< ဆာလံ 150 >
1 ၁ ထာဝရဘုရားအားထောမနာပြုကြလော့။ ဗိမာန်တော်တွင်ဘုရားသခင်အား ထောမနာပြုကြလော့။ ကောင်းကင်ထက်တွင်ကိုယ်တော်၏တန်ခိုးတော်အား ထောမနာပြုကြလော့။
Hallelujah. Praise God in His sanctuary; praise Him in the firmament of His power.
2 ၂ ကိုယ်တော်ပြုတော်မူသည့်မဟာ အမှုတော်များအတွက်ကိုယ်တော်အား ထောမနာပြုကြလော့။ အလွန်ကြီးမြတ်တော်မူသည်ဖြစ်၍ ထောမနာပြုကြလော့။
Praise Him for His mighty acts; praise Him according to His abundant greatness.
3 ၃ တံပိုးခရာများဖြင့်ကိုယ်တော်အား ထောမနာပြုကြလော့။ စောင်းကြီးစောင်းငယ်များဖြင့်ကိုယ်တော်အား ထောမနာပြုကြလော့။
Praise Him with the blast of the horn; praise Him with the psaltery and harp.
4 ၄ ပတ်သာကိုတီးလျက်၊ကခုန်လျက်ကိုယ်တော်အား ထောမနာပြုကြလော့။ စောင်းများ၊ပြွေများဖြင့်ကိုယ်တော်အား ထောမနာပြုကြလော့။
Praise Him with the timbrel and dance; praise Him with stringed instruments and the pipe.
5 ၅ သံလွင်များကိုတီး၍ကိုယ်တော်အား ထောမနာပြုကြလော့။ လင်းကွင်းကြီးများကိုတီး၍ကိုယ်တော်အား ထောမနာပြုကြလော့။
Praise Him with the loud-sounding cymbals; praise Him with the clanging cymbals.
6 ၆ သက်ရှိသတ္တဝါအပေါင်းတို့၊ထာဝရဘုရားအား ထောမနာပြုကြလော့။ ထာဝရဘုရားအားထောမနာပြုကြလော့။ ဒါဝိဒ်မင်းကြီးနှင့်ရှင်အာသပ်အစရှိသော ပရောဖက်များတို့ရေးထားသောဆာလံကျမ်း ပြီး၏။
Let every thing that hath breath praise the LORD. Hallelujah.