< ဆာလံ 20 >
1 ၁ ဒုက္ခရောက်စဉ်အခါအရှင်မင်းကြီး၏ ပတ္ထနာကို ထာဝရဘုရားသည်နားညောင်းတော်မူ ပါစေသော။ ယာကုပ်ကိုးကွယ်သောဘုရားသခင်သည် အရှင်မင်းကြီးအား ကွယ်ကာစောင့်ထိန်းတော်မူပါစေသော။
In finem, Psalmus David. Exaudiat te Dominus in die tribulationis: protegat te nomen Dei Iacob.
2 ၂ ကိုယ်တော်သည်အရှင်မင်းကြီးအားဗိမာန် တော်ထဲက အကူအညီပေးတော်မူပါစေသော။ ဇိအုန်တောင်တော်ပေါ်မှအထောက်အကူ ပေးတော်မူပါစေသော။
Mittat tibi auxilium de sancto: et de Sion tueatur te.
3 ၃ ကိုယ်တော်သည်အရှင်မင်းကြီး၏ပူဇော် သကာ ရှိသမျှကိုလက်ခံတော်မူလျက် မီးရှို့ရာယဇ်အပေါင်းကိုလည်းနှစ်သက် တော်မူပါစေသော။
Memor sit omnis sacrificii tui: et holocaustum tuum pingue fiat.
4 ၄ အရှင်မင်းကြီး၏လိုအင်ဆန္ဒကိုပြည့်ဝစေ တော်မူ၍ အကြံအစည်ရှိသမျှတို့ကိုလည်းအောင် မြင်စေရန် ကူမတော်မူပါစေသော။
Tribuat tibi secundum cor tuum: et omne consilium tuum confirmet.
5 ၅ ထိုအခါကျွန်တော်မျိုးတို့သည်အရှင်မင်း ကြီး၏ အောင်ပွဲအတွက်ရွှင်လန်းဝမ်းမြောက်စွာ ကြွေးကြော်ကြပါလိမ့်မည်။ ထာဝရဘုရားအားထောမနာပြုလျက် အရှင် မင်းကြီး၏အောင်ပွဲကိုဆင်နွှဲကြပါလိမ့်မည်။ ဘုရားသခင်သည်အရှင်မင်းကြီးတောင်း လျှောက် သမျှကိုပေးသနားတော်မူပါစေသော။
Lætabimur in salutari tuo: et in nomine Dei nostri magnificabimur.
6 ၆ ထာဝရဘုရားသည်မိမိဘိသိက်ပေးတော် မူသော ဘုရင်အားစစ်ပွဲနိုင်စေတော်မူကြောင်းကို ယခုငါသိ၏။ ကိုယ်တော်သည်မင်းကြီး၏ပန်ကြားချက်ကို သန့်ရှင်း မြင့်မြတ်သည့်ကောင်းကင်ဘုံမှကြားတော်မူ၍ တန်ခိုးတော်ဖြင့်မင်းကြီးအားအောင်ပွဲကြီး များကို ပေးတော်မူ၏။
Impleat Dominus omnes petitiones tuas: nunc cognovi quoniam salvum fecit Dominus CHRISTUM suum. Exaudiet illum de cælo sancto suo: in potentatibus salus dexteræ eius.
7 ၇ အချို့သောသူတို့သည်မိမိတို့၏ စစ်ရထားများကိုလည်းကောင်း၊ မြင်းများကိုလည်းကောင်းအားကိုးကြ၏။ သို့ရာတွင်ငါတို့မူကားငါတို့၏ဘုရားသခင် ထာဝရဘုရားကိုအားကိုးကြ၏။
Hi in curribus, et hi in equis: nos autem in nomine Domini Dei nostri invocabimus.
8 ၈ ထိုသူတို့သည်ခြေချော်၍လဲကြလိမ့်မည်။ ငါတို့မူကားထ၍ကြံ့ကြံ့ခိုင်ရပ်တည်ကြ လိမ့်မည်။
Ipsi obligati sunt, et ceciderunt: nos autem surreximus et erecti sumus.
9 ၉ အို ထာဝရဘုရား၊ မင်းကြီးအားအောင်ပွဲကိုပေးတော်မူပါ။ ကျွန်တော်မျိုးတို့ခေါ်သောအခါထူးတော်မူပါ။
Domine salvum fac regem: et exaudi nos in die, qua invocaverimus te.