< ဆာလံ 25 >
1 ၁ အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ထံတော်သို့ ဆုတောင်းပတ္ထနာပြုပါ၏။
[A Psalm] of David. To thee, O LORD, do I lift up my soul.
2 ၂ ကျွန်တော်မျိုး၏ဘုရား၊ကျွန်တော်မျိုး သည် ကိုယ်တော်ရှင်ကိုကိုးစားပါ၏။ စစ်အရေးနိမ့်၍အရှက်ရခြင်းမှကျွန်တော် မျိုးအား ကယ်တော်မူပါ။ ကျွန်တော်မျိုးအရေးနိမ့်သဖြင့်ရန်သူတို့အား နှစ်ထောင်းအားရခွင့်ကိုပေးတော်မမူပါနှင့်။
O my God, I trust in thee: let me not be ashamed, let not my enemies triumph over me,
3 ၃ ကိုယ်တော်ရှင်ကိုကိုးစားသူတို့သည် အရေးမနိမ့်ကြပါ။ ကိုယ်တော်ရှင်အားတော်လှန်ပုန်ကန်ရန် ဝန်မလေးသူများသာလျှင်အရေးနိမ့် ကြရပါ၏။
Also, let none that wait on thee be ashamed: let them be ashamed who transgress without cause.
4 ၄ အို ထာဝရဘုရား၊ ကိုယ်တော်ရှင်၏နည်းလမ်းတော်တို့ကို ကျွန်တော်မျိုးအားသွန်သင်တော်မူပါ။ ယင်းတို့ကိုကျွန်တော်မျိုးအားသိရှိနားလည် စေတော်မူပါ။
Show me thy ways, O LORD; teach me thy paths.
5 ၅ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား ကယ်တင်တော်မူသောဘုရားဖြစ်တော်မူသည် ဖြစ်၍ ကျွန်တော်မျိုးအားကိုယ်တော်ရှင်၏ သမ္မာတရားတော်အတိုင်းပြုမူကျင့်ကြံ တတ်ရန် သွန်သင်တော်မူပါ။ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်ကို အစဉ်ကိုးစားလျက်နေပါ၏။
Lead me in thy truth, and teach me: for thou [art] the God of my salvation; on thee do I wait all the day.
6 ၆ အို ထာဝရဘုရား၊ ရှေးကာလမှစ၍ကိုယ်တော်ရှင်ပြတော် မူသည့် ကရုဏာတော်နှင့်ခိုင်မြဲသောမေတ္တာတော် တို့ကို အောက်မေ့သတိရတော်မူပါ။
Remember, O LORD, thy tender mercies and thy loving kindnesses; for they [have been] ever of old.
7 ၇ အသက်ပျိုရွယ်စဉ်အခါက ကျွန်တော်မျိုးကူးလွန်ခဲ့သည့်အပြစ်များနှင့် အမှားအယွင်းများကိုဖြေလွှတ်တော်မူပါ။ ကိုယ်တော်ရှင်သည်ခိုင်မြဲသောမေတ္တာရှိတော်မူ၍ ကောင်းမြတ်တော်မူသည်နှင့်အညီ ကျွန်တော်မျိုးအားအောက်မေ့သတိရတော်မူပါ။
Remember not the sins of my youth, nor my transgressions: according to thy mercy remember thou me for thy goodness' sake, O LORD.
8 ၈ ထာဝရဘုရားသည်ကောင်းမြတ် ဖြောင့်မှန်တော်မူသဖြင့် အပြစ်ကူးသူတို့အားလျှောက်လိုက်သင့်သည် လမ်းကိုပြညွှန်တော်မူ၏။
Good and upright [is] the LORD: therefore will he teach sinners in the way.
9 ၉ စိတ်နှလုံးနှိမ့်ချသူတို့အားလမ်းမှန်သို့ ပို့ဆောင်တော်မူလျက် ကိုယ်တော်၏အလိုတော်ကိုသွန်သင်တော်မူ၏။
The meek will he guide in judgment: and the meek will he teach his way.
10 ၁၀ ပဋိညာဉ်တော်နှင့်ပညတ်တော်တို့ကို စောင့်ထိန်းသူအပေါင်းတို့အား ကိုယ်တော်သည်မေတ္တာနှင့်လည်းကောင်း၊ သစ္စာနှင့်လည်းကောင်းလမ်းပြပို့ဆောင် တော်မူ၏။
All the paths of the LORD [are] mercy and truth to such as keep his covenant and his testimonies.
11 ၁၁ အို ထာဝရဘုရား၊ ကျွန်တော်မျိုး၏အပြစ်တို့သည်များလှပါ၏။ သို့ဖြစ်၍ကိုယ်တော်ရှင်၏ကတိတော်ကို တည်စေတော်မူလျက်ကျွန်တော်မျိုး၏ အပြစ်များကိုဖြေလွှတ်တော်မူပါ။
For thy name's sake, O LORD, pardon my iniquity; for it [is] great.
12 ၁၂ ထာဝရဘုရားကိုကြောက်ရွံ့ရိုသေသောသူ တို့သည် မိမိတို့လျှောက်အပ်သည့်လမ်းစဉ်ကို ကိုယ်တော်၏ထံမှသင်ယူကြလိမ့်မည်။
What man [is] he that feareth the LORD? him shall he teach in the way [that] he shall choose.
13 ၁၃ သူတို့သည်အစဉ်ပင်ကောင်းစားကြလျက် သူတို့၏သားသမီးများသည်ပြည်တော် ကို ပိုင်ရကြလိမ့်မည်။
His soul shall dwell at ease; and his seed shall inherit the earth.
14 ၁၄ ထာဝရဘုရားသည်မိမိ၏စကားကို နားထောင်သူတို့နှင့်မိတ်သဟာယဖွဲ့တော် မူ၏။ သူတို့အတွက်ကိုယ်တော်၏ပဋိညာဉ်တရား တော်ကို တည်မြဲစေတော်မူ၏။
The secret of the LORD [is] with them that fear him; and he will show them his covenant.
15 ၁၅ ကယ်မတော်မူရန်ငါသည်ထာဝရဘုရားအား အခါခပ်သိမ်းမျှော်ကြည့်၏။ ကိုယ်တော်သည်လည်းငါ့အားဘေးအန္တရာယ်မှ ကယ်ဆယ်တော်မူ၏။
My eyes [are] ever towards the LORD; for he will pluck my feet out of the net.
16 ၁၆ အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်တစ်ကိုယ်တည်းကျန်ရစ်လျက် အားအင်ချိနဲ့၍နေပါ၏။ သို့ဖြစ်၍ကျွန်တော်မျိုးဘက်သို့လှည့်တော်မူ၍ ကရုဏာတော်ကိုပြတော်မူပါ။
Turn thee to me, and have mercy upon me; for I [am] desolate and afflicted.
17 ၁၇ ကျွန်တော်မျိုး၏ပူပင်သောကအပေါင်းကို ငြိမ်းစေတော်မူလျက် ကျွန်တော်မျိုးအားဆင်းရဲဒုက္ခအပေါင်းမှ ကယ်တော်မူပါ။
The troubles of my heart are enlarged: O bring thou me out of my distresses.
18 ၁၈ ကျွန်တော်မျိုးခံစားရသောဒုက္ခများနှင့် ဝေဒနာအပေါင်းကိုအောက်မေ့ဆင်ခြင်တော် မူ၍ ကျွန်တော်မျိုး၏အပြစ်များကိုဖြေလွှတ် တော်မူပါ။
Look upon my affliction and my pain; and forgive all my sins.
19 ၁၉ ကျွန်တော်မျိုးတွင်အဘယ်မျှရန်သူများကြောင်းကို ကြည့်တော်မူပါ။ သူတို့သည်ကျွန်တော်မျိုးအားအဘယ်မျှ မုန်းကြောင်းကိုသိမှတ်တော်မူပါ။
Consider my enemies, for they are many; and they hate me with cruel hatred.
20 ၂၀ ကျွန်တော်မျိုးအားကွယ်ကာစောင့်ရှောက်တော်မူပါ။ ကယ်တော်မူပါ။ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ထံတော်တွင် ခိုလှုံရန်ချဉ်းကပ်ပါ၏။ သို့ဖြစ်၍ကျွန်တော်မျိုးအား အရှက်ကွဲစေတော်မမူပါနှင့်။
O keep my soul, and deliver me: let me not be ashamed; for I put my trust in thee.
21 ၂၁ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်ကို ကိုးစားသည်ဖြစ်၍ ကျွန်တော်မျိုး၏သစ္စာသမာဋ္ဌိရှိမှုသည် ကျွန်တော်မျိုးအားစောင့်ထိန်းပါစေသော။
Let integrity and uprightness preserve me; for I wait on thee.
22 ၂၂ အို ဘုရားသခင်၊ ကိုယ်တော်ရှင်၏ဣသရေလလူမျိုးအား ဆင်းရဲဒုက္ခအပေါင်းမှကယ်တော်မူပါ။
Redeem Israel, O God, out of all his troubles.