< ဆာလံ 20 >
1 ၁ ဒုက္ခရောက်စဉ်အခါအရှင်မင်းကြီး၏ ပတ္ထနာကို ထာဝရဘုရားသည်နားညောင်းတော်မူ ပါစေသော။ ယာကုပ်ကိုးကွယ်သောဘုရားသခင်သည် အရှင်မင်းကြီးအား ကွယ်ကာစောင့်ထိန်းတော်မူပါစေသော။
၁ဘေး အန္တရာယ်ရောက်သောကာလ ၌ ၊ ထာဝရဘုရား သည် ကိုယ်တော် စကားကို နားထောင် ၍၊ ယာကုပ် ၏ဘုရား သခင်နာမ တော်သည် ချီးမြှောက် တော်မူပါစေသော။
2 ၂ ကိုယ်တော်သည်အရှင်မင်းကြီးအားဗိမာန် တော်ထဲက အကူအညီပေးတော်မူပါစေသော။ ဇိအုန်တောင်တော်ပေါ်မှအထောက်အကူ ပေးတော်မူပါစေသော။
၂သန့်ရှင်း ရာဌာနတော်ထဲ က ကူညီ ၍၊ ဇိအုန် တောင်ပေါ်က ထောက် ပင့်တော်မူပါစေသော။
3 ၃ ကိုယ်တော်သည်အရှင်မင်းကြီး၏ပူဇော် သကာ ရှိသမျှကိုလက်ခံတော်မူလျက် မီးရှို့ရာယဇ်အပေါင်းကိုလည်းနှစ်သက် တော်မူပါစေသော။
၃ကိုယ်တော် ၏ ပူဇော် သက္ကာအလုံးစုံ တို့ကို အောက်မေ့ ၍ ၊ မီးရှို့ သောယဇ်ကို လက်ခံ တော်မူပါစေသော။
4 ၄ အရှင်မင်းကြီး၏လိုအင်ဆန္ဒကိုပြည့်ဝစေ တော်မူ၍ အကြံအစည်ရှိသမျှတို့ကိုလည်းအောင် မြင်စေရန် ကူမတော်မူပါစေသော။
၄ကိုယ်တော် ၏ စိတ် အလိုရှိသည်အတိုင်း ပေး သနား၍ ၊ အကြံ အစည်တော်ရှိသမျှ တို့ကို ပြည့်စုံ စေခြင်းငှါ ပြုတော်မူပါစေသော။
5 ၅ ထိုအခါကျွန်တော်မျိုးတို့သည်အရှင်မင်း ကြီး၏ အောင်ပွဲအတွက်ရွှင်လန်းဝမ်းမြောက်စွာ ကြွေးကြော်ကြပါလိမ့်မည်။ ထာဝရဘုရားအားထောမနာပြုလျက် အရှင် မင်းကြီး၏အောင်ပွဲကိုဆင်နွှဲကြပါလိမ့်မည်။ ဘုရားသခင်သည်အရှင်မင်းကြီးတောင်း လျှောက် သမျှကိုပေးသနားတော်မူပါစေသော။
၅ကိုယ်တော် ၏ကယ်တင် ခြင်းကြောင့် အကျွန်ုပ်တို့သည် ဝမ်းမြောက် ၍၊ အကျွန်ုပ်တို့ ဘုရား သခင်၏ အခွင့် နှင့် အလံ ကို ထူကြလိမ့်မည်။ ထာဝရဘုရား သည် ကိုယ်တော် ဆုတောင်း သမျှအတိုင်း ကျေးဇူး ပြုတော်မူပါစေသော။
6 ၆ ထာဝရဘုရားသည်မိမိဘိသိက်ပေးတော် မူသော ဘုရင်အားစစ်ပွဲနိုင်စေတော်မူကြောင်းကို ယခုငါသိ၏။ ကိုယ်တော်သည်မင်းကြီး၏ပန်ကြားချက်ကို သန့်ရှင်း မြင့်မြတ်သည့်ကောင်းကင်ဘုံမှကြားတော်မူ၍ တန်ခိုးတော်ဖြင့်မင်းကြီးအားအောင်ပွဲကြီး များကို ပေးတော်မူ၏။
၆ထာဝရဘုရား ပေးတော်မူ၍ ဘိသိက် ခံသောသူအား၊ ကယ်တင် တော်မူကြောင်း ကို၎င်း၊ လက်ျာ လက်တော်ကယ်တင် ခြင်းအစွမ်း နှင့် ထိုသူ ၏စကားကိုသန့်ရှင်း သော ကောင်းကင် ပေါ် မှာ နားထောင် တော်မူကြောင်းကို၎င်း ယခု ငါသိ ၏။
7 ၇ အချို့သောသူတို့သည်မိမိတို့၏ စစ်ရထားများကိုလည်းကောင်း၊ မြင်းများကိုလည်းကောင်းအားကိုးကြ၏။ သို့ရာတွင်ငါတို့မူကားငါတို့၏ဘုရားသခင် ထာဝရဘုရားကိုအားကိုးကြ၏။
၇အချို့သောသူတို့သည် ရထား ကို ၎င်း ၊ အချို့တို့သည် မြင်း ကို ၎င်း၊ ချီးမွမ်းတတ်ကြ၏။ ငါ တို့မူကား ၊ ငါ တို့ဘုရား သခင်တည်းဟူသောထာဝရဘုရား ၏နာမတော် ကို ချီးမွမ်း ကြလိမ့်မည်။
8 ၈ ထိုသူတို့သည်ခြေချော်၍လဲကြလိမ့်မည်။ ငါတို့မူကားထ၍ကြံ့ကြံ့ခိုင်ရပ်တည်ကြ လိမ့်မည်။
၈သူ တို့သည်နှိမ့်ချ ၍ လဲ လျက်ရှိကြ၏။ ငါ တို့မူကား ၊ ထ ၍ မတ်တတ် နေကြ၏။ အိုထာဝရ ဘုရား ၊ မင်းကြီး ကို ကယ်တင် တော်မူပါ။
9 ၉ အို ထာဝရဘုရား၊ မင်းကြီးအားအောင်ပွဲကိုပေးတော်မူပါ။ ကျွန်တော်မျိုးတို့ခေါ်သောအခါထူးတော်မူပါ။
၉အကျွန်ုပ် တို့ခေါ် သောအခါ နားထောင် တော်မူပါ။