< ဆာလံ 150 >
1 ၁ ထာဝရဘုရားအားထောမနာပြုကြလော့။ ဗိမာန်တော်တွင်ဘုရားသခင်အား ထောမနာပြုကြလော့။ ကောင်းကင်ထက်တွင်ကိုယ်တော်၏တန်ခိုးတော်အား ထောမနာပြုကြလော့။
Idaydayawyo ni Yahweh. Idaydayawyo ti Dios iti nasantoan a dissona; idaydayawyo isuna kadagiti langit iti pannakabalinna.
2 ၂ ကိုယ်တော်ပြုတော်မူသည့်မဟာ အမှုတော်များအတွက်ကိုယ်တော်အား ထောမနာပြုကြလော့။ အလွန်ကြီးမြတ်တော်မူသည်ဖြစ်၍ ထောမနာပြုကြလော့။
Idaydayawyo isuna gapu kadagiti nabibileg nga ar-aramidna; idaydayawyo isuna gapu iti saan a matukod a kinaindaklanna.
3 ၃ တံပိုးခရာများဖြင့်ကိုယ်တော်အား ထောမနာပြုကြလော့။ စောင်းကြီးစောင်းငယ်များဖြင့်ကိုယ်တော်အား ထောမနာပြုကြလော့။
Idaydayawyo isuna iti uni ti trumpeta; idaydayawyo isuna iti lira ken arpa.
4 ၄ ပတ်သာကိုတီးလျက်၊ကခုန်လျက်ကိုယ်တော်အား ထောမနာပြုကြလော့။ စောင်းများ၊ပြွေများဖြင့်ကိုယ်တော်အား ထောမနာပြုကြလော့။
Idaydayawyo isuna kadagiti pandereta ken salsala; idaydayawyo isuna kadagiti nakuerdasan nga instrumento ken flauta.
5 ၅ သံလွင်များကိုတီး၍ကိုယ်တော်အား ထောမနာပြုကြလော့။ လင်းကွင်းကြီးများကိုတီး၍ကိုယ်တော်အား ထောမနာပြုကြလော့။
Idaydayawyo isuna kadagiti napipigsa a piangpiang; idaydayawyo isuna iti napipigsa nga aweng dagiti piangpiang.
6 ၆ သက်ရှိသတ္တဝါအပေါင်းတို့၊ထာဝရဘုရားအား ထောမနာပြုကြလော့။ ထာဝရဘုရားအားထောမနာပြုကြလော့။ ဒါဝိဒ်မင်းကြီးနှင့်ရှင်အာသပ်အစရှိသော ပရောဖက်များတို့ရေးထားသောဆာလံကျမ်း ပြီး၏။
Ami nga adda angesna ket idaydayawda ni Yahweh. Idaydayawyo ni Yahweh.