< ဆာလံ 18 >
1 ၁ အို ထာဝရဘုရားသခင်၊ ကျွန်တော်မျိုးသည်ကိုယ်တော်အားအလွန်ပင် ချစ်ခင်မြတ်နိုးပါ၏။ ကိုယ်တော်သည်လည်းကျွန်တော်မျိုးအား ကာကွယ်တော်မူသောအရှင်ဖြစ်တော်မူပါ၏။
Načelniku godbe, Davida hlapca Gospodovega; kateri je govoril Gospodu té pesmi besede v dan, ko ga je bil rešil Gospod iz roke vseh sovražnikov njegovih, kakor iz roke Savlove. In rekel je: Iz osrčja svojega bodem te ljubil, Gospod, moja krepost.
2 ၂ ထာဝရဘုရားသည်ငါ့ကိုကွယ်ကာသောအရှင်၊ ငါ၏ခိုင်ခံ့သောရဲတိုက်ဖြစ်တော်မူ၏။ ငါ၏ဘုရားသည်ငါ့ကိုကွယ်ကာစောင့်ရှောက် တော်မူသဖြင့်ငါသည်ဘေးမဲ့လုံခြုံ၏။ ကိုယ်တော်သည်ဒိုင်းလွှားသဖွယ်ငါ့ကို ကွယ်ကာတော်မူ၏။ ငါ၏ဘက်မှခုခံတိုက်ခိုက်တော်မူ၍ငါ့အား ဘေးမဲ့လုံခြုံစွာထားတော်မူ၏။
Gospod, skala moja in grad moj in rešitelj moj; Bog mogočni moj, pečina moja, kamor pribegam, ščit moj in blaginje moje rog, višina moja.
3 ၃ ငါသည်ထာဝရဘုရားအား တောင်းလျှောက်သောအခါကိုယ်တော်သည် ငါ့အားရန်သူများ၏လက်မှကယ်တော်မူ၏။ ထာဝရဘုရားအားထောမနာပြုကြလော့။
Hvaljenega kličem Gospoda in rešujem se sovražnikov svojih.
4 ၄ သေမင်း၏နှောင်ကြိုးတို့သည်ငါ့ကိုရစ်ပတ် ပါ၏။ ဖျက်ဆီးခြင်းလှိုင်းလုံးများသည်ငါ၏အပေါ် သို့ လွှမ်းမိုးကြ၏။
Obdajajo me smrtne bolečine in malopridnih hudourniki me strašijo.
5 ၅ သေမင်း၏နှောင်ကြိုးတို့သည်ငါ့ကိုရစ်ပတ် ပါ၏။ သင်္ချိုင်းတွင်းသည်ငါ့ကိုဖမ်းရန်ကျော့ကွင်း ထောင်ထား၏။ (Sheol )
Groba bolečine me obhajajo, smrtne zanke so mi na poti. (Sheol )
6 ၆ ငါသည်ဒုက္ခရောက်၍ဘုရားသခင်အား လျှောက်ထားပါ၏။ ကူမတော်မူရန်ငါ၏ဘုရားအားလျှောက် ထားပါ၏။ ကိုယ်တော်သည်ဗိမာန်တော်ထဲမှငါ၏ အသံကိုကြားတော်မူ၏။ ကူမတော်မူရန်ငါ၏အော်သံကိုကိုယ်တော် ကြားတော်မူ၏။
V stiski svoji kličem Gospoda, in do Boga svojega vpijem; iz svetišča svojega usliši moj glas, in vpitje moje predenj pride do ušes njegovih:
7 ၇ ထိုအခါထာဝရဘုရား၏အမျက်တော် ကြောင့် ကမ္ဘာပေါ်တွင်သိမ့်သိမ့်တုန်အောင် မြေငလျင်လှုပ်လေ၏။ တောင်တို့သည်လည်းအောက်ခြေမှတုန်လှုပ် ကြကုန်၏။
In stresa se in giblje zemlja, in podloge gorâ se majó; stresajo se pa, ko se mu vname jeza.
8 ၈ ကိုယ်တော်၏နှာခေါင်းတော်ထဲမှ မီးခိုးများသည်လည်းကောင်း၊ ခံတွင်းတော်ထဲမှကျွမ်းလောင်စေတတ်သည့် မီးလျှံနှင့်မီးကျီးခဲများသည်လည်းကောင်း ထွက်လေ၏။
Dim se vali skozi nos njegov in ogenj požrešen iz ust njegovih; žarjavica goreča gre od njega.
9 ၉ ကိုယ်တော်သည်မိုးကောင်းကင်ကိုဖွင့်ဟလျက် ဆင်းသက်ကြွလာတော်မူ၏။ ခြေဖဝါးတော်အောက်တွင်မဲမှောင်သော မိုးတိမ်များရှိ၏။
In nagne nebo ter stopi dol, z mrakom pod svojimi nogami,
10 ၁၀ ကိုယ်တော်သည်ခေရုဗိမ် ကိုစီးလျက်၊ လေ၏အဟုန်ဖြင့်လျင်မြန်စွာကြွလာတော်မူ၏။
In sedeč na kerubih leti, in plava na vétrovih perotih.
11 ၁၁ ကိုယ်တော်သည်မိမိကိုယ်ကိုအမှောင်ဖြင့် ဖုံးလွှမ်းတော်မူ၏။ ကိုယ်တော်၏ပတ်လည်တွင်ရေဖြင့်ပြည့်လျက် ထူထပ်သောမိုးတိမ်များရှိ၏။
Temo si napravi v zavetje svoje, okolo sebe za šator svoj; temotne vode, gošče gornjih oblakov.
12 ၁၂ ကိုယ်တော်၏ရှေ့တော်တွင်မိုးသီးနှင့်မီးလျှံ များသည် လျှပ်စစ်ပြက်ရာမှပေါ်ထွက်လာလျက်၊ မဲမှောင်နေသောမိုးတိမ်များကိုထွင်းဖောက်၍ ကျလာ၏။
Od svita pred njim prehajajo gosti oblaki njegovi, toča in žarjavica ognjena.
13 ၁၃ ကိုယ်တော်သည်ကောင်းကင်မှမိုးချုန်းတော်မူ၏။ အမြင့်မြတ်ဆုံးဖြစ်တော်မူသောအရှင်၏ အသံတော်ထွက်ပေါ်လာ၏။
Na nebesih grmi Gospod in z višave izhaja glas njegov, toča in žarjavica ognjena.
14 ၁၄ ကိုယ်တော်သည်မြားတော်တို့ကိုပစ်လွှတ်တော် မူလျက် ရန်သူများကိုကွဲလွင့်စေတော်မူ၏။ လျှပ်စစ်ပြက်စေတော်မူလျက်သူတို့အား ထွက်ပြေးစေတော်မူ၏။
Tako proži pušice svoje, razsipa jih in strele meče ter jih podi.
15 ၁၅ အို ထာဝရဘုရား၊ ကိုယ်တော်သည်ရန်သူတို့အားအမျက် ထွက်လျက် ဟိန်းသံဖြင့်ဆုံးမတော်မူလိုက်သောအခါ သမုဒ္ဒရာ အောက်ခံမြေသည်လည်းကောင်း၊ကမ္ဘာမြေကြီး၏ အခြေခံအုတ်မြစ်များသည်လည်းကောင်း ပွင့်လစ်ပေါ်ထွက်လာကုန်၏။
Prikazujejo se tudi najnižje struge vodâ, in razgrinjajo se podloge vesoljne zemlje od hudovanja tvojega, Gospod, od sape tvojega nosú.
16 ၁၆ ထာဝရဘုရားသည်ကောင်းကင်ဘုံမှ လက်တော်ကိုဆန့်တော်မူပြီးလျှင် ငါ့ကိုကိုင်ဆွဲတော်မူ၍ရေနက်ကြီးထဲမှ ငါ့ကိုဆယ်တင်တော်မူ၏။
Iz višine poseže ter me potegne gor, izvleče me iz mnogih vodâ.
17 ၁၇ ကိုယ်တော်သည်ငါပြိုင်၍မရနိုင်သည့် အင်အားကြီးသောရန်သူများ၏လက်မှ လည်းကောင်း၊ ငါ့ကိုမုန်းသောသူအပေါင်းတို့လက်မှလည်းကောင်း ငါ့ကိုကယ်တော်မူ၏။
Reši me neprijatelja mojega močnejšega, in sovražnikov mojih, ko so krepkejši od mene.
18 ၁၈ ငါဒုက္ခရောက်သောအခါသူတို့သည် ငါ့ကိုတိုက်ခိုက်ကြ၏။ သို့သော်လည်းထာဝရဘုရားသည်ငါ့ကို ကွယ်ကာစောင့်ရှောက်တော်မူ၏။
Srečujejo me ob času nadloge moje, tedaj mi je za palico Gospod:
19 ၁၉ ငါဘေးရောက်သောအခါကိုယ်တော်သည် ငါ့ကိုကူမတော်မူ၏။ ငါ့ကိုနှစ်သက်တော်မူသဖြင့်ကယ်တော်မူ၏။
In izpelje me na prosto; reši me, ker me ima rad.
20 ၂၀ ငါသည်မှန်ရာကိုပြုသဖြင့်ကိုယ်တော်သည် ငါ့အားကောင်းကျိုးကိုချပေးတော်မူ၏။ ငါသည်အပြစ်ကင်းသူဖြစ်၍ကောင်းချီး ပေးတော်မူ၏။
Podeljuje mi Gospod po pravičnosti moji; po čistosti mojih rok mi povrača.
21 ၂၁ ငါသည်ထာဝရဘုရား၏ပညတ်တော်ကို လိုက်လျှောက်ခဲ့၏။ ငါ၏ဘုရားထံတော်မှရှောင်ခွာ၍မသွား ခဲ့ပါ။
Ker se držim potov Gospodovih, ter se ne obračam krivično od svojega Boga;
22 ၂၂ ငါသည်ကိုယ်တော်၏ပညတ်တော်ရှိသမျှကို စောင့်ထိန်းခဲ့၏။ ကိုယ်တော်၏အမိန့်တော်တို့ကိုမဖီဆန်ခဲ့ပါ။
Ker so vse sodbe njegove pred mojimi očmi; in postav njegovih ne odvračam od sebe:
23 ၂၃ ငါသည်အပြစ်မဲ့သူဖြစ်ကြောင်းကိုလည်း ကောင်း၊ ဒုစရိုက်ရှောင်ကြဉ်ကြောင်းကိုလည်းကောင်း ကိုယ်တော်သိတော်မူ၏။
Ker sem pošten pred njim, in se varujem, da ne ravnam krivično.
24 ၂၄ ငါသည်အပြစ်ကင်းသူဖြစ်ကြောင်းကို သိတော်မူသဖြင့်လည်းကောင်း၊ ငါသည်တရားမျှတစွာပြုကျင့်သဖြင့် လည်းကောင်း ကိုယ်တော်သည်ငါ့အားကောင်းကျိုးကို ပေးသနားတော်မူ၏။
Povrača mi Gospod po pravičnosti moji; po čistosti mojih rok pred njegovimi očmi.
25 ၂၅ အို ထာဝရဘုရား၊ ကိုယ်တော်သည်သစ္စာရှိသူတို့အား သစ္စာစောင့်တော်မူ၏။ အပြစ်ဆိုဖွယ်မရှိအောင်ကောင်းမြတ်သူတို့ အား အကြွင်းမဲ့ကျေးဇူးပြုတော်မူတတ်ပါ၏။
Z dobrotljivim izkazuješ se dobrotljivega, s poštenim možem izkazuješ se poštenega.
26 ၂၆ စိတ်နှလုံးဖြူစင်သူတို့အားဖြူစင်သော စိတ်သဘောထားကိုလည်းကောင်း၊ သူယုတ်မာတို့အားရန်လိုသောစိတ်သဘော ကိုလည်းကောင်းပြတော်မူပါ၏။
S čistim kažeš se čistega, ali popačenemu nasprotuješ.
27 ၂၇ ကိုယ်တော်သည်စိတ်နှလုံးနှိမ့်ချသူတို့အား ကယ်တော်မူပါ၏။ သို့ရာတွင်မာနထောင်လွှားသူတို့ကိုမူ နိမ့်ကျစေတော်မူပါ၏။
Ker ti otimaš ljudstvo ubogo, prevzetne pa oči ponižuješ.
28 ၂၈ အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား အလင်းကို ပေးတော်မူပါ၏။ ကျွန်တော်မျိုး၏မှောင်မိုက်ကိုပျောက်လွင့် စေတော်မူပါ၏။
Dà, svetilo moje razsvetljuješ; Gospod, moj Bog razjasnjuje moje temé.
29 ၂၉ ရန်သူများကိုတိုက်ခိုက်ရန်ခွန်အားကို လည်းကောင်း၊ သူတို့၏တပ်များကိုဖြိုခွင်းရန် တန်ခိုးကိုလည်းကောင်း၊ ကျွန်တော်မျိုးအားပေးတော်မူပါ၏။
S teboj namreč prodiram skozi krdelo, in z Bogom svojim preskakujem zid.
30 ၃၀ ဤဘုရားပြုတော်မူသောအမှုတို့သည် ပြီးပြည့်စုံလင်ပေ၏။ ကိုယ်တော်၏စကားတော်တို့သည်လည်း ယုံကြည်စိတ်ချထိုက်ပါပေသည်တကား။ ကိုယ်တော်သည်မိမိထံတွင်ခိုလှုံသူ အပေါင်းတို့အတွက်ဒိုင်းလွှားသဖွယ်ဖြစ် တော်မူ၏။
Tega Boga mogočnega pot je poštena; govor Gospodov ves čist; ščit je vsem, kateri pribegajo k njemu.
31 ၃၁ ထာဝရဘုရားသည်သာလျှင်ဘုရားဖြစ် တော်မူ၏။ ဘုရားသခင်သည်သာလျှင်ငါတို့ကွယ်ကာရာ ဖြစ်တော်မူ၏။
Ker kdo je Bog razen Gospod? in kdo skala razen naš Bog?
32 ၃၂ ကိုယ်တော်သည်ငါ့ကိုသန်စွမ်းစေတော်မူသော ဘုရား၊ ငါလိုက်လျှောက်ရာခရီးလမ်းကိုဘေးမဲ့လုံခြုံ စေတော်မူသောဘုရားဖြစ်တော်မူ၏။
Ta je Bog mogočni, ki me opasuje z močjo, in dela pošteno mojo pot:
33 ၃၃ ကိုယ်တော်သည်ငါ့ခြေကိုသမင်ခြေကဲ့သို့ မြဲမြံစေတော်မူ၏။ တောင်များပေါ်တွင်ငါ့ကိုဘေးမဲ့လုံခြုံစွာ ထားတော်မူ၏။
Storivši noge moje kakor jelenom, da me stavi na višino mojo;
34 ၃၄ အသန်ဆုံးသောလေးကိုတင်နိုင်ရန်ငါ့အား စစ်ပွဲအတွက်လေ့ကျင့်ပေးတော်မူ၏။
Boja uči roke moje; tako da zlomi lok jekleni roka moja.
35 ၃၅ အို ထာဝရဘုရား၊ ကိုယ်တော်သည်ကျွန်တော်မျိုးအားကွယ်ကာ စောင့်ရှောက်၍ကယ်တော်မူပါ၏။ ကိုယ်တော်ရှင်ကြည့်ရှုပြုစုတော်မူသဖြင့် ကျွန်တော်မျိုးသည်ကြီးမြင့်လာရပါ၏။ ကိုယ်တော်၏တန်ခိုးတော်အားဖြင့်ဘေးမဲ့ လုံခြုံစွာ နေရပါ၏။
Ker daješ mi ščit blaginje svoje, in desnica tvoja me podpira, in krotkost tvoja me povišuje.
36 ၃၆ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား အဖမ်းမခံရအောင်ကွယ်ကာတော်မူ၏။ ကျွန်တော်မျိုးသည်လည်းအဘယ်အခါ၌မျှ အရေးမရှုံးနိမ့်ခဲ့ပါ။
Hoji moji razširjaš prostor moj; in členki mojih nog ne omahujejo.
37 ၃၇ ကျွန်တော်မျိုးသည်ရန်သူများကိုလိုက်လံ ဖမ်းဆီးပါ၏။ သူတို့အားနှိမ်နင်းနိုင်သည့်အထိမရပ် မနားပါ။
Sovražnike svoje podim in dohajam jih; in ne povrnem se, dokler jih nisem uničil.
38 ၃၈ သူတို့အားကျွန်တော်မျိုးထိုးနှက်တိုက်ခိုက် လိုက်သောအခါသူတို့သည်မထနိုင်ကြ တော့ပါ။ ကျွန်တော်မျိုး၏ခြေရင်းတွင်လဲ၍ အညံ့ခံကြရပါ၏။
Zdrobim jih tako, da ne morejo več vstati, padajoč pod noge moje.
39 ၃၉ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားစစ်ပွဲ ဝင်နိုင်ရန် ခွန်အားကိုပေးတော်မူ၏။ ရန်သူများအားအောင်မြင်ခွင့်ကိုလည်း ပေးတော်မူပါ၏။
Opasuješ me namreč z močjo za vojsko; pod me podiraš nje, ki se spenjajo zoper mene.
40 ၄၀ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ထံမှရန်သူ များကို ထွက်ပြေးစေတော်မူပါ၏။ ကျွန်တော်မျိုးသည်လည်းမိမိကိုမုန်းသူတို့အား ချေမှုန်းသုတ်သင်ပစ်ပါ၏။
In neprijateljev mojih tilnik mi podajaš; da ugonobim sovražnike svoje.
41 ၄၁ သူတို့သည်``ကယ်တော်မူပါ'' ဟု အော်ဟစ်ကြသော်လည်း၊သူတို့အား အဘယ်သူမျှမကယ်နိုင်ပါ။ သူတို့သည်ထာဝရဘုရားကို လျှောက်ထားကြသော်လည်းကိုယ်တော်သည် သူတို့အားထူးတော်မမူပါ။
Vpijejo, a ni ga, da jih reši; h Gospodu, a ne usliši jih.
42 ၄၂ လေတိုက်၍လွင့်ပါသွားသောမြေမှုန့်သဖွယ် ဖြစ်စေရန် သူတို့အားကျွန်တော်မျိုးချေမှုန်းပါ၏။ လမ်းများပေါ်မှရွှံ့သဖွယ်သူတို့အား ကျွန်တော်မျိုးကျော်နင်းပါ၏။
Zatorej jih razmeljem kakor prah pred vetrom; kakor blato na ulicah jih drobim.
43 ၄၃ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား ပုန်ကန်သူတို့၏ဘေးမှကယ်တော်မူ၍ လူမျိုးတကာတို့ကိုအုပ်စိုးစေတော်မူပါ၏။ ကျွန်တော်မျိုးသည်မိမိမသိဘူးသောလူ များကို ယခုအခါ၌အုပ်စိုးခွင့်ရပါ၏။
Oproščaš me prepirov ljudstva; staviš me narodom na čelo; ljudstvo, katerega nisem poznal, služi mi:
44 ၄၄ လူမျိုးခြားတို့သည်ကျွန်တော်မျိုး၏ရှေ့တွင် ဦးညွှတ်ပျပ်ဝပ်ကြပါ၏။ သူတို့သည်ကျွန်တော်မျိုး၏အမိန့်ကို ကြားသောအခါနာခံကြပါ၏။
Na sluh ušesa so mi pokorni; tujci se mi udajajo lažnjivo;
45 ၄၅ သူတို့သည်ရဲစွမ်းသတ္တိမရှိကြတော့ဘဲမိမိ တို့၏ ရဲတိုက်များမှတုန်လှုပ်လျက်ထွက်လာကြပါ၏။
Tujci padajo in pritrepetavajo iz gradov svojih.
46 ၄၆ ထာဝရဘုရားသည်အသက်ရှင်တော်မူ၏။ ငါ့အားကွယ်ကာတော်မူသောအရှင်ကို ထောမနာပြုကြလော့။ ငါ့ကိုကယ်တင်တော်မူသောထာဝရဘုရား ကြီးမြတ်တော်မူကြောင်းကိုကြွေးကြော် ကြလော့။
Gospod živi in blagoslovljena skala moja; zatorej naj se povišuje Bog blaginje moje.
47 ၄၇ ကိုယ်တော်သည်ငါ့အားရန်သူများကို အောင်မြင်ခွင့်ပေးတော်မူ၏။ လူမျိုးတကာတို့ကိုငါ၏လက်အောက်သို့ ရောက်စေတော်မူလျက်၊
Bog ta mogočni, ki mi daje maščevanje, in spravlja ljudstva pód me;
48 ၄၈ ရန်သူများ၏လက်မှငါ့ကိုကယ်တော်မူ၏။ အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားရန်သူ များကို အောင်မြင်ရသောအခွင့်ကိုပေးတော်မူ၏။ အကြမ်းဖက်သူတို့၏ဘေးမှကျွန်တော်မျိုးကို ကွယ်ကာတော်မူပါ၏။
Rešuje me sovražnikov mojih; tudi nad nje, ki se spenjajo zoper mene, povzdignil si me; možu silovitemu si me iztrgal.
49 ၄၉ သို့ဖြစ်၍ကျွန်တော်မျိုးသည်လူမျိုးတကာတို့၏ ရှေ့တွင်ကိုယ်တော်ရှင်အားထောမနာပြုပါမည်။ ကိုယ်တော်အားထောမနာပြုသော သီချင်းကိုဆိုပါမည်။
Zatorej te bodem slavil med narodi, Gospod, in prepeval bodem tvojemu imenu:
50 ၅၀ ဘုရားသခင်သည်မိမိခန့်ထားတော်မူသော ဘုရင်အားအောင်ပွဲကြီးများခံစေတော်မူ၏။ ကိုယ်တော်ဘိသိက်ပေးတော်မူသောဒါဝိဒ်မှစ၍ သူ၏သားမြေးများအားခိုင်မြဲသောမေတ္တာ တော်ကို ကာလအစဉ်အဆက်ပြတော်မူ၏။
Da veliko blaginjo vsakoršno podeljuješ svojemu kralju, in izkazuješ milost maziljencu svojemu, Davidu in semenu njegovemu na veke.