< ဆာလံ 17 >
1 ၁ အို ထာဝရဘုရား၊ တရားမျှတမှုရရန်အတွက်ကျွန်တော်မျိုး ပန်ကြားသည်ကိုနားထောင်တော်မူပါ။ ကူမတော်မူရန်ကျွန်တော်မျိုးအော်ဟစ်သံကို ဂရုပြုတော်မူပါ။ ကျွန်တော်မျိုးသည်ရိုးဖြောင့်စွာ တောင်းလျှောက်သည်ဖြစ်၍ ကျွန်တော်မျိုး၏ဆုတောင်းပတ္ထနာကို နားထောင်တော်မူပါ။
၁အိုထာဝရဘုရား ၊ တရား သော ဘက်မှာနေ၍ အကျွန်ုပ် အော်ဟစ် ခြင်းကို မှတ် တော်မူပါ။ မ လှည့်စား တတ်သော နှုတ် နှင့် ဆုတောင်းသော ပဌနာ စကားကို နားထောင် တော်မူပါ။
2 ၂ ကိုယ်တော်သည်အမှန်တရားကိုသိမြင်တော် မူသဖြင့် ကျွန်တော်မျိုး၏အကျိုးကိုထောက်၍ တရားစီရင်တော်မူပါ။
၂ကိုယ်တော် တိုင်အကျွန်ုပ် ကို စီရင် ၍ ဖြောင့်မတ် သောအရာကို ထောက်ရှု တော်မူပါ။
3 ၃ ကိုယ်တော်သည်ကျွန်တော်မျိုး၏စိတ်နှလုံးကို သိတော်မူပါ၏။ ညဥ့်အခါ၌ကျွန်တော်မျိုးထံသို့ကြွလာ၍ ကျွန်တော်မျိုး၏စိတ်နှလုံးကိုသေချာစွာ စစ်ဆေးကြည့်တော်မူသောအခါ ဆိုးယုတ်သောအကြံအစည်ကိုတွေ့ရှိတော် မမူပါ။ ကျွန်တော်မျိုးသည်အခြားသူတို့ကဲ့သို့ ညစ်ညမ်းသည့် စကားကိုမပြောမဆိုပါ။ ကိုယ်တော်၏ပညတ်တော်ကိုလိုက်လျှောက်ပါ၏။ အဋ္ဌမ္မလမ်းစဉ်ကိုမလိုက်မလျှောက်ခဲ့ပါ။
၃အကျွန်ုပ် နှလုံး ကို စစ်ဆေး တော်မူပါ။ ညဉ့် အခါ အကျွန်ုပ် ကို အကြည့်အရှု ကြွလာတော်မူပါ။ အကျွန်ုပ်ကို စစ်ကြော သောအခါ အဘယ်အပြစ် ကိုမျှ တွေ့ တော်မ မူ ရာ။ အကျွန်ုပ်အကြံ အစည်သည် အကျွန်ုပ် စကား နှင့် မ ခြားမနားပါ။
၄လူ ပြု တတ်သော အမှုများမှာ ၊ ဖျက်ဆီး တတ် သောသူ ၏လမ်း တို့ကို နှုတ်ကပတ် တော်အားဖြင့် အကျွန်ုပ် ရှောင် ပါပြီ။
5 ၅ ကိုယ်တော်၏လမ်းစဉ်ကိုသာလိုက်လျှောက်ခဲ့ပါ၏။ ထိုလမ်းစဉ်မှမတိမ်းမစောင်းခဲ့ပါ။
၅လမ်း ခရီးတော်၌ အကျွန်ုပ် သွား စဉ်တွင်ခြေ မ ချော် စေခြင်းငှါ ထောက်မ တော်မူပါ။
6 ၆ အို ဘုရားသခင်၊ ကိုယ်တော်ရှင်သည်နားညောင်းတော်မူ တတ်သည်ဖြစ်၍ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အား ဆုတောင်းပတ္ထနာပြုပါ၏။ သို့ဖြစ်၍ကျွန်တော်မျိုးဘက်သို့လှည့်တော်မူ၍ ကျွန်တော်မျိုး၏ပတ္ထနာစကားများကို နားထောင်တော်မူပါ။
၆အိုဘုရား သခင်၊ ကိုယ်တော် သည် နားထောင် တော်မူတတ်သောကြောင့် အကျွန်ုပ် သည် တောင်း လျှောက်ပါ၏။ နား တော်ကို လှည့်၍ အကျွန်ုပ် စကား ကို နာယူ တော်မူပါ။
7 ၇ ကိုယ်တော်၏အံ့သြဖွယ်မေတ္တာတော်ကို ပေါ်လွင်ထင်ရှားစေတော်မူ၍ ကျွန်တော်မျိုးကိုကယ်တင်တော်မူပါ။ ကိုယ်တော်၏ထံတော်ပါးတွင်ကျွန်တော်မျိုးသည် ရန်သူများ၏ဘေးမှကင်းလွတ်လုံခြုံခွင့် ရရှိပါ၏။
၇ကိုယ်တော် ကို ခိုလှုံ သောသူတို့ကို သူပုန် တို့လက် မှ ၊ လက်ျာ လက်တော်အားဖြင့် ကယ်နှုတ် တော်မူသောဘုရား၊ ထူးဆန်း သော မေတ္တာ ကျေးဇူးတော်ကို ပြတော်မူ ပါ။
8 ၈ ကိုယ်တော်၏မျက်ဆန်တော်ကဲ့သို့ကျွန်တော်မျိုးကို စောင့်ရှောက်တော်မူပါ။ သူယုတ်မာတို့၏တိုက်ခိုက်မှုမှကျွန်တော်မျိုးကို ကိုယ်တော်၏အတောင်တော်ရိပ်အောက်၌ ဖုံးအုပ်တော်မူပါ။ အသက်အန္တရာယ်ကိုရှာကြံသောရန်သူများ သည် ကျွန်တော်မျိုးကိုဝိုင်းရံလျက်နေကြပါ၏။
၈
၉အကျွန်ုပ် ကို ညှဉ်းဆဲသောလူဆိုး တည်းဟူသောအကျွန်ုပ် ကို ဝိုင်း ၍သတ် လိုသော ရန်သူ တို့ လက်မှ အကျွန်ုပ် ကို လွှတ်စေခြင်းငှါ ၊ မျက် ဆန် ကဲ့သို့ အကျွန်ုပ် ကို စောင့် မတော်မူပါ။ အတောင် တော်အရိပ် ထဲ မှာ ဖုံး အုပ်တော်မူပါ။
10 ၁၀ သူတို့သည်သနားကြင်နာစိတ်ကင်းမဲ့လျက် မာန်မာနထောင်လွှား၍ပြောဆိုနေကြပါ၏။
၁၀သူ တို့သည် မိမိ တို့ဆူဝ ခြင်းကို ကိုးစား၍ ထောင်လွှား စော်ကားစွာ ပြောဆို ကြပါ၏။
11 ၁၁ သူတို့သည်ကျွန်တော်မျိုးသွားလေရာတွင် ကျွန်တော်မျိုးအားအလဲထိုးရန် စောင့်မျှော်ဝိုင်းရံလျက်နေကြပါ၏။
၁၁အကျွန်ုပ် တို့ သွား သောလမ်းကို ယခု ဝိုင်း မိကြ ပါပြီ။ အကျွန်ုပ် တို့ကို မြေ ပေါ် မှာ လှဲ ခြင်းငှါ မျက်စိ နှင့် ရွယ် ကြပါ၏။
12 ၁၂ သူတို့သည်ခြင်္သေ့များကဲ့သို့ကျွန်တော်မျိုးအား အပိုင်းပိုင်းဆုတ်ဖြဲလိုကြ၍ကျွန်တော်မျိုးကို ချောင်းမြောင်းနေကြပါ၏။
၁၂ဘမ်းမိသောအကောင်ကို စား ချင်အားကြီး သော ခြင်္သေ့ ကဲ့သို့ ၎င်း၊ ဆိတ်ကွယ် ရာအရပ်၌ ချောင်း၍ နေ သောခြင်္သေ့ ပျိုကဲ့သို့ ၎င်း ဖြစ်ကြပါ၏။
13 ၁၃ အို ထာဝရဘုရား၊ ကြွလာတော်မူပါ။ ကျွန်တော်မျိုး၏ရန်သူများကိုတွန်းလှန် ဖြိုခွင်းတော်မူပါ။ ကိုယ်တော်ဋ္ဌားတော်ဖြင့်သူယုတ်မာတို့၏လက်မှ ကျွန်တော်မျိုးအားကယ်တော်မူပါ။
၁၃အိုထာဝရဘုရား ၊ ထ တော်မူပါ။ သူ တို့ကို ဆီးတား ၍ လှဲ ချတော်မူပါ။ မတရား သောသူတို့လက်မှ အကျွန်ုပ် အသက် ကို ထား တော်ဖြင့် ကယ် လွှတ်တော်မူပါ။
14 ၁၄ ဤဘဝတွင်အလိုဆန္ဒရှိသမျှအတိုင်း ပြည့်ဝကြသူတို့၏လက်မှကျွန်တော်မျိုးအား ကယ်တော်မူပါ။ သူတို့အတွက်ကိုယ်တော်သိုမှီးထားသည့် ဆင်းရဲဒုက္ခများအားဖြင့် သူတို့အားအပြစ်ဒဏ်စီရင်တော်မူပါ။ ဤဆင်းရဲဒုက္ခများကိုသူတို့၏ သားသမီးများသည်သာမက သူတို့၏မြေးမြစ်များသည်လည်း ခံစားရစေတော်မူပါ။
၁၄အိုထာဝရဘုရား ၊ လောကီ သား ဖြစ်သော ထိုလူ တို့လက်မှ အကျွန်ုပ်အသက် ကို လက် တော်ဖြင့် ကယ်လွှတ်တော်မူပါ။ ထိုသူ တို့သည် ယခုဘဝမှာ မိမိတို့အဘို့ ကိုခံရကြပါ၏။ သူ တို့အလို ကို ဘဏ္ဍာတော်နှင့် ပြည့်စုံ စေ တော်မူ၏။ သူ တို့သားသမီး တို့သည်လည်း ကြွယ်ဝ ၍ ၊ မြေး မြစ်စသည်တို့၌ မိမိ တို့ဥစ္စာ ကို ချန် ထားကြပါ၏။
15 ၁၅ ကျွန်တော်မျိုးသည်အပြစ်မကူးလွန်ခဲ့သဖြင့် ကိုယ်တော်ရှင်ကိုဖူးမြင်ရပါလိမ့်မည်။ ကျွန်တော်မျိုးအိပ်ရာမှနိုးထသောအခါ၌ ကိုယ်တော်ရှင်ကျွန်တော်မျိုးနှင့်အတူရှိတော် မူသဖြင့် ရွှင်လန်းဝမ်းမြောက်ရပါလိမ့်မည်။
၁၅အကျွန်ုပ် မူကား ဖြောင့်မတ် ၍ မျက်နှာ တော်ကို ဖူးမြင် ရပါလိမ့်မည်။ နိုး သောအခါ ပုံသဏ္ဍာန် တော် အားဖြင့်အကျွန်ုပ်အလို ပြည့်စုံရပါလိမ့်မည်။