< ဆာလံ 148 >
1 ၁ ထာဝရဘုရားအားထောမနာပြုကြလော့။ အထက်ဘဝဂ်ဝယ်နေထိုင်သူတို့၊ကောင်းကင် ဘုံမှ ထာဝရဘုရားအားထောမနာပြုကြလော့။
Алілуя!
2 ၂ ကောင်းကင်တမန်အပေါင်းတို့၊ ကောင်းကင်ဗိုလ်ခြေအပေါင်းတို့၊ကိုယ်တော်အား ထောမနာပြုကြလော့။
Хваліте Його, всі Його Анголи́, хваліте Його, усі ві́йська Його́:
3 ၃ နေနှင့်လတို့၊ကိုယ်တော်အားထောမနာပြု ကြလော့။ ထွန်းတောက်သောကြယ်တာရာတို့၊ကိုယ်တော် အား ထောမနာပြုကြလော့။
Хваліте Його, сонце й місяцю, хваліте Його, усі зо́рі ясні́!
4 ၄ ကောင်းကင်ဘဝဂ်နှင့်ကောင်းကင်အထက်ရှိ ရေများ တို့၊ ကိုယ်တော်အားထောမနာပြုကြလော့။
Хваліте Його, небеса́ із небе́с, та води, що над небеса́ми!
5 ၅ ထိုအရာရှိသမျှတို့သည်ထာဝရ ဘုရား၏ နာမတော်အားထောမနာပြုကြစေ။ ကိုယ်တော်သည်အမိန့်ပေးတော်မူ၍ယင်း တို့ကို ဖန်ဆင်းတော်မူ၏။
Нехай Господа хвалять вони, бо Він наказа́в, — і створились вони,
6 ၆ ကိုယ်တော်၏အမိန့်တော်အရယင်းတို့သည် မိမိတို့သက်ဆိုင်ရာနေရာများတွင်အစဉ် အမြဲ တည်နေရကြ၏။ ယင်းတို့သည်အမိန့်တော်ကိုမလွန်ဆန်နိုင်ကြ။
Він їх поставив на вічні віки́, дав нака́за, — і не пересту́плять його!
7 ၇ မြွေနဂါးများနှင့်ရေနက်ရာအရပ်အပေါင်းတို့၊ လျှပ်စစ်လျှပ်နွယ်နှင့်မိုးသီးတို့၊ မိုးပွင့်နှင့်မိုးတိမ်တို့၊ကိုယ်တော်၏အမိန့်တော်ကို နာခံသည့်လေပြင်းမုန်တိုင်းတို့၊ ကမ္ဘာမြေကြီးမှနေ၍ထာဝရဘုရားအား ထောမနာပြုကြလော့။
Хваліть Господа та́кож з землі: риби великі й безо́дні усі,
огонь та град, сніг та туман, вітер бурхли́вий, що виконує слово Його́,
9 ၉ တောင်ကုန်းများနှင့်တောင်ရိုးတို့၊သစ်သီးပင် များနှင့် သစ်တောတို့တိရစ္ဆာန်ယဉ်နှင့်တိရစ္ဆာန်ရိုင်းတို့၊ တွားတတ်သောသတ္တဝါနှင့်ငှက်တို့၊ကိုယ်တော် အား ထောမနာပြုကြလော့။
го́ри та па́гірки всі, плідне дерево та всі кедри́ни,
звірина́ й вся худо́ба, все плазу́юче та пта́ство крилате,
11 ၁၁ ဘုရင်များနှင့်လူမျိုးအပေါင်းတို့၊ မင်းညီမင်းသားများနှင့်အုပ်ချုပ်သူအပေါင်း တို့၊ ပျိုရွယ်သူအမျိုးသားနှင့်အမျိုးသမီးတို့၊ လူအိုနှင့်ကလေးသူငယ်တို့၊ကိုယ်တော်အား ထောမနာပြုကြလော့။
зе́мні царі й всі наро́ди, князі та всі су́дді землі,
юнаки́ та дівиці, старі ра́зом із ді́тьми, —
13 ၁၃ ယင်းတို့သည်ထာဝရဘုရား၏နာမတော် အား ထောမနာပြုကြစေ။ ကိုယ်တော်၏နာမတော်သည်နာမရှိသမျှထက် ကြီးမြတ်တော်မူ၏။ ကိုယ်တော်၏ဘုန်းအသရေတော်သည် ကမ္ဘာမြေကြီးနှင့်ကောင်းကင်အထက် ၌ရှိ၏။
нехай усі хвалять Господнє Ім'я́, бо Його́ тільки Йме́ння звели́чилось, вели́чність Його на землі й небеса́х!
14 ၁၄ ကိုယ်တော်သည်မိမိ၏လူစုတော်၊ မိမိချစ်မြတ်နိုးတော်မူလှသည့်ဣသရေလ အမျိုးသားတို့အား ခွန်အားကြီးမားစေတော်မူသဖြင့်ထိုသူ တို့သည် ကိုယ်တော်အားထောမနာပြုကြ၏။ ထာဝရဘုရားအားထောမနာပြုကြလော့။
Він рога народу Своє́му підні́с! Слава всім богобійним Його́, ді́тям Ізра́їлевим, наро́дові, що до Нього близьки́й! Алілуя!