< ဆာလံ 146 >
1 ၁ ထာဝရဘုရားအားထောမနာပြုလော့။ အို ငါ့ဝိညာဉ်၊ထာဝရဘုရားအားထောမနာ ပြုလော့။
Halelujah. Chval, duše má, Hospodina.
2 ၂ ငါသည်အသက်ရှင်သမျှကာလပတ်လုံး ကိုယ်တော်အားထောမနာပြုမည်။ တစ်သက်ပတ်လုံးငါ၏ဘုရားအားထောမနာ သီချင်းဆိုမည်။
Chváliti budu Hospodina, dokud jsem živ, žalmy zpívati Bohu svému, dokud mne stává.
3 ၃ လူတို့၏ခေါင်းဆောင်များကိုမကိုးစားကြနှင့်။ အဘယ်လူသားမျှသင်တို့ကိုမကယ်တင်နိုင်။
Nedoufejtež v knížatech, v synech lidských, v nichž není vysvobození.
4 ၄ သူတို့သည်သေသောအခါမြေသို့ပြန်ကြရ၍ သူတို့၏အကြံအစည်ပျက်ပြားရကြ၏။
Vychází duch jejich, navracují se do země své, v tentýž den mizejí myšlení jejich.
5 ၅ ယာကုပ်၏ဘုရားသခင်ကူမတော်မူခြင်းကို ခံရသောသူ၊ မိမိ၏ဘုရားသခင်ထာဝရဘုရားကို အားကိုးသောသူသည်မင်္ဂလာရှိ၏။
Blahoslavený ten, jehož spomocník jest Bůh silný Jákobův, jehož naděje jest v Hospodinu Bohu jeho,
6 ၆ ကိုယ်တော်သည်ကောင်းကင်၊ကမ္ဘာမြေကြီး ပင်လယ်နှင့်တကွယင်းတို့တွင်ရှိသမျှသော အရာတို့ကိုဖန်ဆင်းတော်မူ၏။ ကိုယ်တော်သည်သစ္စာတော်ကိုအစဉ်အမြဲ စောင့်တော်မူ၏။
Kterýž učinil nebe, zemi, moře, i vše, což v nich jest, kterýž ostříhá pravdy až na věky,
7 ၇ ကိုယ်တော်သည်ဖိနှိပ်ညှဉ်းဆဲခြင်းခံရသူ တို့အား မျက်နှာသာပေး၍စီရင်ချက်ချမှတ်တော်မူလျက် ငတ်မွတ်သူတို့ကိုကျွေးမွေးတော်မူ၏။ ထာဝရဘုရားသည်အကျဉ်းကျနေသူတို့အား လွတ်မြောက်စေတော်မူ၍
Kterýž činí soud utištěným, dává chléb lačným. Hospodin vysvobozuje vězně.
8 ၈ မျက်မမြင်တို့အားမျက်စိမြင်စေတော်မူ၏။ လဲကျနေသူအပေါင်းတို့ကိုကူမတော်မူ၏။ ကိုယ်တော်သည်ဖြောင့်မတ်သောသူတို့ကို ချစ်တော်မူ၏။
Hospodin otvírá oči slepých, Hospodin pozdvihuje snížených, Hospodin miluje spravedlivé.
9 ၉ ကိုယ်တော်သည်ဣသရေလပြည်တွင်နေ ထိုင်သော တိုင်းတစ်ပါးသားတို့အား ကွယ်ကာစောင့်ရှောက်တော်မူ၍မုဆိုးမနှင့် မိဘမဲ့သူတို့ကိုကူမတော်မူ၏။ သို့ရာတွင်သူယုတ်မာတို့ကိုမူပျက်စီးဆုံးရှုံး စေတော်မူ၏။
Hospodin ostříhá příchozích, sirotku a vdově pomáhá, ale cestu bezbožných podvrací.
10 ၁၀ ထာဝရဘုရားသည်ထာဝစဉ်ဘုရင် ဖြစ်တော်မူလိမ့်မည်။ အို ဇိအုန်မြို့၊သင်၏ဘုရားသည်ကာလ အစဉ်အဆက်စိုးစံတော်မူလိမ့်သတည်း။ ထာဝရဘုရားအားထောမနာပြုကြလော့။
Kralovati bude Hospodin na věky, Bůh tvůj, ó Sione, od národu až do pronárodu. Halelujah.