< ဆာလံ 2 >
1 ၁ တိုင်းနိုင်ငံတို့သည်အဘယ်ကြောင့်ဆူပူပုန်ကန်ရန် ကြံစည်ကြသနည်း။ လူတို့သည်အဘယ်ကြောင့်အချည်းနှီး လျှို့ဝှက်ကြံစည်ကြသနည်း။
Perché tumultuano le nazioni, e meditano i popoli cose vane?
2 ၂ ထိုသူတို့၏ဘုရင်တို့သည်ပုန်ကန်ကြ၏။ သူတို့၏ဘုရင်တို့သည်ထာဝရဘုရားနှင့် ကိုယ်တော်ဘိသိက်ပေးတော်မူသောဘုရင်အား ပုန်ကန်ရန်လျှို့ဝှက်တိုင်ပင်ကြ၏။
I re della terra si ritrovano e i principi si consigliano assieme contro l’Eterno e contro il suo Unto, dicendo:
3 ၃ သူတို့က``ငါတို့သည်သူတို့စိုးမိုးမှုမှ လွတ်မြောက်အောင်ဆောင်ရွက်ကြကုန်အံ့။ သူတို့၏အချုပ်အနှောင်ကိုပယ်ရှားကြ ကုန်အံ့'' ဟုဆိုကြ၏။
Rompiamo i loro legami e gettiamo via da noi le loro funi.
4 ၄ ကောင်းကင်ဘုံရှိပလ္လင်တော်ပေါ်မှာထာဝရ ဘုရားသည် ပြုံးရယ်တော်မူလျက် ထိုသူတို့၏အကြံအစည်ကိုပြက်ရယ်ပြု တော်မူ၏။
Colui che siede ne’ cieli ne riderà; il Signore si befferà di loro.
5 ၅ ထိုနောက်ကိုယ်တော်သည်အမျက်တော်ထွက် လျက် သူတို့အားသတိပေးတော်မူသဖြင့် သူတို့သည်အမျက်တော်အရှိန်ကြောင့် ကြောက်လန့်တုန်လှုပ်ကြကုန်၏။
Allora parlerà loro nella sua ira, e nel suo furore li renderà smarriti:
6 ၆ ကိုယ်တော်က``သန့်ရှင်းမြင့်မြတ်သော ဇိအုန်တောင် ပေါ်တွင် ငါရွေးချယ်ထားသောရှင်ဘုရင်ကိုငါကိုယ်တိုင် တင်မြှောက်ပြီ'' ဟုမိန့်တော်မူ၏။
Eppure, dirà, io ho stabilito il mio re sopra Sion, monte della mia santità.
7 ၇ မင်းကြီးက``ထာဝရဘုရား၏ဗျာဒိတ်တော်ကို ငါကြေငြာမည်။ ကိုယ်တော်ကငါ့အား`သင်သည်ငါ၏သား ဖြစ်၏။ ယနေ့ပင်လျှင်ငါသည်သင်၏အဖဖြစ်လာ ပြီ။
Io spiegherò il decreto: L’Eterno mi disse: Tu sei il mio figliuolo, oggi io t’ho generato.
8 ၈ တောင်းလော့။ လူမျိုးတကာတို့ကိုသင့်အား ငါပေးမည်။ ကမ္ဘာမြေပြင်တစ်ခုလုံးကိုသင်ပိုင်ဆိုင်ရ လိမ့်မည်။
Chiedimi, io ti darò le nazioni per tua eredità e le estremità della terra per tuo possesso.
9 ၉ သင်သည်လူမျိုးတကာတို့ကိုသံလှံတံဖြင့် အုပ်စိုးလိမ့်မည်။ သူတို့အားမြေအိုးကိုခွဲသကဲ့သို့ အစိတ်စိတ်အမြွှာမြွှာဖြစ်စေလိမ့်မည်' ဟု မိန့်တော်မူပါ၏'' ဟူ၍ဆို၏။
Tu le fiaccherai con uno scettro di ferro; tu le spezzerai come un vaso di vasellaio.
10 ၁၀ အချင်းဘုရင်တို့၊ပညာသတိရှိကြလော့။ အချင်းမင်းအပေါင်းတို့၊သတိမူကြလော့။
Ora dunque, o re, siate savi; lasciatevi correggere, o giudici della terra.
11 ၁၁ သင်တို့သည်ကြောက်ရွံ့ရိုသေသောစိတ်နှင့် ထာဝရဘုရား၏အမှုတော်ကိုထမ်းရွက်ကြလော့။
Servite l’Eterno con timore, e gioite con tremore.
12 ၁၂ တုန်လှုပ်လျက်ရှေ့တော်တွင်ဦးညွှတ်ပျပ်ဝပ်ကြလော့။ ယင်းသို့မပြုပါမူကိုယ်တော်သည် အမျက်တော်ထွက်တော်မူသဖြင့် သင်တို့သည်မုချသေကြေပျက်စီးကြလိမ့်မည်။ ကိုယ်တော်ထံတော်သို့ချဉ်းကပ်ခိုလှုံသူ အပေါင်းတို့သည်မင်္ဂလာရှိကြ၏။
Rendete omaggio al figlio, che talora l’Eterno non si adiri e voi non periate nella vostra via, perché d’un tratto l’ira sua può divampare. Beati tutti quelli che confidano in lui!