< ဆာလံ 149 >
1 ၁ ထာဝရဘုရားအားထောမနာပြုကြ လော့။ ထာဝရဘုရားသခင်၏ရှေ့တော်၌ သီချင်းသစ်ကိုဆိုကြလော့။ ကိုယ်တော်အားသစ္စာစောင့်သူတို့စုဝေး ရာတွင် ကိုယ်တော်အားထောမနာပြုကြလော့။
၁ထာဝရဘုရား ရှေ့ တော်၌ အသစ် သောသီချင်း ကို ဆို ၍၊ သန့်ရှင်း သူတို့ စည်းဝေး ရာ၌ ဂုဏ် တော်ကို ချီးမွမ်း ကြလော့။
2 ၂ ဣသရေလအမျိုးသားတို့၊ သင်တို့ကိုဖန်ဆင်းတော်မူသောအရှင်ကို အကြောင်းပြု၍ဝမ်းမြောက်ကြလော့။
၂ဣသရေလ အမျိုးသည် မိမိ ကိုဖန်ဆင်း တော်မူသောဘုရားကိုအမှီပြု ၍ ဝမ်းမြောက် စေ။ ဇိအုန် သား တို့သည် မိမိ တို့ရှင် ဘုရင်ကို အမှီပြု ၍ ရွှင်လန်း ကြစေ။
3 ၃ ဇိအုန်မြို့သူမြို့သားတို့၊သင်တို့၏ဘုရင်ကို အကြောင်းပြု၍ရွှင်မြူးကြလော့။ ကခုန်လျက်ကိုယ်တော်၏နာမတော်အား ထောမနာပြုကြလော့။ ပတ်သာနှင့်စောင်းများကိုတီး၍ကိုယ်တော်အား ထောမနာပြုကြလော့။
၃သူတို့သည် ကခုန် လျက် နာမတော် ကို ချီးမွမ်း ကြစေ။ ပတ်သာ နှင့် စောင်း ကို တီးလျက် ထောမနာ သီချင်း ဆိုကြစေ။
4 ၄ ထာဝရဘုရားသည်မိမိ၏လူစုတော်အား နှစ်သက်တော်မူ၏။ နိမ့်ကျသူတို့အားအောင်ပွဲခံစေခြင်းအားဖြင့် ချီးမြှင့်တော်မူ၏။
၄အကြောင်း မူကား၊ ထာဝရဘုရား သည် မိမိ လူစု ကို နှစ်သက် တော်မူ၏။ စိတ် နှိမ့်ချသောသူတို့ကို ကယ်တင် ခြင်းအားဖြင့် အသရေ တင့်တယ်စေတော်မူ၏။
5 ၅ ထာဝရဘုရား၏လူစုတော်သည်စစ်ပွဲနိုင် သဖြင့် ရွှင်မြူးကြစေ။ အိပ်စက်ရာပေါ်မှာဝမ်းမြောက်စွာသီချင်းဆိုကြစေ။
၅သန့်ရှင်း သူတို့သည် ဘုန်းကြီး ၍ ဝမ်းမြောက် ဝမ်းသာကြစေ။ ကျိန်းဝပ် ရာပေါ် မှာ ရွှင်လန်းစွာ သီချင်း ဆိုကြစေ။
6 ၆ တိုင်းနိုင်ငံအပေါင်းကိုနှိမ်နင်း၍ လူမျိုးတကာတို့အားဒဏ်ခတ်ကြရန်လည်းကောင်း၊ သူတို့၏ဘုရင်များအားသံကြိုးဖြင့်ချည်နှောင်ကာ သူတို့၏ခေါင်းဆောင်များကိုသံခြေကျင်း ခတ်ကြရန်လည်းကောင်း၊ ဘုရားသခင်၏အမိန့်တော်အရတိုင်းနိုင်ငံတို့ကို ဒဏ်ခတ်ရန်လည်းကောင်း ဘုရားသခင်၏လူစုတော်သည်ထက်မြက်သော သံလျက်ကိုလက်တွင်ကိုင်ထားကြစေ။ ဤကားဘုရားသခင်လူစုတော်၏ အောင်ပွဲပင်ဖြစ်သတည်း။ ထာဝရဘုရားအားထောမနာပြုကြလော့။
၆တပါးအမျိုးသား တို့အား တရားအတိုင်း အပြစ် ပေး ၍၊ လူစု တို့အား ဒဏ်ခတ် ခြင်းငှါ၎င်း၊
၇သူ တို့၏ ရှင် ဘုရင်များကို သံကြိုး နှင့် ချည်နှောင် ၍၊ မှူးမတ် များ ကို သံ ခြေချင်း ခတ်ခြင်းငှါ ၎င်း၊
၈ကျမ်းစာ ၌မှတ်သားသော အပြစ် စီရင်ခြင်းကိုသူ တို့အား ပြု ခြင်းငှါ ၎င်း၊ သန့်ရှင်းသူတို့သည် ဘုရား သခင်၏ဂုဏ် တော်ကို နှုတ် နှင့် ချီးမွမ်း၍၊ သန်လျက် ကို လက် နှင့် ကိုင်ကြစေ။
၉ထာဝရ ဘုရား၏ သန့်ရှင်း သူအပေါင်း တို့သည် ထိုသို့သော ဘုန်း နှင့်ဆိုင်ကြ၏။ ဟာလေလုယ ။