< ဆာလံ 146 >

1 ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​လော့။ အို ငါ့​ဝိ​ညာဉ်၊ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ ပြု​လော့။
Mou fakamālō kia Sihova. Fakamālō kia Sihova, ʻE hoku laumālie.
2 ငါ​သည်​အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ်​လုံး ကိုယ်​တော်​အား​ထော​မ​နာ​ပြု​မည်။ တစ်​သက်​ပတ်​လုံး​ငါ​၏​ဘု​ရား​အား​ထော​မ​နာ သီ​ချင်း​ဆို​မည်။
Te u fakamālō kia Sihova ʻi heʻeku kei moʻui: te u hiva fakamālō ki hoku ʻOtua ʻi he lolotonga ʻo ʻeku moʻui.
3 လူ​တို့​၏​ခေါင်း​ဆောင်​များ​ကို​မ​ကိုး​စား​ကြ​နှင့်။ အ​ဘယ်​လူ​သား​မျှ​သင်​တို့​ကို​မ​ကယ်​တင်​နိုင်။
‌ʻOua naʻa mou falala ki he ngaahi ʻeiki, pe ki he foha ʻoe tangata, ʻaia ʻoku ʻikai ha fakamoʻui ʻiate ia.
4 သူ​တို့​သည်​သေ​သော​အ​ခါ​မြေ​သို့​ပြန်​ကြ​ရ​၍ သူ​တို့​၏​အ​ကြံ​အ​စည်​ပျက်​ပြား​ရ​ကြ​၏။
‌ʻOku mole atu ʻene mānava, pea ʻoku foki ia ki he kelekele; ʻoku mole ai ʻi he ʻaho ko ia ʻene ngaahi mahalo.
5 ယာ​ကုပ်​၏​ဘု​ရား​သ​ခင်​ကူ​မ​တော်​မူ​ခြင်း​ကို ခံ​ရ​သော​သူ၊ မိ​မိ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို အား​ကိုး​သော​သူ​သည်​မင်္ဂလာ​ရှိ​၏။
‌ʻOku monūʻia ia ʻaia ʻoku ne maʻu ʻae ʻOtua ʻo Sēkope ko hono tokoni, pea ko ʻene ʻamanaki lelei ʻoku ʻia Sihova ko hono ʻOtua:
6 ကိုယ်​တော်​သည်​ကောင်း​ကင်၊ကမ္ဘာ​မြေ​ကြီး ပင်​လယ်​နှင့်​တ​ကွ​ယင်း​တို့​တွင်​ရှိ​သ​မျှ​သော အ​ရာ​တို့​ကို​ဖန်​ဆင်း​တော်​မူ​၏။ ကိုယ်​တော်​သည်​သစ္စာ​တော်​ကို​အ​စဉ်​အ​မြဲ စောင့်​တော်​မူ​၏။
‌ʻAia naʻa ne ngaohi ʻae langi, mo māmani, ʻae tahi mo e meʻa kotoa pē ʻoku ʻi ai: pea ʻoku ne tauhi ʻae moʻoni ʻo lauikuonga:
7 ကိုယ်​တော်​သည်​ဖိ​နှိပ်​ညှဉ်း​ဆဲ​ခြင်း​ခံ​ရ​သူ တို့​အား မျက်​နှာ​သာ​ပေး​၍​စီ​ရင်​ချက်​ချ​မှတ်​တော်​မူ​လျက် ငတ်​မွတ်​သူ​တို့​ကို​ကျွေး​မွေး​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​အ​ကျဉ်း​ကျ​နေ​သူ​တို့​အား လွတ်​မြောက်​စေ​တော်​မူ​၍
‌ʻAia ʻoku ne fai ʻae fakamaau koeʻuhi ko e kakai fakamālohia: ʻoku ne foaki ʻae meʻakai ki he fiekaia. ʻOku vete ʻe Sihova ʻae kau pōpula:
8 မျက်​မ​မြင်​တို့​အား​မျက်​စိ​မြင်​စေ​တော်​မူ​၏။ လဲ​ကျ​နေ​သူ​အ​ပေါင်း​တို့​ကို​ကူ​မ​တော်​မူ​၏။ ကိုယ်​တော်​သည်​ဖြောင့်​မတ်​သော​သူ​တို့​ကို ချစ်​တော်​မူ​၏။
‌ʻOku fakaʻā ʻe Sihova ʻae kui: ʻoku fokotuʻu ʻe Sihova ʻakinautolu kuo mapelu ki lalo: ʻoku ʻofa ʻa Sihova ki he angatonu:
9 ကိုယ်​တော်​သည်​ဣသ​ရေ​လ​ပြည်​တွင်​နေ ထိုင်​သော တိုင်း​တစ်​ပါး​သား​တို့​အား ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​၍​မု​ဆိုး​မ​နှင့် မိ​ဘ​မဲ့​သူ​တို့​ကို​ကူ​မ​တော်​မူ​၏။ သို့​ရာ​တွင်​သူ​ယုတ်​မာ​တို့​ကို​မူ​ပျက်​စီး​ဆုံး​ရှုံး စေ​တော်​မူ​၏။
‌ʻOku fakamoʻui ʻe Sihova ʻae kakai muli; ʻoku ne fakafiemālieʻi ʻae tamai mate mo e fefine kuo mate hono husepāniti: ka ko e hala ʻoe angahala ʻoku ne fulihi ia.
10 ၁၀ ထာ​ဝ​ရ​ဘု​ရား​သည်​ထာ​ဝ​စဉ်​ဘု​ရင် ဖြစ်​တော်​မူ​လိမ့်​မည်။ အို ဇိ​အုန်​မြို့၊သင်​၏​ဘု​ရား​သည်​ကာ​လ အ​စဉ်​အ​ဆက်​စိုး​စံ​တော်​မူ​လိမ့်​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။
‌ʻE pule ʻa Sihova ʻo taʻengata, ʻio, ko ho ʻOtua, ʻE Saione, ʻi he ngaahi toʻutangata kotoa pē. Mou fakamālō kia Sihova.

< ဆာလံ 146 >