံ 28 >