< ဆာလံ 28 >
1 ၁ ကျွန်တော်မျိုး၏ကွယ်ကာရာအရှင် အို ထာဝရဘုရား၊ ကိုယ်တော်ရှင်၏ထံတော်သို့ကျွန်တော်မျိုး ဟစ်ခေါ်ပါ၏။ ထူးတော်မူပါ။ ကိုယ်တော်ရှင်ထူးတော်မမူပါလျှင် ကျွန်တော်မျိုးသည်သေရွာသွားရပါလိမ့်မည်။
YYAJAGO, O Jeova, juaagang; achojo, chamo fatilúluye yo: yaguin infatiluye yo, guajo uparejo yan y manútunog gui tadong y joyo.
2 ၂ ကိုယ်တော်ရှင်၏သန့်ရှင်းမြင့်မြတ်သောဗိမာန် တော်သို့ လက်အုပ်ချီလျက်``ကူမတော်မူပါ'' ဟု ကျွန်တော်မျိုးဟစ်အော်သောအခါ နားထောင်တော်မူပါ။
Jungog y inagang y guinagaojo anae juagang jao: anae jujatsa y canaejo gui sinantos templomo.
3 ၃ မကောင်းမှုပြုသည့်သူယုတ်မာများနှင့်အတူ ကျွန်တော်မျိုးအားအပြစ်ဒဏ်စီရင်တော်မမူ ပါနှင့်။ ထိုသူတို့သည်နှုတ်ချိုသော်လည်းမုန်းစိတ်ရှိ ကြပါ၏။
Chamoyo cumocone guato gui manaelaye yan y chumogüe y taelaye: ya jasasangan y pas gui tiguangña ya y inacacha gaegue gui corasonñija.
4 ၄ ထိုသူတို့ပြုသောအမှုများနှင့်ကူးလွန်သော အပြစ်များအတွက်သူတို့အားအပြစ်ဒဏ် ပေးတော်မူပါ။ သူတို့၏အကျင့်ဆိုးများအတွက် အပြစ်ဒဏ်ခတ်တော်မူပါ။ သူတို့အပြစ်နှင့်ထိုက်သင့်သည့်အပြစ်ဒဏ်ကို စီရင်တော်မူပါ။
Nae sija taemanoja y chechoñija: ya taemanoja y taelayen chechoña. Nae sija taemanoja y finatinas y canaeñija: apase ni y para ujamarese.
5 ၅ သူတို့သည်ထာဝရဘုရားပြုတော်မူသော အမှုတော်တို့ကိုလည်းကောင်း၊ကိုယ်တော် ဖန်ဆင်းတော်မူသောအရာများကိုလည်းကောင်း ပမာဏမပြုကြပါ။ သို့ဖြစ်၍ကိုယ်တော်သည်သူတို့အား အပြစ်ဒဏ်ခတ်တော်မူ၍ထာဝစဉ်ဆုံးပါး ပျက်စီးစေတော်မူလိမ့်မည်။
Sa timanmalago jalie y checho Jeova, ni y finatinas y canaeña, ufanyinilang sija ya ti uninafangajulo.
6 ၆ ထာဝရဘုရားအားထောမနာပြုကြလော့။ ကူမတော်မူရန်ငါအော်ဟစ်သည်ကို ကိုယ်တော်ကြားတော်မူပြီ။
Bendito si Jeova, sa jajungong y inagang y guinagaojo.
7 ၇ ထာဝရဘုရားသည်ငါ့ကိုကွယ်ကာ စောင့်ရှောက်တော်မူ၏။ ငါသည်ကိုယ်တော်အားကိုးစား၏။ ကိုယ်တော်သည်ငါ့အားကူမတော်မူသဖြင့် ငါသည်ဝမ်းမြောက်လျက်ကိုယ်တော်အား ထောမနာသီချင်းများကိုဆို၏။
Si Jeova y minetgotto yan y patangjo; y iyagüiya nae manangoco y corasonjo, ya guajo uayuda: Enao mina senmagof y corasonjo; ya y quinantaco nae jualabagüe.
8 ၈ ထာဝရဘုရားသည်မိမိ၏လူစုတော်အား ကွယ်ကာစောင့်ရှောက်တော်မူ၏။ မိမိဘိသိက်ပေးတော်မူသောရှင်ဘုရင်အား ကွယ်ကာစောင့်ရှောက်၍ကယ်မတော်မူ၏။
Si Jeova y minetgotñija: ya güiya y minetgot y satbasion para y pinalaeña.
9 ၉ အို ထာဝရဘုရား၊ ကိုယ်တော်ရှင်၏လူစုတော်အားကယ်တော်မူပါ။ ကိုယ်တော်ရှင်ပိုင်တော်မူသောသူတို့အား ကောင်းချီးပေးတော်မူပါ။ သူတို့အားသိုးထိန်းသဖွယ်ထာဝစဉ်ကြည့်ရှု စောင့်ရှောက်တော်မူပါ။
Nalibre y taotaomo ya bendise y erensiamo: ya nafañocho sija ya unmantiene sija para taejinecog.