< ဆာလံ 26 >

1 အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​မှန်​ရာ​ကို​ပြု​ကျင့်​၍ ကိုယ်​တော်​အား​အ​ကြွင်း​မဲ့​ကိုး​စား​သူ​ဖြစ် ပါ​၏။ ထို့​ကြောင့်​ကျွန်​တော်​မျိုး​မှာ​အ​ပြစ်​မ​ရှိ​ကြောင်း ထုတ်​ဖော်​ကြေ​ညာ​တော်​မူ​ပါ။
အိုထာဝရဘုရား ၊ အကျွန်ုပ် သည် ဖြောင့်မတ် ခြင်းလမ်းသို့ လိုက် သောကြောင့် ၊ အကျွန်ုပ် ဘက်၌ တရား စီရင် တော်မူပါ။ အကျွန်ုပ်သည် ထာဝရဘုရား ကို ခိုလှုံ ၍ ၊ ရွေ့လျား ခြင်းနှင့် ကင်းလွတ် ပါလိမ့်မည်။
2 အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​အား​စမ်း​သပ်​စစ်​ဆေး​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​၏​အ​လို​ဆန္ဒ​များ​နှင့်​စိတ်​နှ​လုံး အ​ကြံ​အ​စည်​များ​ကို​စစ်​ကြော​တော်​မူ​ပါ။
အိုထာဝရဘုရား ၊ အကျွန်ုပ် ကို စစ်ဆေး စုံစမ်း၍ ၊ နှလုံး ကျောက်ကပ်ကို ဆေးကြော တော်မူပါ။
3 ကျွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော မေတ္တာ​တော်​သည်​လမ်း​ပြ​ပါ​၏။ သစ္စာ​တော်​သည်​ကျွန်​တော်​မျိုး​အား အ​စဉ်​ပို့​ဆောင်​လျက်​ရှိ​ပါ​၏။
အကျွန်ုပ် သည် မေတ္တာ ကျေးဇူးတော်ကို မျက်မှောက် ပြု၍ ၊ သစ္စာတရား တော်နှင့်အညီ ကျင့် ပါ၏။
4 ကျွန်​တော်​မျိုး​သည်​လျှပ်​ပေါ်​သူ​တို့​နှင့် မ​ပေါင်း​မ​ဖော်​ပါ။ သူ​တော်​ယောင်​ဆောင်​သူ​တို့​နှင့်​လည်း​မည်​သို့​မျှ မ​ဆက်​ဆံ​ပါ။
လျှပ်ပေါ် သော လူ တို့နှင့်အတူ မ ထိုင် ပါ။ လျှို့ဝှက် သော လူစုထဲ သို့ မ ဝင် ပါ။
5 ဆိုး​ညစ်​သူ​တို့​၏​အ​ပေါင်း​အ​သင်း​တို့​ကို ရွံ​မုန်း​၍ သူ​ယုတ်​မာ​တို့​ကို​ရှောင်​ရှား​ပါ​၏။
မ တရားသောသူတို့၏ စည်းဝေး ခြင်းကို မုန်း ပါ ၏။ ဆိုးသွမ်း သောသူတို့ နှင့်အတူ မ ထိုင် ပါ။
6 အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​မှာ​အ​ပြစ်​မ​ရှိ​ကြောင်း​ပြ​သ​ရန် ကျွန်​တော်​မျိုး​သည်​မိ​မိ​၏​လက်​ကို​ဆေး​ကြော​ပြီး နောက် ကိုယ်​တော်​ရှင်​၏​ယဇ်​ပလ္လင်​ကို​လှည့်​ပတ်​၍ ဝတ်​ပြု​ကိုး​ကွယ်​ပါ​၏။
ကျေးဇူး တော်ကို ချီးမြှောက် သောအသံ နှင့် မြွက်ဆို၍၊
7 ကျွန်​တော်​မျိုး​သည်​ကျေး​ဇူး​တော်​ချီး​မွမ်း​ရာ သီ​ချင်း​ကို​ဆို​၍ ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သော​အံ့​သြ​ဖွယ် အ​မှု​အ​ရာ​အ​ပေါင်း​တို့​ကို​ပြော​ကြား​ပါ​၏။
အံဩ ဘွယ်သောအမှုတော်အလုံးစုံ တို့ကို ကြား ပြောခြင်းငှါ ၊ အကျွန်ုပ် သည် ကိုယ်လက် ကို အပြစ် ကင်းခြင်းနှင့်ဆေး ၍ ၊ ယဇ် ပလ္လင်တော်ကို ဝန်းရံ လျက် နေပါသည်၊ ထာဝရဘုရား ။
8 အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​ဘုန်း​အ​သ​ရေ​တော်​တည်​ရာ တည်း​ဟူ​သော​ကိုယ်​တော်​ရှင်​ကိန်း​ဝပ်​တော်​မူ​ရာ အိမ်​တော်​ကို​နှစ်​သက်​မြတ်​နိုး​ပါ​၏။
အိုထာဝရဘုရား ၊ အိမ် တော်သည် အိမ် တော် တည်ရာကို၎င်း ၊ ဘုန်း တော်ထင်ရှားသော အရပ် ဌာန ကို ၎င်း အကျွန်ုပ်နှစ်သက် ပါ၏။
9 ကျွန်​တော်​မျိုး​အား​အ​ပြစ်​ကူး​သူ​များ​နှင့်​တ​ကွ ဖျက်​ဆီး​ပစ်​တော်​မ​မူ​ပါ​နှင့်။ သူ​သတ်​သ​မား​တို့​၏​ကံ​ကြမ္မာ​ကို ခံ​စေ​တော်​မ​မူ​ပါ​နှင့်။
ပြစ်မှား သောသူတို့နှင့်အတူ အကျွန်ုပ် ၏ ဝိညာဉ် ကို၎င်း ၊ လူအသက် ကိုသတ်သောသူတို့ နှင့်အတူ အကျွန်ုပ် အသက် ကို၎င်းချုပ် ထားတော်မ မူပါနှင့်။
10 ၁၀ ထို​သူ​တို့​သည်​မ​ကောင်း​မှု​ကို​အ​ခါ​ခပ်​သိမ်း ပြု​ကျင့်​လျက် တံ​စိုး​လက်​ဆောင်​ယူ​ရန်​အ​စဉ်​အ​မြဲ အ​သင့်​ရှိ​သူ​များ​ဖြစ်​ကြ​ပါ​၏။
၁၀သူ တို့လက် သည် မ ကောင်းသောအကြံအစည်၌ ကျင်လည်၍ ၊ သူ တို့လက်ျာ လက်သည်လည်း တံစိုး နှင့် ပြည့် ဝပါ၏။
11 ၁၁ ကျွန်​တော်​မျိုး​မူ​ကား​မှန်​ရာ​ကို​ပြု​ကျင့်​ပါ​၏။ ကျွန်​တော်​မျိုး​အား​က​ရု​ဏာ​ထား​တော်​မူ​၍ ကယ်​တော်​မူ​ပါ။
၁၁အကျွန်ုပ် မူကား ၊ ဖြောင့်မတ် ခြင်း လမ်းသို့ လိုက် ပါ၏။ အကျွန်ုပ် ကို ရွေးနှုတ် ၍ ကယ် မသနားတော်မူပါ။
12 ၁၂ ငါ​သည်​ဘေး​အန္တ​ရာယ်​အ​ပေါင်း​မှ​ကင်း​လွတ် လုံ​ခြုံ​လျက်​ရှိ​၏။ လူ​ပ​ရိတ်​သတ်​အ​လယ်​တွင်​ထာ​ဝ​ရ​ဘု​ရား​အား ထော​မ​နာ​ပြု​ပါ​မည်။
၁၂အကျွန်ုပ် သည် ညီညွတ် သောအရပ်၌ နေရာ ကျ၍၊ ပရိသတ် အလယ် မှာ ထာဝရဘုရား ကို ကောင်းကြီး ပေးပါမည်။

< ဆာလံ 26 >