< ဆာလံ 19 >
1 ၁ မိုးကောင်းကင်သည်ဘုရားသခင်၏ ဘုန်းအသရေတော်ကိုပေါ်လွင်စေ၍ ကိုယ်တော်၏ လက်ရာတော်တို့ကိုထင်ရှားစွာဖော်ပြ၏။
Para el director del coro. Un salmo de David. Los cielos declaran la gloria de Dios; el firmamento anuncia su creación.
2 ၂ ဤအကြောင်းကိုတစ်နေ့ကိုတစ်နေ့၊တစ်ညကိုတစ်ည လက်ဆင့်ကမ်းကြေညာကြပေသည်။
Cada día transmite al siguiente la gloria de Dios. Cada noche comparte el conocimiento de Dios a la noche siguiente.
3 ၃ အဘယ်သို့မှနှုတ်ဖြင့်မမြွက်မဆို၊ စကားလည်းမပြော၊ မည်သည့်အသံကိုမျှမပြုသော်လည်း
Hablan sin grandes discursos o palabras, pues sus voces no son audibles.
4 ၄ နေ့နှင့်ညမှထွက်ပေါ်လာသည့်အသံသည် ကမ္ဘာမြေတစ်ပြင်လုံးသို့ပျံ့နှံ့သွားလျက် ယင်းတို့ကြေညာသောစကားသည် ကမ္ဘာမြေကြီးစွန်းတိုင်အောင်ရောက်လေ၏။ ဘုရားသခင်သည်နေ၏အတွက်မိုးကောင်း ကင်၌ ဗိမာန်တစ်ဆောင်ကိုတည်တော်မူ၏။
Sin embargo, todo lo que dicen es escuchado en toda la tierra; su mensaje va por todo el mundo. Dios ha hecho un hogar en los cielos para el sol.
5 ၅ မိမိအိပ်ခန်းမှထွက်၍လာသောမင်္ဂလာ ဆောင် သတို့သားကဲ့သို့လည်းကောင်း၊ အပြေးပြိုင်ရန်ဆန္ဒစောလျက်ရှိသည့် အားကစားသမားကဲ့သို့လည်းကောင်း နေသည်ထွက်ပြူလာ၏။
Es como un novio saliendo de su habitación; como un atleta preparado y feliz de correr una carrera.
6 ၆ သူသည်မိုးကောင်းကင်တစ်စွန်းမှအစပြုကာ အခြားတစ်စွန်းသို့လှည့်ပတ်၍သွား၏။ သူ၏အပူရှိန်မှကင်းလွတ်သောအရာတစ်ခု မျှမရှိ။
Se levanta sobre una parte del cielo y cruza hasta el otro lado. Nada se esconde de su calor.
7 ၇ ထာဝရဘုရား၏တရားတော်သည်ပြီးပြည့် စုံလင်အောင်ကောင်းမြတ်သည်ဖြစ်၍စိတ်ဝိညာဉ် ကို ပြန်လည်သစ်လွင်လန်းဆန်းစေတတ်၏။ ဘုရားသခင်၏သွန်သင်တော်မူချက်တို့သည် အားကိုးအားထားထိုက်သည်ဖြစ်၍ မလိမ္မာသူတို့ကိုလိမ္မာစေတတ်၏။
La ley de Dios es buena, reafirma la vida espiritual. Las enseñanzas de Dios son confiables; convierten a los inexpertos en sabios.
8 ၈ ထာဝရဘုရား၏နည်းဥပဒေတို့သည် မှန်ကန်သည်ဖြစ်၍လိုက်နာစောင့်ထိန်းသူ တို့၏ စိတ်ကိုရွှင်လန်းစေတတ်၏။ ကိုယ်တော်၏ပညတ်တော်တို့သည်တရား မျှတသည် ဖြစ်၍စိတ်နှလုံးကိုအသိဉာဏ်ပေးတတ်၏။
Las instrucciones de Dios son buenas, y traen alegría a las personas. Los mandamientos de Dios son sinceros, y ayudan a la gente a ver lo que está realmente bien.
9 ၉ ထာဝရဘုရားကိုကြောက်ရွံ့ရိုသေခြင်းသည် ကောင်းမြတ်သည်ဖြစ်၍ထာဝစဉ်တည်မြဲ လိမ့်မည်။ ထာဝရဘုရား၏စီရင်တော်မူချက်တို့သည် ဖြောင့်မှန်သည်ဖြစ်၍ကာလအစဉ်တရား မျှတပေ၏။
La reverencia por el Señor es buena, y dura para siempre. Los juicios del Señor son verdaderos y justos.
10 ၁၀ ယင်းတို့သည်ရွှေထက်မက၊အကောင်းဆုံး ရွှေထက် ပိုမိုနှစ်သက်ဖွယ်ဖြစ်၏။ ယင်းတို့သည်ပျားရည်ထက်မက၊အစစ်ဆုံး ပျားရည်ထက်ပို၍ချိုကြ၏။
Ellos son más valiosos que el oro, incluso el oro más fino; son más dulces que la miel, incluso más que la miel pura, acabada de salir de un panal.
11 ၁၁ ကိုယ်တော်၏ကျွန်ဖြစ်သူကျွန်တော်မျိုးအား ထိုစီရင်တော်မူချက်များကအသိဉာဏ်ကို ပေးပါ၏။ ကျွန်တော်မျိုးသည်ယင်းတို့ကိုလိုက်နာ စောင့်ထိန်းသည်ဖြစ်၍အကျိုးကျေးဇူးများကို ခံယူရရှိပါ၏။
Ellos también aconsejan a tus siervos. Soy ricamente recompensando al guardarlos.
12 ၁၂ အဘယ်သူမျှမိမိ၏အမှားအယွင်းများကို မမြင်နိုင်ပါ။ အို ထာဝရဘုရား၊ မထင်ရှားသည့်အပြစ်များနှင့်ကျွန်တော်မျိုးအား ကင်းစင်စေတော်မူပါ။
¿Quién está consciente de sus propios errores? No me castigues por las faltas que desconozco.
13 ၁၃ တမင်တကာကြံရွယ်ချက်ဖြင့်ပြုသည့်အပြစ် ဒုစရိုက်များနှင့်လည်းကင်းစင်စေတော်မူပါ။ ထိုဒုစရိုက်တို့သည်ကျွန်တော်မျိုးအား အစိုးမရပါစေနှင့်။ သို့မှသာလျှင်ကျွန်တော်မျိုးသည် အပြစ်ဆိုဖွယ်မရှိဖြစ်လျက်အပြစ် ဒုစရိုက်နှင့် ကင်းစင်ပါလိမ့်မည်။
No permitas que tus siervos cometan pecados deliberadamente. No dejes que ellos gobiernen por encima de mí. Entonces seré limpio de cualquier falta, inocente de tal rebelión.
14 ၁၄ ကျွန်တော်မျိုးခိုလှုံရာဖြစ်တော်မူ၍ ကျွန်တော်မျိုးအားရွေးနုတ်တော်မူသော အရှင်၊ အို ထာဝရဘုရား၊ ကျွန်တော်မျိုး၏နှုတ်ထွက်စကားများနှင့် စိတ်နှလုံးအကြံအစည်များသည်ရှေ့တော် ၌ နှစ်သက်ဖွယ်ဖြစ်ပါစေသော။
Ojalá te alegres de las palabras que hoy hablo, y los pensamientos que hoy pienso, Señor, mi roca y mi Redentor.